ချစ်ရ မှာကြောက်လို့ အပျိုကြီး လုပ်သင့် မလုပ်သင့် ပရိသတ်ကို အကြံတောင်း လိုက်တဲ့ မေပန်းချီ

ချစ်ရ မှာကြောက်လို့ အပျိုကြီး လုပ်သင့် မလုပ်သင့် ပရိသတ်ကို အကြံတောင်း လိုက်တဲ့ မေပန်းချီ

သူမကိုယ်သူမ တစ်တုတ်လေး ကို အမြဲသုံးနှုန်း တတ်တဲ့ မေပန်းချီတစ်ယောက် ကတော့ သူမရဲ့လှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်း အလှတွေ နဲ့ သရုပ်ဆောင် ပီပြင်မှုတွေကြောင့် အောင်မြင်နေတဲ့အနုပညာရှင် တစ်ယောက်ပါ ။ ပရိသတ်အချစ်တော် မေပန်းချီကတော့ ခန္ဓာကိုယ်ဖွံဖွံ ထွားထွားလေးနဲ့ ချစ်စရာ အရမ်း ကောင်းတာကြောင့် အကိတ်လေးလို့ ပရိ သတ်တွေကြား ရေပန်းစားနေသူလေး ပဲဖြစ်ပါတယ် ။ သူမဟာ အနုပညာလောက မှာ ရပ် တည်နေ တာအချိန်အတော်ကြာခဲ့ပြီးဖြစ်ပြီး သူမကို အား ပေးချစ်ခင်တဲ့ ပရိသတ်တွေကလည်း အများအပြား ပါပဲ။

တစ်တုတ်လေးကတော့ သူမရဲ့ နေ့စဉ် လှုပ်ရှားမှုပုံရိပ်တွေနဲ့ ခံစားချက်တွေကို လူမှုကွန် ရက်စာမျက်နှာထက်ကနေတဆင့် ပရိသတ်တွေ ကို အမြဲလိုလို မျှဝေပေးနေတဲ့ အနုပညာ ရှင်တစ်ယောက်ပါ ။ လတ်တလောမှာတော့ အချစ် နဲ့ ပတ်သတ်ပြီးလေ့လာရဦးမယ် ချစ် ရမှာကြောက်လို့ အပျိုကြီး လုပ်သင့် မလုပ်သင့် အကြံပေးပါ ဆိုတဲ့စာသားလေးနဲ့အတူ မြန်မာဆန်ဆန် ပုံရိပ်လေးအချို့ကိုပရိသတ်တွေ ကိုမျှဝေပေး လာခဲ့ပါတယ်

သူမကိုအကြံပေးကြတဲ့ ပရိသတ်တွေ ထဲမှာ အပျိုကြီး လုပ်သင့်တယ်လို့ ပြောတဲ့ ပရိသတ် တွေ က မဲသာနေတယ်လို့လည်း သူမကရေးသား ထားပါသေးတယ် ။ မေပန်းချီကိုချစ်တဲ့ Cele Gabar ပရိသတ်ကြီးရော တစ်တုတ်လေးကို အပျိုကြီးဖြစ်စေချင်ကြလား မှတ်ချက်ပေး ခဲ့ပါဦးနော် ..။

Source : May panche
Emily ( Cele Gabar),Reference&Credit:Celegabar.com