



Credit Yin Khat Pan

unicode

ရည်းစားဟောင်း G-Fatt နဲ့ ပတ်သတ်တဲ့ အမှတ်တရ ဓာတ်ပုံလေးကို မဖျက်ဘဲ ထားထား လို့ ဝေဖန်ခံ နေရတဲ့ နန်းစုရတီစိုး

ရုပ်​ရှင်​သရုပ်​​ဆောင်​တစ်​​ယောက်​​အ​နေနဲ့သာမက အဆို​တော်​တစ်​ဦး​ အ​နေနဲ့ပါ အနုပညာ​လောကမှာ ရပ်​တည်​​နေသူတစ်​ဦးဖြစ်​တဲ့ နန်းဆုရတီစိုးက​တော့ နှစ်​​တွေ​အလီလီ​ပြောင်းလဲသွား​ပေမယ့် နုနယ်​တဲ့အလှကိုပိုင်​ဆိုင်​ထားတဲ့မင်းသမီး​ချောတစ်​ဦးဖြစ်​ပါတယ်​။အပြုံးချိုချို​လေးနဲ့ ပရိသတ်​ကိုဆွဲ​ဆောင်​နိုင်​တဲ့ နန်းဆုရဲ့ သီချင်း​အေး​အေး​လေး​တွေ ဟာလည်း ပရိသတ်​ရင်​ကို လှုပ်​ခတ်​နိုင်​တာကို အားလုံးသိကြမှာပဲ ဖြစ်​ပါတယ်​။

နန်းဆုရဲ့သီချင်း​လေး​တွေနဲ့ ချစ်​စရာ Music Video ​လေး​တွေဟာ ပရိသတ်​ အား​ပေးမှုများစွာ ရရှိထားတဲ့အ​လျောက်​ သူမရဲ့အချစ်​​ရေးနဲ့ပတ်​သတ်​တဲ့သတင်း​တွေကိုလည်း ပရိသတ်​ကစိတ်​ဝင်​တစား ​စောင့်ကြည့်​နေဆဲပါ။လက်​ရှိမှာ​တော့ နန်းဆုဟာ သူ့ရဲ့ချစ်​သူ​ဟောင်းဖြစ်​တဲ့ G Fatt နဲ့ရိုက်​ကူးထားတဲ့ ဓာတ်​ပုံ​လေးကို သူမရဲ့ pageမှာ မဖျက်​ထားတာ​ကြောင့် ပရိသတ်​များ သို့​လော သို့​လောဖြစ်​​နေကြပါတယ်​။

တချို့ပရိသတ်​​တွေက​တော့ ချစ်​သူ​ဟောင်းနဲ့ ပုံကိုမဖျက်​​သေးတဲ့ အတွက်​ ပြန်​တွဲမှာလားလို့သိချင်​​နေကြပြီး တချို့ကလည်း ချစ်​သူ​ဟောင်းရဲ့ပုံကိုဒီအတိုင်းထားတဲ့အတွက်​ ​ဝေဖန်​​ပြောဆို​နေကြတာပဲဖြစ်​ပါတယ်​။သူတို့၂ဦးဟာ တချိန်​ကလက်​တွဲညီခဲ့ကြတဲ့ မနဲ့​မောင်​စုံတွဲဖြစ်​တဲ့အ​လျောက်​ အား​ပေးတဲ့ပရိသတ်​​တွေလည်း အခိုင်​အမာရရှိခဲ့သူ​တွေပဲ ဖြစ်​ပါတယ်​။ ဒါ့​ကြောင့် သူတို့စုံတွဲကို အား​ပေး​ခဲ့ကြတဲ့ ပရိသတ်​​တွေက​တော့ ပြန်​တွဲဖို့​မျှော်​လင့်​နေကြတာပါ။ဒါ​ပေမဲ့ အခုအချိန်​မှာ​တော့ သူတို့၂ဦးဟာ လမ်းခွဲတာ ကာလတစ်​ခုကြာမြင့်သွားပြီဖြစ်​ပြီး အနုပညာလမ်း​ကြောင်းကို ကိုယ်​စီ​လျှောက်​လှမ်း​နေကြဆဲပဲ ဖြစ်​ပါတယ်​။

Credit Yin Khat Pan

Add a Comment

Your email address will not be published. Required fields are marked *

nine + five =