မ်က္ႏွာ အကာ (Face shield) အေၾကာင္း သိေကာင္း စရာ

အခု တေလာ Face shield မ်ားကို လူထု အတြင္းယခင္က ထက္ အသုံးျပဳမႈ ပိုမ်ားျပားလာေၾကာင္ သတိျပဳမိသည္။ Face shield ၏ ေကာင္းက်ိဳး ဆိုးက်ိဳး မ်ားကို လက္လွမ္းမီ သေလာက္ တင္ျပလိုက္ ပါသည္။Face shield ၏ ေကာင္းက်ိဳးမွာ- (Face shield တစ္မ်ိဳးတည္း သုံးသည့္ အေျခအေန တြင္) (၁) ဗိုင္းရပ္စ္ ကဲ့သို႔ ေရာဂါပိုးပါေသာ အမႈန္အစက္က မ်က္စိထဲသို႔ တိုက္႐ိုက္ မဝင္ႏိုင္ (မ်တ္ခ်က္။ ။ မ်က္စိမွတဆင့္ corona virus ဝင္ႏိုင္ေခ် အ တိအက် မသိေသး)(၂) ပူအိုက္ေသာ ရာသီတြင္ ႏွာေခါင္းစည္း ေလာ က္ မ်က္ႏွာ ပူအိုက္ျခင္း ကိုမျဖစ္ ေစပါ (၃)တစ္ဦးႏွင့္ တစ္ဦး စကားေျပာရာတြင္ အသံပီသမႈရွိၿပီး အထူးသျဖင့္ စာသင္ ၾကားေရးတြင္မ်ားစြာအေထာက္ အကူျပဳသည္(၄) မ်က္ႏွာကို မိမိလက္ျဖင့္ ႐ုတ္တရက္ ထိေတြ႕ျခင္းမွ အကာအကြယ္ ေပး၍ ကူးစက္မႈကို ေလ်ာ့ပါးေစ သည္။

(၅)ျပင္ပ ကမ္ဘာသို႔ ၿပဳံးျပႏိုင္ သည့္အျပင္ သီခ်င္း သီဆို သူမ်ား အတြက္ အေထာက္ အ ကူျပဳႏိုင္သည္။Face shield ၏ ဆိုးက်ိဳးမွာ –(၁) ႏွာေခါင္းစည္း မတပ္ဘဲ Face shield တစ္မ်ိဳးတည္း သုံးပါက Face shield ေဘးဘက္ႏွင့္ ေအာက္ဘက္ လြတ္ေနေသာ ေနရာမ်ား မွတစ္ဆင့္ ဝင္ေရာက္ လာေသာ ေသးငယ္ေသာ အမႈန္အစက္မ်ား မွတဆင့္ဗိုင္းရပ္စ္ ပိုးမ်ား အသက္ရႈ လမ္းေၾကာင္း တြင္း သို႔ ဝင္ေရာက္ ကူးစက္ႏိုင္သည္။ (၂) တစ္ခါသုံးၿပီးတိုင္း သန႔္ရွင္းေရး လုပ္ရန္လိုၿပီး စနစ္မက်ပါက ေရာဂါကူးစက္ ႏိုင္သည္ (မွတ္ခ်က္။ ။ အေမရိကန္ ျပည္ေထာင္စု ေရာဂါကာကြယ္ ထိန္းခ်ဳပ္ေရး ဗဟိုဠာန (Centre for Disease Control and Prevention) (CDC) က COVID-19 ေရာဂါကာကြယ္ေရး အတြက္ ႏွာေခါင္းစည္း မ်ားတပ္ဆင္ရန္ ေထာက္ခံခ်က္ ေပးထားၿပီး ႏွာေခါင္းစည္းမဝတ္ဘဲ Face shield တစ္မ်ိဳး တည္းကို ဝတ္ဆင္ရန္ ေထာက္ခံခ်က္ ေပးမထားပါ။

သာ ဓက အေနျဖင့္ ဆြတ္ဇာလန္ႏိုင္ ဟိုတယ္ တစ္ခုတြင္ Face shield တစ္မ်ိဳးတည္းကို တပ္ဆင္သူမ်ားတြင္ corona virus ကူးစက္မႈရွိ ေၾကာင္းေတြ႕ရွိရသည္။စာေရးသူ အႀကံျပဳခ်က္မွာ – ႏွာေခါင္းစည္းကိုသာ စနစ္တက် အသုံးျပဳပါ။ အခ်ိန္ႏွင့္ အခါကိုလိုက္ ၍ Face shield တစ္မ်ိဳးတည္း တပ္ပါက တစ္ဦးႏွင့္တစ္ဦး ခပ္ခြာခြာေနပါ အလုံပိတ္ ခန္း မ်ားကိုေရွာင္ပါ။လက္ေဆး ျခင္းကိုလည္း မေမ့ပါႏွင့္။ က်န္ေရာ ဂါကာကြယ္ေရး စည္းကမ္း မ်ားကိုလည္း တိက် စြာလိုက္နာပါ။ ေရာဂါကူးစက္မႈကို အထူးစိုးရိမ္ေသ ာသူမ်ားသည္ အခ်ိန္အခါ ကာလံေဒသံကိုလိုက္၍ ႏွာေခါင္းစည္းေရာFace shield ကိုပါတပ္ဆင္ၾကေၾကာင္းေတြ႕ရွိရပါသည္။ သတိဆိုသည္ ပိုသည္မရွိပါ။

unicode

မျက်နှာ အကာ (Face shield) အကြောင်း သိကောင်း စရာ

အခု တလော Face shield များကို လူထု အတွင်းယခင်က ထက် အသုံးပြုမှု ပိုများပြားလာကြောင် သတိပြုမိသည်။ Face shield ၏ ကောင်းကျိုး ဆိုးကျိုး များကို လက်လှမ်းမီ သလောက် တင်ပြလိုက် ပါသည်။Face shield ၏ ကောင်းကျိုးမှာ- (Face shield တစ်မျိုးတည်း သုံးသည့် အခြေအနေ တွင်) (၁) ဗိုင်းရပ်စ် ကဲ့သို့ ရောဂါပိုးပါသော အမှုန်အစက်က မျက်စိထဲသို့ တိုက်ရိုက် မဝင်နိုင် (မျတ်ချက်။ ။ မျက်စိမှတဆင့် corona virus ဝင်နိုင်ချေ အ တိအကျ မသိသေး)(၂) ပူအိုက်သော ရာသီတွင် နှာခေါင်းစည်း လော က် မျက်နှာ ပူအိုက်ခြင်း ကိုမဖြစ် စေပါ (၃)တစ်ဦးနှင့် တစ်ဦး စကားပြောရာတွင် အသံပီသမှုရှိပြီး အထူးသဖြင့် စာသင် ကြားရေးတွင်များစွာအထောက် အကူပြုသည်(၄) မျက်နှာကို မိမိလက်ဖြင့် ရုတ်တရက် ထိတွေ့ခြင်းမှ အကာအကွယ် ပေး၍ ကူးစက်မှုကို လျော့ပါးစေ သည်။

(၅)ပြင်ပ ကမ်ဘာသို့ ပြုံးပြနိုင် သည့်အပြင် သီချင်း သီဆို သူများ အတွက် အထောက် အ ကူပြုနိုင်သည်။Face shield ၏ ဆိုးကျိုးမှာ –(၁) နှာခေါင်းစည်း မတပ်ဘဲ Face shield တစ်မျိုးတည်း သုံးပါက Face shield ဘေးဘက်နှင့် အောက်ဘက် လွတ်နေသော နေရာများ မှတစ်ဆင့် ဝင်ရောက် လာသော သေးငယ်သော အမှုန်အစက်များ မှတဆင့်ဗိုင်းရပ်စ် ပိုးများ အသက်ရှု လမ်းကြောင်း တွင်း သို့ ဝင်ရောက် ကူးစက်နိုင်သည်။ (၂) တစ်ခါသုံးပြီးတိုင်း သန့်ရှင်းရေး လုပ်ရန်လိုပြီး စနစ်မကျပါက ရောဂါကူးစက် နိုင်သည် (မှတ်ချက်။ ။ အမေရိကန် ပြည်ထောင်စု ရောဂါကာကွယ် ထိန်းချုပ်ရေး ဗဟိုဠာန (Centre for Disease Control and Prevention) (CDC) က COVID-19 ရောဂါကာကွယ်ရေး အတွက် နှာခေါင်းစည်း များတပ်ဆင်ရန် ထောက်ခံချက် ပေးထားပြီး နှာခေါင်းစည်းမဝတ်ဘဲ Face shield တစ်မျိုး တည်းကို ဝတ်ဆင်ရန် ထောက်ခံချက် ပေးမထားပါ။

သာ ဓက အနေဖြင့် ဆွတ်ဇာလန်နိုင် ဟိုတယ် တစ်ခုတွင် Face shield တစ်မျိုးတည်းကို တပ်ဆင်သူများတွင် corona virus ကူးစက်မှုရှိ ကြောင်းတွေ့ရှိရသည်။စာရေးသူ အကြံပြုချက်မှာ – နှာခေါင်းစည်းကိုသာ စနစ်တကျ အသုံးပြုပါ။ အချိန်နှင့် အခါကိုလိုက် ၍ Face shield တစ်မျိုးတည်း တပ်ပါက တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေပါ အလုံပိတ် ခန်း များကိုရှောင်ပါ။လက်ဆေး ခြင်းကိုလည်း မမေ့ပါနှင့်။ ကျန်ရော ဂါကာကွယ်ရေး စည်းကမ်း များကိုလည်း တိကျ စွာလိုက်နာပါ။ ရောဂါကူးစက်မှုကို အထူးစိုးရိမ်သေ ာသူများသည် အချိန်အခါ ကာလံဒေသံကိုလိုက်၍ နှာခေါင်းစည်းရောFace shield ကိုပါတပ်ဆင်ကြကြောင်းတွေ့ရှိရပါသည်။ သတိဆိုသည် ပိုသည်မရှိပါ။

Add a Comment

Your email address will not be published. Required fields are marked *

12 + thirteen =