ဝူဟန် ဓာတ်ခွဲခန်း မှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး နမူနာသုံးခု ရှိနေကြောင်း တရုတ် မှ ထုတ်ပြန်

ဝူဟန် ဓာတ်ခွဲခန်း မှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး နမူနာသုံးခု ရှိနေကြောင်း တရုတ်မှ ထုတ်ပြန်

Covid19 ရောဂါ ပထမဆုံး စတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့မှာရှိတဲ့ ဗိုင်းရပ်စ် ပိုးဆိုင်ရာဌာနမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး နမူနာတွေ ရှိနေသော်လည်း လက်ရှိ ကမ္ဘာတစ်ဝန်းမှာဖြစ်ပေါ်နေတဲ့ ရောဂါပိုးအသစ်တွေနဲ့ ကိုက်ညီမှုမရှိကြောင်းကို ၎င်းဌာနရဲ့ ဒါရိုက်တာကပြောကြားလိုက်ပါတယ်။ ဝူဟန်မြို့မှာစတင်ဖြစ်ပွားခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှာ ရှိတဲ့လူပေါင်း သုံးသိန်းလေးသောင်းကျော်ကို အသက် ဆုံးရှုံးစေခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါဟာ လင်းနို့တွေကအစပြုပြီးတော့ လူတွေနဲ့ အခြားနို့တိုက်သတ္တဝါတွေကိုကူးစက်နိုင်တယ်လို့ သိပ္ပံပညာရှင်များက သုံးသပ်နေကြပါတယ်။ ဒါပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နဲ့ အခြား သူတွေပြောဆိုနေကြတဲ့ အဆိုပါ ဗိုင်းရပ်စ်က စက်ရုံမှထွက်ပေါ်လာတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ လုပ်ကြံလီဆယ်ကာ ပြောဆိုခြင်းတွေ ဖြစ်တယ်လို့ ဝူဟန် ရောဂါဗေဒဆိုင်ရာဌာနရဲ့ အကြီးအကဲက ပြည်နယ် ရုပ်သံလွှင့်ဌာန CGTN ကိုပြောကြား ခဲ့ပါတယ်။

“လင်းနို့များမှ ကိုရိုနာ ဗိုင်းရပ်စ်ပိုးအချို့ကို စင်တာက ရရှိထားတယ်” လို့ မေလ ၂၃ရက် စနေနေ့ညက ထုတ်လွှင့် ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ Wang Yanyi ကပြောကြားခဲ့ပါတယ်။ “ယခုအခါမှာ ဗိုင်းရပ်စ်ပိုး မျိုးကွဲသုံးခုရရှိထားပါတယ်။ ဒါပေမယ့် SARS-CoV-2 နဲ့ အမြင့်ဆုံး တူညီမှုကတော့ ၇၉.၈ ရာခိုင်နှုန်းသာ ရှိတယ်” လို့သူမကပြော ပါတယ်။

ပါမောက္ခ Shi Zhengli ဦးဆောင်တဲ့ သုတေသနအဖွဲ့က ကိုရိုနာဗိုင်းရပ်စ်ပိုး နမူနာတွေကို ၂၀၀၄ ခုနှစ်မှ စတင်လေ့လာ ခဲ့ပြီးတော့ လွန်ခဲ့တဲ့ဆယ်စုနှစ် ၂ ခုနီးပါးကအခြားဗိုင်းရပ်စ်ဖြစ်ပွားမှုနောက်ကွယ်မှာရှိတဲ့ SARS ရဲ့အရင်းအမြစ်ရှာဖွေခြင်းအ‌ပေါ်မှာ အာရုံစိုက်ခဲ့ပါတယ်။“SARS-CoV-2 ရဲ့မျိုးရိုး ဗီဇတစ်ခုလုံးက ၈၀ ရာခိုင်နှုန်းပဲ SARS နဲ့ ဆင်တူတာကို ငါတို့သိတယ်။ ဒါဟာ သိသာထင်ရှားတဲ့ခြားနားချက်ပါ “လို့ သူမက ဆိုပါတယ်။ ဒါကြောင့် ပါမောက္ခရှီရဲ့ အရင်သုတေသနမှာ SARS ဗိုင်းရပ်စ်နဲ့ ဆင်တူတဲ့ဗိုင်းရပ်စ်တွေကို သူတို့က ဂရုမစိုက် ခဲ့ပါဘူး။

ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ဗိုင်းရပ်စ်ပိုး ကူးစက် ခံထားရတဲ့ နမူနာတွေကို လက်ခံရရှိခဲ့ကြောင်း ဓာတ်ခွဲခန်းမှပြောကြားခဲ့တယ်။ ဇန်နဝါရီလ ၂ ရက်နေ့မှာ ဗိုင်းရပ်စ်မျိုးရိုးဗီဇအစီအစဉ်ကို ဆုံးဖြတ်ခဲ့ပြီး ရောဂါဖြစ်ပွားစေတဲ့အကြောင်းအချက်အလက်တွေကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) သို့ ဇန်နဝါရီ ၁၁ ရက်နေ့က တင်ပြခဲ့ပါတယ်။ ဝမ်ရီက ဒီဇင်ဘာလမှာ ဓာတ်ခွဲ နမူနာများမရယူမှီ ဗိုင်းရပ်စ် ပိုးကူးစက်ခြင်းကို ဘယ်တုန်းကမှ မတွေ့ဖူးခဲ့ဘူးလို့ ပြောပါတယ်။ “တကယ်တော့ တခြားသူတွေလိုပဲ ဗိုင်းရပ်စ်ရှိနေတယ်ဆိုတာတောင် ကျွန်မတို့ မသိကြပါဘူး” လို့သူမကပြောပါတယ်။ SARS-CoV-2 ရဲ့မျိုးရိုးဗီဇက သူမရဲ့ဓာတ်ခွဲခန်း မှာ အရင်က စုဆောင်းလေ့လာ ခဲ့တဲ့လင်းနို့များ နဲ့ ကိုက်ညီမှုမရှိကြောင်း အမေရိကန်သိပ္ပံပညာရှင်များနဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ရှီကပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရီက အမေရိကန်နိုင်ငံရေး သမားများမှ ရောဂါဖြစ် ပွားစေတဲ့အရင်းအမြစ်များနဲ့ ပတ်သက်တဲ့ကောလာဟလ‌တွေ ကို လိမ်လည်ဖြန့်‌ဝေရန် နဲ့ တရုတ်အား ဂုဏ်သိက္ခာရှိရှိပြောဆိုရန် အားထုတ်မှုများကို တနင်္ဂနွေနေ့ကပြောကြားခဲ့ပါတယ်။ coronavirus ရဲ့အရင်းအမြစ် ကိုဖော်ထုတ်ရန် တရုတ်က အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမှာ ပွင့်လင်းမြင်သာမှုရှိလိမ့်မယ်လို့ ဝမ်ရီက ပြောကြားခဲ့ပါတယ်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

1 × 3 =