ကိုယ္တိုင္က ဉာဏ္နည္းခဲ့တဲ့ အတြက္ တရားဓမၼေတြ ကို ပိုၿပီးအခ်ိန္ေပး လုပ္ျဖစ္တယ္ဆိုတဲ့ “ခ်မ္းမီမီကို”

ပရိသတ္ႀကီးေရ ေမာ္ဒယ္သ႐ုပ္ေဆာင္ ခ်မ္းမီမီကို ဟာ အိမ္ေထာင္ မျပဳခင္အခ်ိန္ထိ ဇာတ္ကားေပါင္းမ်ားစြာ ႐ိုက္ကူးခဲ့ၿပီး ပရိသတ္ခ်စ္ခင္အားေပးမႈေတြရရွိခဲ့တာပါ။ အိမ္ေထာင္က်ၿပီးေနာက္မွာေတာ့ အႏုပညာအလုပ္ေတြကိုရပ္နားခဲ့ၿပီး ပရိသတ္နဲ႔ႏွစ္ေပါင္းမ်ားစြာ အလွမ္းေဝးသြားခဲ့တာပဲ ျဖစ္ပါတယ္ ။

လတ္တေလာမွာေတာ့ ခ်မ္းမီမီကို တစ္ေယာက္ သူမရဲ႕ေဖ့ဘုတ္စ္အေကာင့္ကေနတဆင့္ ပရိသတ္ေတြနဲ႔ ျပန္လည္ထိေတြ႕ေနၿပီျဖစ္ပါတယ္ ။လက္ရွိသူမရဲ႕ဘဝျဖတ္သန္းမႈပုံစံကေတာ့ တရားဘာဝနာေတြကိုပဲ အခ်ိန္ေပးလုပ္ျဖစ္ေနၿပီး ခ်မ္းမီက ဉာဏ္းနည္းတဲ့အတြက္ ဒီတရားေတြကိုအခ်ိန္ေပးၿပီး ေလ့လာမွသာလွ်င္ သေဘာေပါက္တာျဖစ္တဲ့အတြက္ ဆရာေတာ္ႀကီးေတြရဲ႕တရားေတြကိုလိုက္နာျဖစ္တယ္လို႔ ပရိသတ္ေတြကိုေျပာျပလာခဲ့ပါတယ္။အႏုပညာအလုပ္ေတြကိုလည္း အရင္လိုျပန္လည္လုပ္ေဆာင္သြားမွာျဖစ္ၿပီး တဖက္မွာလည္း တရားအလုပ္ေတြကို ဆက္လက္ လုပ္ကိုင္ဦးမွာျဖစ္တယ္လို႔ လည္း သိရပါတယ္ ။

လက္ရွိမွာေတာ့ (၅)ႏွစ္အ႐ြယ္ သားေလး တစ္ေယာက္ရွိၿပီး သူမထက္အႏုပညာဝါသနာပါသလို သူမထက္လည္း ပိုေတာ္တယ္လို႔သိရပါတယ္ ။ သားေလးက(၅)ႏွစ္ရွိၿပီး သူက အႏုပညာကို ႐ူးသြပ္ေပမဲ့ အရမ္းငယ္ေသးေတာ့ အႏုပညာကို မလုပ္ခိုင္းေသးဘူးလို႔ ခ်မ္းမီမီကို ဆယ္လီကမာၻအင္တာဗ်ဴးမွာေျဖဆိုခဲ့ပါတယ္ ။

Source : Chan Mi Mi Ko
Credit Cele Gabar

unicode

ကိုယ်တိုင်က ဉာဏ်နည်းခဲ့တဲ့ အတွက် တရားဓမ္မတွေ ကို ပိုပြီးအချိန်ပေး လုပ်ဖြစ်တယ်ဆိုတဲ့ “ချမ်းမီမီကို”

ပရိသတ်ကြီးရေ မော်ဒယ်သရုပ်ဆောင် ချမ်းမီမီကို ဟာ အိမ်ထောင် မပြုခင်အချိန်ထိ ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ပြီး ပရိသတ်ချစ်ခင်အားပေးမှုတွေရရှိခဲ့တာပါ။ အိမ်ထောင်ကျပြီးနောက်မှာတော့ အနုပညာအလုပ်တွေကိုရပ်နားခဲ့ပြီး ပရိသတ်နဲ့နှစ်ပေါင်းများစွာ အလှမ်းဝေးသွားခဲ့တာပဲ ဖြစ်ပါတယ် ။

လတ်တလောမှာတော့ ချမ်းမီမီကို တစ်ယောက် သူမရဲ့ဖေ့ဘုတ်စ်အကောင့်ကနေတဆင့် ပရိသတ်တွေနဲ့ ပြန်လည်ထိတွေ့နေပြီဖြစ်ပါတယ် ။လက်ရှိသူမရဲ့ဘဝဖြတ်သန်းမှုပုံစံကတော့ တရားဘာဝနာတွေကိုပဲ အချိန်ပေးလုပ်ဖြစ်နေပြီး ချမ်းမီက ဉာဏ်းနည်းတဲ့အတွက် ဒီတရားတွေကိုအချိန်ပေးပြီး လေ့လာမှသာလျှင် သဘောပေါက်တာဖြစ်တဲ့အတွက် ဆရာတော်ကြီးတွေရဲ့တရားတွေကိုလိုက်နာဖြစ်တယ်လို့ ပရိသတ်တွေကိုပြောပြလာခဲ့ပါတယ်။အနုပညာအလုပ်တွေကိုလည်း အရင်လိုပြန်လည်လုပ်ဆောင်သွားမှာဖြစ်ပြီး တဖက်မှာလည်း တရားအလုပ်တွေကို ဆက်လက် လုပ်ကိုင်ဦးမှာဖြစ်တယ်လို့ လည်း သိရပါတယ် ။

လက်ရှိမှာတော့ (၅)နှစ်အရွယ် သားလေး တစ်ယောက်ရှိပြီး သူမထက်အနုပညာဝါသနာပါသလို သူမထက်လည်း ပိုတော်တယ်လို့သိရပါတယ် ။ သားလေးက(၅)နှစ်ရှိပြီး သူက အနုပညာကို ရူးသွပ်ပေမဲ့ အရမ်းငယ်သေးတော့ အနုပညာကို မလုပ်ခိုင်းသေးဘူးလို့ ချမ်းမီမီကို ဆယ်လီကမ္ဘာအင်တာဗျူးမှာဖြေဆိုခဲ့ပါတယ် ။

Source : Chan Mi Mi Ko
Credit Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *

15 − twelve =