




unicode

အမြဲမိမိုက်နေလေ့ရှိပြီး အထာကျကျ ပုံလေးတွေကို တင်ပေး လာတဲ့ ဝါဆိုမိုးဦး

ပရိသတ်ကြီးရေ….ကလေးသရုပ်ဆောင် ဘဝတည်းက အနုပညာလောကထဲစတင်ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးလက်ခံတဲ့မင်းသမီးချောလေး ဝါဆိုမိုးဦးကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ ကျစ်လျစ်လှပပြီး ပြည့်တင်းလှပတဲ့ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ပုရိသတွေသာမက မိန်းကလေးချင်းပါကြွေရတဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။ ဝါဆိုမိုးဦးဟာ အနုပညာလှုပ်ရှားမှုတွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပြီး သီချင်းလေးတွေကို သီဆိုတတ်ပါသေးတယ်နော်။

ဝါဆိုမိုးဦးဟာ Snareအဖွဲ့ဝင်အဆိုတော် ဖြိုးလေးနဲ့လည်း ပရိတ်သတ်တွေအားကျချစ်ခင်ရတဲ့relationshipကိုတည်ထောင်ထားတာဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိရှိနဲ့လက်တွဲနေကြတာဖြစ်ပါတယ်။ ဝါဆိုမိုးဦးဟာ ခန္ဓာကိုယ်အချိုးအစားနဲ့ပက်သက်ပြီးတော့လည်း အမြဲလိုလိုဂရုစိုက်နေလေ့ရှိပြီး သူမရဲ့ ကျစ်လျစ်လှပတဲ့ ဘော်ဒီအမိုက်စားလေးပေါ်လွင်အောင်လည်း ဖက်ရှင်ဒီဇိုင်းတွေကို ထိမိနေအောင်၀တ်လေ့ရှိတဲ့သူလည်းဖြစ်ပါတယ်။

မကြာသေးမီကလည်း ဝါဆိုမိုးဦးဟာသူမ ရဲ့ Facebookစာမျက်နှာမှာ “ခရီးတွေမင်းလေးနဲ့ အတူ သွားချင်နေပြီကွာ” ဆိုတဲ့ captionလေးနဲ့ သူမရဲ့ အထာကျနေတဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။ ဝါဆိုမိုးဦးဟာ ရုပ်ရည်ရော ခန္ဓာကိုယ်အချိုးအစားမှာပါ အပြစ်ပြောစရာမရှိအောင်ကို ချောမော လှပတဲ့သူလေးပါနော်။ ကဲ…..ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source-Warso Moe Oo’s Facebook acc

Add a Comment

Your email address will not be published. Required fields are marked *

10 − 1 =