အစားအစာေတြ ၾကာရွည္ ခံေအာင္ ထည့္သုံးေန ၾကတဲ့ ေဖာ္မလင္ (Formalin) အေၾကာင္း သိေကာင္းစရာ

ေဖာ္မလင္ (Formalin) အေၾကာင္း သိေကာင္းစရာ…ေဒါက္တာ ေဒၚဇင္ဇင္ႏြယ္ ၫႊန္ၾကားေရးမႉး (အၿငိမ္းစား) အစားေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရး ဦးစီးဌာန ႏွင့္ ေတြ႕ဆုံျခင္း

Q. ေဖာ္မလင္အေၾကာင္း သိပါ ရေစ ဆရာမ။

A. ေဖာ္မလင္ဆိုတာ အေရာင္ အဆင္းမရွိ၊ အနံ႔ျပင္းတဲ့ ဓာတုပစၥည္း တစ္မ်ိဳးျဖစ္ပါတယ္။ ေဖာ္မယ္ဒီဟိုက္ (formaldehyde)၊ မက္သေနာ (methanol)၊ ေရ (water)စုေပါင္းထားတဲ့ အေရာအေႏွာတစ္ခုျဖစ္ၿပီး ေဖာ္မလင္အရည္မွာ ေဖာ္မယ္ဒီဟိုက္ ၃၇ ရာခိုင္ႏႈန္း ပါဝင္ပါတယ္။

Q.. ေဖာ္မလင္ကို သဘာဝအားျဖင့္ ဘယ္လို ေနရာေတြမွာ အသုံးျပဳေလ့ရွိပါသလဲ ဆရာမ။

A. ေဖာ္မလင္ကို အဓိကအားျဖင့္ လူေသေတြကို ၾကာရွည္ခံေအာင္ စိမ္တဲ့ေနရာမွာ သုံးပါတယ္။ ၿပီးေတာ့- ပိုးသတ္ရာမွာ သုံးပါတယ္၊ ၾကမ္းခင္းေတြ၊ အဝတ္အစားေတြ၊ သေဘာေတၤြနဲ႔ သိုေလွာင္႐ုံေတြကို သန႔္ရွင္းေရးျပဳလုပ္ရာမွာ အသုံးျပဳပါတယ္။ အင္းဆက္ပိုးေတြ၊ ယင္ေကာင္ေတြ ႏွိမ္နင္းရာမွာသုံးပါတယ္။ ပိုးခ်ည္၊ ဆိုးေဆး ၊မွန္နဲ႔ ေဖာက္ကြဲပစၥည္းေတြ ျပဳလုပ္ရာမွာ သုံးပါတယ္။ဓာတ္ေျမၾသဇာနဲ႔ ေရေမႊးျပဳလုပ္ရာမွာ သုံးပါတယ္။ အလွကုန္ပစၥည္းေတြ တာရွည္ခံေအာင္ ျပဳလုပ္ရာမွာ သုံးပါတယ္။ လွ်ပ္ကာပစၥည္းေတြ ျပဳလုပ္ရာမွာ သုံးပါတယ္။ အထပ္သားေတြ ကပ္ရာမွာ သုံးပါတယ္…

Q. အခုအခါမွာ ေဖာ္မလင္ကို အစားအေသာက္ ေတြမွာတာရွည္ ခံေအာင္ သုံးေနၾကတယ္လို႔ ၾကားသိရပါတယ္။ အဲဒါနဲ႔ ပတ္သက္ၿပီး ရွင္းျပေပးပါ ဆရာမ…..?

A. ေဖာ္မလင္ကို အစားအေသာက္ေတြမွာ တာရွည္ခံပစၥည္းအျဖစ္ အသုံး မျပဳရပါ။ ေဖာ္မလင္ကိုတာရွည္ခံပစၥည္းအျဖစ္ လြဲမွားစြာအသုံးျပဳတတ္တဲ့ အစားအေသာက္ေတြကေတာ့- အသား၊ ငါး၊ Seafood ေခၚ ပင္လယ္စာေတြ၊ ဟင္းသီးဟင္း႐ြက္ေတြ ပန္းသီး၊ လိေမၼာ္သီး စတဲ့ အသီးအႏွံေတြ၊Tofu/ ပဲျပား၊ ပဲေသြး၊ မုန႔္ဟင္းခါးဖတ္ စတာေတြ ျဖစ္ပါတယ္….

Q. ေဖာ္မလင္ပါတဲ့ အစားအေသာက္ေတြကို စားသုံးမိရင္ ဘယ္လိုက်န္းမာေရးျပႆနာေတြ ျဖစ္တတ္ ပါသလဲ ဆရာမ။

A. ေဖာ္မလင္ပါတဲ့ အစားအေသာက္ ကို စားသုံးမိတာေၾကာင့္ ဗိုက္နာျခင္း၊ ပ်ိဳ႕အန္ျခင္း၊ ဝမ္းသြားျခင္း၊ သတိလစ္ေမ့ေျမာျခင္းနဲ႔ အခန႔္မသင့္ရင္ ေသဆုံးတဲ့အထိ ျဖစ္ႏိုင္ပါတယ္…

ေဖာ္မလင္ပါတဲ့ အစားအေသာက္ကိုေရရွည္ စားသုံးမိတာေၾကာင့္…. ေက်ာက္ကပ္၊ အသည္းအစာအိမ္၊အဆုတ္တို႔ ပ်က္စီးျခင္း၊ ေနာင္တစ္ခ်ိန္မွာ ကင္ဆာေရာဂါျဖစ္ပြားျခင္း၊ အသည္းေျခာက္ျခင္း၊ အသည္းကင္ဆာ၊ ေသြးအားနည္းျခင္း၊ ေသြးကင္ဆာတို႔ ျဖစ္ႏိုင္ၿပီး အထူးသျဖင့္ ကိုယ္ဝန္ေဆာင္နဲ႔ ေမြးကင္းစကေလးေတြမွာ ဆိုး႐ြားစြာ ထိခိုက္ေစႏိုင္ပါတယ္။ ေဖာ္မလင္ျပႆနာက ျမန္မာတစ္ႏိုင္ငံတည္းမဟုတ္ဘဲ တ႐ုတ္၊ ဗီယက္နမ္၊ ဘဂၤလား ေဒ့ရွ္၊ ထိုင္း၊ အင္ဒိုနီးရွား၊ ေဟာင္ေကာင္စတဲ့ႏိုင္ငံေတြမွာလည္း ရွိေနတဲ့အတြက္ ဥပေဒထုတ္ျပန္ၿပီး အေရးယူေနၾကတာ ေတြ႕ရပါတယ္…

Q. အစားအေသာက္ေတြမွာ ေဖာ္မလင္ ပါ၊ မပါ ဘယ္လို သိႏိုင္မလဲ ဆရာမ…?

A. ငါးဆိုရင္ ေဖာ္မလင္ပါတဲ့အခါ အသားက ရာဘာလို မာမာေတာင့္ေတာင့္ျဖစ္ေနမယ္၊ အေၾကးခြံကမာေနမယ္၊ ငါးညႇီနံ႔မရဘူး၊ယင္မနားဘူး။ပင္လယ္စာဆိုရင္ရာဘာလိုမာၿပီး ျဖဴေနမယ္၊ အနံ႔မရွိဘူး။ ကင္းမြန္ဆိုရင္ အရမ္းမာၿပီး ဓားနဲ႔ျဖတ္မွ ျပတ္ႏိုင္တယ္။ Tofu/ပဲျပားဆိုရင္ေပ်ာ့မေနဘဲ မာမာတင္းတင္းျဖစ္ေနမယ္။ ၂၄ နာရီ ေက်ာ္ရင္လည္း မပ်က္စီးဘူး။ မုန႔္ဟင္းခါးဖတ္ဆိုရင္ ေပ်ာ့ေျပာင္းမေနဘဲ အီလက္စတစ္ (Elastic) လို ျဖစ္ေနမယ္။ ေရေႏြးထဲထည့္ရင္ ေဆးနံ႔လိုလို၊ ျပာ(Ash) နံ႔လိုလို ရေနမယ္…

Q. စားသုံးတဲ့ျပည္သူေတြကို ဒါနဲ႔ပတ္သက္ၿပီး ဘယ္လိုအႀကံျပဳခ်က္ေတြကို ေပးလိုပါသလဲ ဆရာမ…?

A. ေဖာ္မယ္ဒီဟိုက္ (Formadehyde) က ေရမွာ ေပ်ာ္ဝင္ၿပီး အပူေပးရင္ အေငြ႕ျပန္ ေပ်ာက္ကြယ္ႏိုင္တာေၾကာင့္ အသီးေတြကို မစားခင္ တစ္နာရီခန႔္ ေရစိမ္ထားပါ။အသီးအ႐ြက္ေတြကို မခ်က္ျပဳတ္ခင္ ဆားေရနဲ႔ အခ်ိန္ ၁၀ မိနစ္ခန႔္ စိမ္ၿပီးမွ ခ်က္ပါ။ ငါးဆိုရင္ ဆားေရထဲမွာတစ္နာရီ စိမ္ထား ရင္ ေဖာ္မလင္ ၉၀ ရာခိုင္ႏႈန္းကို ဖယ္ႏိုင္တယ္၊ ရွလကာရည္ ၉၀ ရာခိုင္ႏႈန္း (Vinegar 90%)ပါတဲ့ ေရထဲမွာ စိမ္ရင္ေတာ့ ေဖာ္မလင္ကို ၁၀၀ ရာခိုင္ႏႈန္း ဖယ္ႏိုင္တယ္လို႔ ဆိုပါတယ္…

Credit Healthy Life Journal

unicode

အစားအစာတွေ ကြာရှည် ခံအောင် ထည့်သုံးနေ ကြတဲ့ ဖော်မလင် (Formalin) အကြောင်း သိကောင်းစရာ

ဖော်မလင် (Formalin) အကြောင်း သိကောင်းစရာ…ဒေါက်တာ ဒေါ်ဇင်ဇင်နွယ် ညွှန်ကြားရေးမှူး (အငြိမ်းစား) အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန နှင့် တွေ့ဆုံခြင်း

Q. ဖော်မလင်အကြောင်း သိပါ ရစေ ဆရာမ။

A. ဖော်မလင်ဆိုတာ အရောင် အဆင်းမရှိ၊ အနံ့ပြင်းတဲ့ ဓာတုပစ္စည်း တစ်မျိုးဖြစ်ပါတယ်။ ဖော်မယ်ဒီဟိုက် (formaldehyde)၊ မက်သနော (methanol)၊ ရေ (water)စုပေါင်းထားတဲ့ အရောအနှောတစ်ခုဖြစ်ပြီး ဖော်မလင်အရည်မှာ ဖော်မယ်ဒီဟိုက် ၃၇ ရာခိုင်နှုန်း ပါဝင်ပါတယ်။

Q.. ဖော်မလင်ကို သဘာဝအားဖြင့် ဘယ်လို နေရာတွေမှာ အသုံးပြုလေ့ရှိပါသလဲ ဆရာမ။

A. ဖော်မလင်ကို အဓိကအားဖြင့် လူသေတွေကို ကြာရှည်ခံအောင် စိမ်တဲ့နေရာမှာ သုံးပါတယ်။ ပြီးတော့- ပိုးသတ်ရာမှာ သုံးပါတယ်၊ ကြမ်းခင်းတွေ၊ အဝတ်အစားတွေ၊ သဘောင်္တွေနဲ့ သိုလှောင်ရုံတွေကို သန့်ရှင်းရေးပြုလုပ်ရာမှာ အသုံးပြုပါတယ်။ အင်းဆက်ပိုးတွေ၊ ယင်ကောင်တွေ နှိမ်နင်းရာမှာသုံးပါတယ်။ ပိုးချည်၊ ဆိုးဆေး ၊မှန်နဲ့ ဖောက်ကွဲပစ္စည်းတွေ ပြုလုပ်ရာမှာ သုံးပါတယ်။ဓာတ်မြေသြဇာနဲ့ ရေမွှေးပြုလုပ်ရာမှာ သုံးပါတယ်။ အလှကုန်ပစ္စည်းတွေ တာရှည်ခံအောင် ပြုလုပ်ရာမှာ သုံးပါတယ်။ လျှပ်ကာပစ္စည်းတွေ ပြုလုပ်ရာမှာ သုံးပါတယ်။ အထပ်သားတွေ ကပ်ရာမှာ သုံးပါတယ်…

Q. အခုအခါမှာ ဖော်မလင်ကို အစားအသောက် တွေမှာတာရှည် ခံအောင် သုံးနေကြတယ်လို့ ကြားသိရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါ ဆရာမ…..?

A. ဖော်မလင်ကို အစားအသောက်တွေမှာ တာရှည်ခံပစ္စည်းအဖြစ် အသုံး မပြုရပါ။ ဖော်မလင်ကိုတာရှည်ခံပစ္စည်းအဖြစ် လွဲမှားစွာအသုံးပြုတတ်တဲ့ အစားအသောက်တွေကတော့- အသား၊ ငါး၊ Seafood ခေါ် ပင်လယ်စာတွေ၊ ဟင်းသီးဟင်းရွက်တွေ ပန်းသီး၊ လိမ္မော်သီး စတဲ့ အသီးအနှံတွေ၊Tofu/ ပဲပြား၊ ပဲသွေး၊ မုန့်ဟင်းခါးဖတ် စတာတွေ ဖြစ်ပါတယ်….

Q. ဖော်မလင်ပါတဲ့ အစားအသောက်တွေကို စားသုံးမိရင် ဘယ်လိုကျန်းမာရေးပြဿနာတွေ ဖြစ်တတ် ပါသလဲ ဆရာမ။

A. ဖော်မလင်ပါတဲ့ အစားအသောက် ကို စားသုံးမိတာကြောင့် ဗိုက်နာခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းသွားခြင်း၊ သတိလစ်မေ့မြောခြင်းနဲ့ အခန့်မသင့်ရင် သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်…

ဖော်မလင်ပါတဲ့ အစားအသောက်ကိုရေရှည် စားသုံးမိတာကြောင့်…. ကျောက်ကပ်၊ အသည်းအစာအိမ်၊အဆုတ်တို့ ပျက်စီးခြင်း၊ နောင်တစ်ချိန်မှာ ကင်ဆာရောဂါဖြစ်ပွားခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာ၊ သွေးအားနည်းခြင်း၊ သွေးကင်ဆာတို့ ဖြစ်နိုင်ပြီး အထူးသဖြင့် ကိုယ်ဝန်ဆောင်နဲ့ မွေးကင်းစကလေးတွေမှာ ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ ဖော်မလင်ပြဿနာက မြန်မာတစ်နိုင်ငံတည်းမဟုတ်ဘဲ တရုတ်၊ ဗီယက်နမ်၊ ဘင်္ဂလား ဒေ့ရှ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဟောင်ကောင်စတဲ့နိုင်ငံတွေမှာလည်း ရှိနေတဲ့အတွက် ဥပဒေထုတ်ပြန်ပြီး အရေးယူနေကြတာ တွေ့ရပါတယ်…

Q. အစားအသောက်တွေမှာ ဖော်မလင် ပါ၊ မပါ ဘယ်လို သိနိုင်မလဲ ဆရာမ…?

A. ငါးဆိုရင် ဖော်မလင်ပါတဲ့အခါ အသားက ရာဘာလို မာမာတောင့်တောင့်ဖြစ်နေမယ်၊ အကြေးခွံကမာနေမယ်၊ ငါးညှီနံ့မရဘူး၊ယင်မနားဘူး။ပင်လယ်စာဆိုရင်ရာဘာလိုမာပြီး ဖြူနေမယ်၊ အနံ့မရှိဘူး။ ကင်းမွန်ဆိုရင် အရမ်းမာပြီး ဓားနဲ့ဖြတ်မှ ပြတ်နိုင်တယ်။ Tofu/ပဲပြားဆိုရင်ပျော့မနေဘဲ မာမာတင်းတင်းဖြစ်နေမယ်။ ၂၄ နာရီ ကျော်ရင်လည်း မပျက်စီးဘူး။ မုန့်ဟင်းခါးဖတ်ဆိုရင် ပျော့ပြောင်းမနေဘဲ အီလက်စတစ် (Elastic) လို ဖြစ်နေမယ်။ ရေနွေးထဲထည့်ရင် ဆေးနံ့လိုလို၊ ပြာ(Ash) နံ့လိုလို ရနေမယ်…

Q. စားသုံးတဲ့ပြည်သူတွေကို ဒါနဲ့ပတ်သက်ပြီး ဘယ်လိုအကြံပြုချက်တွေကို ပေးလိုပါသလဲ ဆရာမ…?

A. ဖော်မယ်ဒီဟိုက် (Formadehyde) က ရေမှာ ပျော်ဝင်ပြီး အပူပေးရင် အငွေ့ပြန် ပျောက်ကွယ်နိုင်တာကြောင့် အသီးတွေကို မစားခင် တစ်နာရီခန့် ရေစိမ်ထားပါ။အသီးအရွက်တွေကို မချက်ပြုတ်ခင် ဆားရေနဲ့ အချိန် ၁၀ မိနစ်ခန့် စိမ်ပြီးမှ ချက်ပါ။ ငါးဆိုရင် ဆားရေထဲမှာတစ်နာရီ စိမ်ထား ရင် ဖော်မလင် ၉၀ ရာခိုင်နှုန်းကို ဖယ်နိုင်တယ်၊ ရှလကာရည် ၉၀ ရာခိုင်နှုန်း (Vinegar 90%)ပါတဲ့ ရေထဲမှာ စိမ်ရင်တော့ ဖော်မလင်ကို ၁၀၀ ရာခိုင်နှုန်း ဖယ်နိုင်တယ်လို့ ဆိုပါတယ်…

Credit Healthy Life Journal

Add a Comment

Your email address will not be published. Required fields are marked *

3 + four =