တကၠသိုလ္ဝင္တန္း စာေမးပြဲမ်ားက်င္းပမည္ ဆိုတဲ့ သတင္းနဲ႔ ပတ္သက္ၿပီး ဒုၫႊန္ခ်ဳပ္ေျပာၿပီ

​ေက်ာင္းမ်ား ပုံမွန္ ဖြင့္လွစ္ႏိုင္မွသာ ေက်ာင္းသူ ေက်ာင္းသားမ်ား ပုံမွန္ သင္ယူမႈ ျဖစ္ၿပီး စစ္ေဆးတိုင္းတာမႈ စာေမးပြဲမ်ား ေဆာင္႐ြက္ႏိုင္မည္ဟု အေျခခံ ပညာဦးစီးဌာန တာဝန္ရွိသူ ေျပာ၊ ေက်ာင္းပိတ္ထားေသာ္လည္း ဒႆမတန္း စာေမးပြဲ စစ္မည္ ဆိုျခင္းမွာ မဟုတ္ဟု ဆို။ ေက်ာင္းမ်ား ပုံမွန္ ဖြင့္လွစ္ႏိုင္မွသာ ေက်ာင္းသူ ေက်ာင္းသားမ်ား ပုံမွန္ သင္ယူမႈ ျဖစ္ၿပီး စစ္ေဆးတိုင္းတာမႈစာေမးပြဲမ်ား ပုံမွန္ ေဆာင္႐ြက္ႏိုင္မည္ ျဖစ္ေၾကာင္း ပညာေရး ဝန္ႀကီးဌာန၊ အေျခခံ ပညာ ဦးစီးဌာန မွ ဒုတိယ ၫြန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ တင္ေမာင္ဝင္းက ေျပာသည္။

လတ္တေလာတြင္ အေျခခံ ပညာ ေက်ာင္း မ်ားကို ယာယီ ပိတ္ထားေသာ္လည္း ဒႆမတန္း စာေမးပြဲ က်င္းပမည္ဟု သတင္းထြက္ေနျခင္းမွာ မဟုတ္မွန္ေၾကာင္းလည္း ၎က ရွင္းျပသည္။ေက်ာင္းပိတ္ထားသည့္ ကာလ တြင္ ေက်ာင္းသားမ်ား သင္ယူမႈ အဆက္မျပတ္ေစရန္ အတြက္ အခမဲ့ ႐ုပ္ျမင္သံၾကား လိုင္းမ်ား ႏွင့္ ေရဒီယို ကတဆင့္ သင္ၾကားမႈမ်ား လုပ္ရန္ အတြက္လည္း ပညာေရး ဝန္ႀကီး ဌာန က စီစဥ္ေနၿပီး ဝဘ္ဆိုက္မွ တဆင့္ ေလ့လာႏိုင္ရန္ အတြက္ ေဆာင္႐ြက္ရန္ စီစဥ္ေနသည္။“Grade 10 ေတြ 11 ေတြ စာေမးပြဲ ရွိတယ္ ဘာညာ ဆိုတာ မဟုတ္ ပါဘူး။

လုံးဝမဟုတ္ဘူး။ မဟုတ္ဘူး ဆိုတာက စာေမးပြဲ စစ္ေဆးႏိုင္ ဖို႔ ဆိုတာက ေရွ႕မွာ သင္ၾကား၊ သင္ယူမႈ ရွိေနရဦးမယ္။ သင္ၾကား သင္ယူမႈ အေကာင္းဆုံး ျဖစ္ဖို႔ကလည္း ေက်ာင္းက ဖြင့္ရဦးမယ္။ ေက်ာင္းမွ မဖြင့္ႏိုင္ပဲေတာ့ ဒီ သင္ၾကား သင္ယူမႈက အျပည့္အဝ မရႏိုင္ရင္ စာေမးပြဲ ဆိုတာ မျဖစ္ႏိုင္ဘူးေလ။ တကယ္လို႔ ေက်ာင္းေတြ ဖြင့္လာႏိုင္ၿပီ ဆိုရင္ေတာ့ ေနာက္တစ္ပိုင္း ဝိုင္းၿပီး စဥ္းစားမွာေပါ့။ အေရးအႀကီးအဆုံးက ဒီအခ်ိန္မွာ ကိုဗစ္ ကာလ အကုန္လုံး မကူးစက္ေရး အတြက္ အႏၲရာယ္ကင္းေရး အေရးႀကီးတာပဲေလ” ဟု ေဒါက္တာ တင္ေမာင္ဝင္း က ေျပာသည္။

စစ္ေမးပြဲ စစ္ေဆး က်င္းပျခင္းသည္ ေက်ာင္းသူ၊ ေက်ာင္းသား ၏ တတ္ေျမာက္မႈကို ဆန္းစစ္ ေဖာ္ထုတ္ျခင္း ျဖစ္ေၾကာင္း၊ စစ္ေဆးတိုင္းတာမႈ စာေမးပြဲ မတိုင္မီတြင္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား ၏ သင္ယူမႈ ပမာဏ ဦးစြာ ရွိရန္မွာ အေရးအႀကီးဆုံး ျဖစ္ေၾကာင္း ၎က ဆိုသည္။ “စာမသင္ပဲ နဲ႔ သင္ၾကားမႈ မရွိပဲ နဲ႔စစ္ေဆးတိုင္းတာမႈ ဆိုတာ မျဖစ္ႏိုင္ဘူးေလ။ ဆရာတို႔ အခု အြန္လိုင္းက သင္တယ္တို႔ မီဒီယာက သင္တယ္ဆိုတာ ဆိုတာက တဝက္တပ်က္ အစိတ္အပိုင္း တစ္ခုပဲ သင္ယူမႈ ရမွာ။ တကယ့္ Face to face ကေတာ့ အထိ ေရာက္ဆုံးပဲ။ အဲ့ဒီလို သင္မွ ကေလးရဲ႕ သင္ယူမႈ ပို အားေကာင္းမယ္” ဟု ေဒါက္တာ တင္ေမာင္ဝင္းက ထည့္သြင္းေျပာၾကားသည္။

Credit Pyi Myanmar

unicode

တက္ကသိုလ်ဝင်တန်း စာမေးပွဲများကျင်းပမည် ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး ဒုညွှန်ချုပ်ပြောပြီ

​ကျောင်းများ ပုံမှန် ဖွင့်လှစ်နိုင်မှသာ ကျောင်းသူ ကျောင်းသားများ ပုံမှန် သင်ယူမှု ဖြစ်ပြီး စစ်ဆေးတိုင်းတာမှု စာမေးပွဲများ ဆောင်ရွက်နိုင်မည်ဟု အခြေခံ ပညာဦးစီးဌာန တာဝန်ရှိသူ ပြော၊ ကျောင်းပိတ်ထားသော်လည်း ဒဿမတန်း စာမေးပွဲ စစ်မည် ဆိုခြင်းမှာ မဟုတ်ဟု ဆို။ ကျောင်းများ ပုံမှန် ဖွင့်လှစ်နိုင်မှသာ ကျောင်းသူ ကျောင်းသားများ ပုံမှန် သင်ယူမှု ဖြစ်ပြီး စစ်ဆေးတိုင်းတာမှုစာမေးပွဲများ ပုံမှန် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန၊ အခြေခံ ပညာ ဦးစီးဌာန မှ ဒုတိယ ညွန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်းက ပြောသည်။

လတ်တလောတွင် အခြေခံ ပညာ ကျောင်း များကို ယာယီ ပိတ်ထားသော်လည်း ဒဿမတန်း စာမေးပွဲ ကျင်းပမည်ဟု သတင်းထွက်နေခြင်းမှာ မဟုတ်မှန်ကြောင်းလည်း ၎င်းက ရှင်းပြသည်။ကျောင်းပိတ်ထားသည့် ကာလ တွင် ကျောင်းသားများ သင်ယူမှု အဆက်မပြတ်စေရန် အတွက် အခမဲ့ ရုပ်မြင်သံကြား လိုင်းများ နှင့် ရေဒီယို ကတဆင့် သင်ကြားမှုများ လုပ်ရန် အတွက်လည်း ပညာရေး ဝန်ကြီး ဌာန က စီစဉ်နေပြီး ဝဘ်ဆိုက်မှ တဆင့် လေ့လာနိုင်ရန် အတွက် ဆောင်ရွက်ရန် စီစဉ်နေသည်။“Grade 10 တွေ 11 တွေ စာမေးပွဲ ရှိတယ် ဘာညာ ဆိုတာ မဟုတ် ပါဘူး။

လုံးဝမဟုတ်ဘူး။ မဟုတ်ဘူး ဆိုတာက စာမေးပွဲ စစ်ဆေးနိုင် ဖို့ ဆိုတာက ရှေ့မှာ သင်ကြား၊ သင်ယူမှု ရှိနေရဦးမယ်။ သင်ကြား သင်ယူမှု အကောင်းဆုံး ဖြစ်ဖို့ကလည်း ကျောင်းက ဖွင့်ရဦးမယ်။ ကျောင်းမှ မဖွင့်နိုင်ပဲတော့ ဒီ သင်ကြား သင်ယူမှုက အပြည့်အဝ မရနိုင်ရင် စာမေးပွဲ ဆိုတာ မဖြစ်နိုင်ဘူးလေ။ တကယ်လို့ ကျောင်းတွေ ဖွင့်လာနိုင်ပြီ ဆိုရင်တော့ နောက်တစ်ပိုင်း ဝိုင်းပြီး စဉ်းစားမှာပေါ့။ အရေးအကြီးအဆုံးက ဒီအချိန်မှာ ကိုဗစ် ကာလ အကုန်လုံး မကူးစက်ရေး အတွက် အန္တရာယ်ကင်းရေး အရေးကြီးတာပဲလေ” ဟု ဒေါက်တာ တင်မောင်ဝင်း က ပြောသည်။

စစ်မေးပွဲ စစ်ဆေး ကျင်းပခြင်းသည် ကျောင်းသူ၊ ကျောင်းသား ၏ တတ်မြောက်မှုကို ဆန်းစစ် ဖော်ထုတ်ခြင်း ဖြစ်ကြောင်း၊ စစ်ဆေးတိုင်းတာမှု စာမေးပွဲ မတိုင်မီတွင် ကျောင်းသူ၊ ကျောင်းသားများ ၏ သင်ယူမှု ပမာဏ ဦးစွာ ရှိရန်မှာ အရေးအကြီးဆုံး ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “စာမသင်ပဲ နဲ့ သင်ကြားမှု မရှိပဲ နဲ့စစ်ဆေးတိုင်းတာမှု ဆိုတာ မဖြစ်နိုင်ဘူးလေ။ ဆရာတို့ အခု အွန်လိုင်းက သင်တယ်တို့ မီဒီယာက သင်တယ်ဆိုတာ ဆိုတာက တဝက်တပျက် အစိတ်အပိုင်း တစ်ခုပဲ သင်ယူမှု ရမှာ။ တကယ့် Face to face ကတော့ အထိ ရောက်ဆုံးပဲ။ အဲ့ဒီလို သင်မှ ကလေးရဲ့ သင်ယူမှု ပို အားကောင်းမယ်” ဟု ဒေါက်တာ တင်မောင်ဝင်းက ထည့်သွင်းပြောကြားသည်။

Credit Pyi Myanmar

Add a Comment

Your email address will not be published. Required fields are marked *

four × 1 =