



Source: Chit Thu Wai’s fb

unicode

အဝတ်အစား ဘာအရောင်ပဲ ဝတ်ဝတ် အသွေးထဲအသားထဲ ကတော့ အနီပဲ ဆိုတဲ့ ချစ်သုဝေ

နိုင်ငံကျော် အနုပညာရှင်တစ်ယောက် ဖြစ်တဲ့ ချစ်သုဝေကတော့ သူမဝါသနာပါရာ အနုပညာလမ်းမှာ လျှောက်လှမ်းနေသလို စီးပွားရေး၊ လူမှုရေး ကိစ္စတွေမှာလည်း ဦးစီးဦးဆောင်လုပ်နေတဲ့ အမျိုးသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ချစ်သုဝေက လက်ရှိမှာတော့ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားပြီး သူမရဲ့ ခေတ်သစ် ဖောင်ဒေးရှင်းနဲ့အတူတူ Covid – 19 ထိန်းချုပ်ကုသ ကာကွယ်ရေးအတွက် အလှူအတန်းတွေ၊ လိုအပ်တဲ့ ဆေးဝါးပစ္စည်းတွေကို ထောက်ပံ့လှူဒါန်းရင်း အလုပ်တွေ ရှုပ်နေခဲ့တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ချစ်သုဝေကတော့ လာမယ့် (၂၀၂၀) အထွေထွေ ရွေးကောက် ပွဲကြီးအတွက်လည်း ရင်းခုန်စိတ်လှုပ်ရှားနေလျက်ရှိတာကို တွေ့ရပါတယ်။ ဒီကနေ့မှာတော့ ချစ်သုဝေက အစိမ်းရောင် မြန်မာဝတ်စုံလေးနဲ့ သူမရဲ့ ပုံရိပ်လေးကို မျှဝေရင်း “My Blood is red no matter what color i wear” ဆိုပြီး ဘာအရောင်ပဲ ဝတ်ထား ဝတ်ထား အသွေးထဲအသားထဲကတော့ အနီသာဖြစ်ကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။

ချစ်သုဝေကတော့ သူမဝါသနာပါရာ အနုပညာအလုပ်တွေကို မကြာခင် မှာ အရင်အတိုင်း ပြန်လည်လည်ပတ်နိုင်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော ချစ်သုဝေနဲ့ ဆန္ဒချင်းတိုက်ဆိုင်ရဲ့လား ပြောပြခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင် ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Source: Chit Thu Wai’s fb
Bilie – Cele Connections

Add a Comment

Your email address will not be published. Required fields are marked *

four + ten =