လက်ရှိနေတဲ့ အိမ်မှာ သရဲခြောက် လှန့်မှုတွေ ရှိနေတာကြောင့် စိတ် မလုံ မခြုံ ဖြစ်နေ ရကြောင်း ဖွင့်ဟပြောဆိုလာ တဲ့ “မော်ဒယ်ရွှေမြင့်မိုရ်”

မမြင်ရတဲ့ တစ်စုံတစ်ယောက် ကိုလည်း ” ပင်ပန်းရတဲ့အထဲ အိပ်ရေးတွေ ပျက်ပါတယ် ကျွန်မနဲ့နေတဲ့ ကလေးကို မနောက်ပါနဲ့ ရှင်ဖြစ်ချင် တာကို ကျွန်မကို အိပ်မက်ပေးပါ ” ဆိုပြီး ရေးသားခဲ့ပါသေးတယ်။ တစ်အိမ်လုံးမြင်ကြပြီး မိုရ်လေးတစ်ယောက်တည်း မမြင်တာဆိုတော့ မိုရ်လေးက ကံမြင့်နေလို့ များလားပဲ။ ပရိသတ်ကြီး ရဲ့ အမြင်လေးတွေလည်း ပြောပေးခဲ့ပါဦး။

သုံးဆယ့်တစ်ဘုံ မှာလည်း မြင်အပ်မမြင်အပ်တွေ ရှိတာကြောင့် ပရလောက ဆိုတာလည်း ကြုံတွေ့လာရတဲ့အခါ စိတ်အားငယ်တတ်သူ တွေအဖို့တော့ အတော်လေးကို သွေးပျက်စေမှာပါ။ မော်ဒယ်ရွှေမြင့်မိုရ်က သူမရဲ့ အခက်အခဲကို ” ကျွန်မခုနေနေတဲ့ တိုက်ခန်းမှာ ကျွန်မက လွဲပြီး ကျန်တဲ့သူတွေ အားလုံး သရဲအခြောက်ခံရသလိုဖြစ်ကြတယ်။ မာမီဘရစ်တနီတို့ သုံသုံတို့ စပြောတုန်းက ကျွန်မကမ ယုံတော့ ကတောက်ကဆတောင်ဖြစ်ခဲ့သေးတယ် ဘုန်းဘုန်းတွေ ပင့်ပြီးဆွမ်းကပ် တာတွေလုပ်ကြသေးတယ် နောက်ပိုင်းမာမီတို့အိမ်ခွဲသွားတယ် ကျွန်မတစ်ယောက် တည်းအခန်းမှာ နေခဲ့တဲ့ရက်တွေ အများကြီးပဲ ဘာမှ မတွေ့ရမကြားရတာ ကျွန်မနဲ့လာနေတဲ့ သူတိုင်း တစ်မျိုး မဟုတ်တစ်မျိုးကြုံကြတယ် ” ဆိုပြီးပြောပြခဲ့ပါတယ်။

အများကအမျှအတန်းဝေဖို့အကြံပေးကြတဲ့ အခါမှာ ပထမ တစ်ခါလည်း အလှူလုပ်ပေးထားတယ် အကုန်လုံးမြင်ကြတယ် နံရံထဲကို ယော က်ျားကြီး တစ်ယောက်ဝင်သွားတယ် ဆိုပြီး ခုလည်း ညီမအခန်းထဲမှာရှိတယ် အိပ်နေတာ အဲ့တာကိုအပြင်မှာအိပ်တဲ့ ညီမလေးက နောက် ဖေးခန်း ကနေ လမ်းလျှောက်ပြီး ညီမ အခန်းထဲကို တဒုန်းဒုန်းနဲ့ ဝင်သွားလို့လန့်ပြီးထအော်တယ် ဆိုပြီး ထပ်ပြော ပြခဲ့ပါသေးတယ်။

Happy – Cele Zone

Photo – Shwe Myint Mo

Add a Comment

Your email address will not be published. Required fields are marked *

19 − seventeen =