ဒိုက်ထိုးခြင်း (၂၅) ရက် ပါဝင်ရ မည့် အားကစားပြု လုပ် ရန် မတ်မတ်သင်ဇာ က ဗီဒီယိုလေး နဲ့ ဖိတ်ခေါ်
unicode
ဒိုက်ထိုးခြင်း Challenge လုပ်သူ သည် ‌နေ့တိုင်း မတူညီသည့် အနည်းဆုံးလူ တစ်ဦးအား အမည်ခေါ်၍ ထပ်ဆင့် ဖိတ်ခေါ်ပေးရမည် ဖြစ် သည်။ဤပညာပေးလှုပ်ရှား လုပ်ဆောင်မှုဖြင့် ပြည်သူလူထု အများအပြားဆီသို့ ရောက်ရှိစေရန် နှင့် စိတ်ရောဂါခံစားနေရ သူများအတွက် ဤအထောက်အကူပြုသည့် အစီအစဉ်ကို တဆင့်ချင်း ဖြန့်ချီလုပ်ဆောင် သွားကြပါစို့။ဤ Challenge သည် မိမိရော ပတ်ဝန်းကျင်ရှိ လူ သားများအတွက်ပါ PTSD ရောဂါမှသက်သာစေရန်နှင့် ကျန်မာရေးအထောက်အကူပြုစေရန်စသည့် အကျိုးကျေးဇူးများရရှိစေမည်ဟု ‌ယုံကြည်ပါသဖြင့် ပူပေါင်းပါဝင်ကစားကြစေဖို့ ဖိတ်‌ ခေါ်ပါသည်။
Bro Win Thuya Hlaing နှင့် bro lay Aung San Chit က သူတို့ပါဝင်နေတဲ့ Push ups challenge မှာ ပါဝင်ရန် အတွက် ဖိတ်ခေါ် ကမ်းလှမ်းမှုအား လက်ခံ အပြီး ယနေ့ ၂မြောက်နေ့ အဖြစ် စတင်လုပ်ဆောင်ပါပြီ။ (၂၅)ကြိမ် ဒိုက်ထိုးခြင်းကို (၂၅)ရက်ပါဝင်ရမည့် အားက စား လှုပ်ရှားမှု ဖြစ်ပါတယ်။ မိမိကိုယ်တိုင်လည်း ပါဝင်ကစား ရန် ကတိပြုထားသည် ဖြစ်ပြီး ဒိုက်ထိုးခြင်း (၂၅)ကြိမ်အား (၂၅)ရက်တိတိကို ရအောင် လုပ်ပါမယ်။မိတ်ဆွေ သူငယ်ချင်း မိသားစုများထဲမှ ယခု push ups challenge မှာ ပါဝင်ရန်အတွက် သင်ဇာ့ရဲ့ makeup artist ကိုသူရိန်ဝင်း ခေါ် Thu Thu Aung ကို ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။
Traumatic Stress Disorder ဟုခေါ်သည့် ကြောက်လန့်ဖွယ်ရာ၊ အလွန်အမင်းစိတ်ဆင်းရဲစရာ တစ်ခုခုကြောင့် အိမ်မက်ဆိုးများနှင့် ပြင်း ထန်သော စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာပြီး ၎င်းအခြေအနေကိုမထိမ်းချုပ်နိုင်ပဲ ဖြစ်ပေါ်လာသည့် စိတ်ဒဏ်ရာ လွန် စိတ်ဖိစီးမှုရောဂါ PTSDအား အသိပေးလှုံ့ဆော်မှုများ မြှင့်တင်ရန်အတွက် လုပ်ဆောင်သော Challenge ဖြစ်သည့်အတွက် ပါဝင်ရန် လက်ခံထားခြင်း ဖြစ်ပါ တယ်။ပါဝင်ကစားရန် စည်းမျဉ်းကတော့ ဖိတ်ခေါ်မှုစတင်လက်ခံရရှိသည့် နောက်နေ့မှစ၍ တစ်နေ့လျှင် ၂၅ ကြိမ်ဖြင့် ၂၅ ရက် ဒိုက်ထိုးရ မည် ဖြစ်ပါသည်။(လက်သီး သို့မဟုတ် လက်ဝါး အဆင်ပြေသလို သုံးနိုင်ပါသည်။)
ထိုသို့ဒိုက်ထိုခြင်းကို စတင်သည့်နေ့မှ (၂၅)ရက်‌မြောက်‌နေ့အထိ နေ့စဉ်မှတ်တမ်းတင်ထားခြင်းပြုလုပ်ရပါမည်။(ဒိုက်ထိုးရန် ခက်ခဲလာပါ က ဒူးကိုထောက်၍ ထိုးနိုင်ပါသည်။) ( သူငယ်ချင်း မိတ်ဆွေများလည်း ပါဝင်လှုပ်ရှားကြဖို့ ဖိတ်ခေါ်အပ်ပါသည်။)
REF: Thinzar Wint Kyaw facebook
Add a Comment
Your email address will not be published. Required fields are marked *
thirteen + 6 =