မောင်လေးတွေ နဲ့ ဒိတ်တဲ့ မမ တွေ အချစ်ရေး မှာ ပိုပျော်ရွှင် ရဟု စစ်တမ်း တစ်ခု မှာ ဖော်ပြ

စာဖတ်သူ တွေ ထဲ မှာတော့ မောင် လေးတွေ နဲ့ ဒိတ် တဲ့ မမ တွေ၊ မမ တွေနဲ့ ဒိတ် တဲ့ မောင် လေးေ တွ အများကြီးရှိမယ်လို့ ထင်ပါတယ်။အမျိုးသမီး အများစု ကတော့ ကိုယ့်ထက် အသက်ကြီး တဲ့ ယောက်ျား တွေ ကို ပို ပြီး သ ဘောကျ ကြပါတယ်။ အားကိုးမှီခို ချင်တယ်၊ ဆိုးချင် နွဲ့ ချင် တဲ့ ပင်ကိုယ်စိတ် အခံ ရှိသူ တွေ က တော့ မောင် လေး ထက် ကိုကြီးတွေ ကိုပဲ ပို ရွေးချယ်ချင်တဲ့ စိတ် မျိုးရှိ နေ ကြတာပါ။ဒါပေမယ့်လည်း အခု နောက်ပိုင်း မှာတော့ မမ နဲ့ မောင် လေး စုံတွဲတွေ ပိုများလာပါတယ်။လေ့လာ မှု တစ်ခု မှာတော့ ကိုယ့်ထက် အသက်ငယ်တဲ့ မောင် လေး တွေ နဲ့ ဒိတ် တဲ့ အမျိုး သမီးတွေ ဟာ အချစ်ရေးမှာ ပိုပြီး ပျော်ရတယ်လို့ ဖော်ပြ ခဲ့ပါတယ်။ဒီ အကြောင်းကိုတော့ brightside မှာ ဖော်ပြ ထားတာပါ။

ကိုယ့်ထက် အသက် (၁-၃)နှစ် အတွင်းငယ် တဲ့ အမျိုးသား တွေနဲ့ လက်ထပ်ထားတဲ့ အမျိုးသမီးတွေ ဟာ Relati onship မှာ ပိုပြီး ပျော်ရ တယ်လို့ Relationship ရေးရာ ကျွမ်းကျင်သူ တစ်ဦးက ဆိုပါတယ်။ Dr. Lehmiller ဆိုသူ က အမျိုးသမီး (၂၀၀)ကို စစ်တမ်း ကောက် ယူ ခဲ့တာပါ။ သူစစ်တမ်း ကောက်တဲ့ အထဲမှာ တော့ ကိုယ့်ထက် အသက်ကြီးတဲ့ သူနဲ့ တွဲ နေတဲ့ အမျိုးသမီး တွေ ရော၊ ရွယ်တူ တွဲ တဲ့သူတွေ ရော ၊ငယ်တဲ့ သူနဲ့ တွဲ နေတဲ့ အမျိုးသ မီးတွေ ရော အစုံ ပါပါတယ်။အဲ့ဒီ အခါ မှာ တော့ ကိုယ့်ထက် အသက်ငယ် တဲ့ အမျိုးသား တွေနဲ့ တွဲ တဲ့ အမျိုးသမီး တွေ ဟာ Relationship မှာ ပို ပျော်ရွှင်ပြီး စိတ် ကျေနပ်မှု ပို ရတယ်လို့ ဆိုပါတယ်။အသက် (၁၀)နှစ်ဝန်း ကျင် လောက် ငယ်တဲ့ အမျိုးသားတွေ နဲ့ တွဲ နေတဲ့ အမျိုးသမီးတွေ ဆိုရင် ပိုပြီးတော့ တောင် ပျော်ရွှင် ရတယ် ဆိုတဲ့ အချက်ကို တွေ့ ခဲ့ပါတယ်။

ကိုယ့်ထက် အသက်ကြီး တဲ့ အမျိုးသားတွေ၊ ရွယ်တူ လောက် တွေ နဲ့ တွဲ တဲ့ သူ တွေ နဲ့ နှိုင်းယှဉ်ရင် ငယ်တဲ့ သူတွေ နဲ့ တွဲ တဲ့ အမျိုးသမီးတွေ က relationships ကို ပိုပြီး တော့ စိုးမိုးနိုင်တယ်လို့ ခံစားရပါတယ်။ကိုယ့်ထက် ကြီးနဲ့ သူ နဲ့ တွဲရင် ကိုယ်က အစိုးမိုးခံ ဘ၀ ဖြစ် ရ ပေမယ့် ကိုယ့်ထက် ငယ်တဲ့ သူနဲ့ တွဲရရင် ဒီ Relationship မှာ ကိုယ်က ပို အရာ ရောက်တယ် ၊စိုးမိုးခြယ်လှယ်နိုင်တယ်ဆိုတဲ့ စိတ် မျိုး ခံစား ရတာကို တွေ့ ခဲ့ပါတယ်။သု တေသီ တွေ က တော့ အမျိုးသမီးတွေ ဟာ ကိုယ့်ထက် အသက်ငယ်တဲ့ အမျိုးသားနဲ့ ဒိတ် ရရင် စိတ်က ပိုပြီးေ တာ့ သက် သောင့် သက်သာ ရှိတယ်လို့ ခံစားရတာ ရယ်၊သူတို့က ဒီ Relationship မှာ ပိုပြီး အရေးပါ တယ်၊စိုးမိုးနိုင်တယ်လို့ ခံစား ရ တဲ့ အချက်တွေ ကြောင့် ဖြစ်နိုင်တယ်လို့ ကောက်ချက် ချ ခဲ့ ပါတယ်။နောက်တစ်ခု က တော့ Relationship တစ်ခု မှာ အမျိုးသမီး ဘက်က အချစ်ခံ ရတယ်လို့ ခံစားရမယ်၊စိတ် ကျေနပ်မှု အပြည့်အ၀ ရ နေ မယ်ဆိုရင် သူတို့ ဘက် ကလည်း သူတို့ရဲ့ ပါ တနာ ကို ပျော်ရွှင် မှု ပိုပြီး ပေးနိုင်တဲ့ အတွက် နှစ်ဦး နှစ်ဖက် ပိုပြီး ပျော်စရာ တဲ့ Relationship ကို ရ တာ လို့ လည်း သု တေသီေ တွ ကတော့ ကောက်ချက် ချ ခဲ့ပါတယ်။

Credit SHWEMOM

Add a Comment

Your email address will not be published. Required fields are marked *

one × 5 =