ေဒၚေအာင္ဆန္းစုၾကည္၏ တကၠသိုလ္ရိပ္သာလမ္း ေနအိမ္ၿခံဝင္း အေစာင့္တြင္ COVID-19 ေရာဂါပိုးေတြ႕

ရန္ကုန္တိုင္းေဒသႀကီး၊ ဗဟန္းၿမိဳ႕နယ္၊ တကၠသိုလ္ရိပ္သာလမ္းရွိ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ ေနအိမ္ၿခံအမွတ္ (၅၄) တြင္ အေစာင့္တာဝန္ယူထားသူ အမ်ိဳးသားတဦး၌ COVID-19 ေရာဂါပိုေတြ႕ရွိေၾကာင္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ေျပာေရးဆိုခြင့္ ရွိသူ ေဒါက္တာမ်ိဳးၫႊန႔္က အတည္ျပဳသည္။

“ကြၽန္ေတာ္တို႔ သိတာကေတာ့ ဦးေဌးက အသက္ ၅၀ ရွိမယ္လို႔ ခန႔္မွန္းပါတယ္။ သူ႔ကိုေတာ့ ၿခံကို ထိန္းသိမ္းေစာင့္ေရွာက္ဖို႔ တာဝန္ေပးထားပါတယ္”ဟု ၎က ေျပာသည္။က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၏ ယေန႔ စက္တင္ဘာ ၆) နံနက္ ၈နာရီခြဲ COVID-19 ထုတ္ျပန္ခ်က္တြင္ ဗဟန္းၿမိဳ႕နယ္ မွ Covid-19 ဓါတ္ခြဲ အတည္ျပဳလူနာ ၂ ဦးပါဝင္လာၿပီး တဦးမွာ တကၠသိုလ္ရိပ္သာလမ္း ၿခံအမွတ္ (၅၄) မွ ျဖစ္သည္။

“ပိုးေတြ႕လူနာကိုေတာ့ ေဖာင္ႀကီး ပို႔ၿပီးေတာ့ ေစာင့္ၾကည့္ ကုသေပးေနပါတယ္။ သူနဲ႔ထိေတြ႕ခဲ့တဲ့ ပုဂၢိဳလ္ေတြကိုေတာ့ (၆) ဦးခန႔္ရွိတယ္လို႔ ၾကားပါတယ္။ သူတို႔ ကို Hotel Quarantine ပို႔ထားတယ္လို႔ သိရပါတယ္” ဟု ေဒါက္တာမ်ိဳးၫႊန႔္ကေျပာသည္။ဦးေဌးသည္ ၎၏ ဇာတိျဖစ္သည့္ေကာ့မႉးသို႔ တခါတရံ ျပန္ေလ့ရွိေသာ္လည္း ၿခံဝင္းအတြင္းသာ အဓိကေနထိုင္သူျဖစ္ေၾကာင္း သိရသည္။

Credit NewsWatch

unicode

ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ခြံဝင်း အစောင့်တွင် COVID-19 ရောဂါပိုးတွေ့

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံအမှတ် (၅၄) တွင် အစောင့်တာဝန်ယူထားသူ အမျိုးသားတဦး၌ COVID-19 ရောဂါပိုတွေ့ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာမျိုးညွှန့်က အတည်ပြုသည်။

“ကျွန်တော်တို့ သိတာကတော့ ဦးဌေးက အသက် ၅၀ ရှိမယ်လို့ ခန့်မှန်းပါတယ်။ သူ့ကိုတော့ ခြံကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ပေးထားပါတယ်”ဟု ၎င်းက ပြောသည်။ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယနေ့ စက်တင်ဘာ ၆) နံနက် ၈နာရီခွဲ COVID-19 ထုတ်ပြန်ချက်တွင် ဗဟန်းမြို့နယ် မှ Covid-19 ဓါတ်ခွဲ အတည်ပြုလူနာ ၂ ဦးပါဝင်လာပြီး တဦးမှာ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄) မှ ဖြစ်သည်။

“ပိုးတွေ့လူနာကိုတော့ ဖောင်ကြီး ပို့ပြီးတော့ စောင့်ကြည့် ကုသပေးနေပါတယ်။ သူနဲ့ထိတွေ့ခဲ့တဲ့ ပုဂ္ဂိုလ်တွေကိုတော့ (၆) ဦးခန့်ရှိတယ်လို့ ကြားပါတယ်။ သူတို့ ကို Hotel Quarantine ပို့ထားတယ်လို့ သိရပါတယ်” ဟု ဒေါက်တာမျိုးညွှန့်ကပြောသည်။ဦးဌေးသည် ၎င်း၏ ဇာတိဖြစ်သည့်ကော့မှူးသို့ တခါတရံ ပြန်လေ့ရှိသော်လည်း ခြံဝင်းအတွင်းသာ အဓိကနေထိုင်သူဖြစ်ကြောင်း သိရသည်။

Credit NewsWatch

Add a Comment

Your email address will not be published. Required fields are marked *

seventeen − 11 =