ကိုဗစ်လူနာ (၁)သိန်းနီးပါး ရှိလာချိန်မှာ ဂေါက်ရိုက် ထွက်ခဲ့တဲ့ သမ္မတထရမ့် ကို ဝေဖန်မှုတွေရှိလာ

ကိုဗစ်လူနာ (၁)သိန်းနီးပါး ရှိလာချိန်မှာ ဂေါက်ရိုက် ထွက်ခဲ့တဲ့ သမ္မတထရမ့် ကို ဝေဖန်မှုတွေရှိလာ

အမေရိကန်မှာ လက်ရှိ အချိန်ထိ ကိုဗစ် ကူးစက်လူနာ (၁.၆၈)သန်းအထိ ရှိလာခဲ့ပါပြီ။ ပြန်လည်ပျောက်ကင်း သူမှာ (၃၄၅၀၀၀)ကျော်အထိ ရှိနေပြီဆိုပေမယ့်၊ သေဆုံးတဲ့ လူနာစာရင်းကတော့ (၉၈၇၅၀) အထိ တိုးပွားလာခဲ့ပါတယ်။ ဒါဟာ အလွန်ကြောက်စရာကောင်းတဲ့ ကိန်ဂဏန်းတွေ ဖြစ်ပါတယ်။

ဒါပေမယ့် ဒေါ်နယ်ထရမ့်ကတော့ သူရဲ့ ဘော်ဒါ အပေါင်းအသင်းတွေနဲ့ ဂေါက်သီးရိုက်နေတဲ့ ဓာတ်ပုံတွေ ပေါ်ထွက်လာခဲ့တာကြောင့် သတင်းမီဒီယာထက်မှာ ဝေဖန်စရာတွေ ဖြစ်ခဲ့ပြီး၊ လူမှုကွန်ရက်မှာလည်း ဒီအကြောင်းကို ထိုးနှက်တိုက်ခိုက်သူတွေ ရှိလာခဲ့ပါတယ်။

ထရမ့်ဟာ မေလ(၂၃)ရက်နေ့မှာ ဂေါက်ရိုက် ထွက်ခဲ့တာပါ။ မေလ (၂၅)ရက်ကတော့ အမေရိကန်သမိုင်းအတွက် အရေးပါတဲ့နေ့ဖြစ်ပြီး၊ Memorial Day ဖြစ်ပါတယ်။ အမေရိကန်စစ်တပ်မှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့သူတွေကို အထိမ်း အမှတ်သက်သက်မှတ်မှတ်နဲ့ အလေးပြုကြတဲ့ သဘောပါ။

နှစ်စဉ်တိုင်း မေလရဲ့ နောက်ဆုံး တနင်္လာနေ့ မှာ ကျင်းပလေ့ ရှိပါတယ်။ ဒါပေမယ့် သမ္မတထရမ့်ကတော့ အဲဒီနေ့နဲ့ပတ်သက်တဲ့ ကိန်းဂဏန်းတွေကို စိတ်မှာ ထဲထဲဝင်ဝင် အလေးမထားသည့်အလား သူ့ရဲ့ ပါတနာတွေနဲ့အတူ Weekend မှာ ဂေါက်သီးကစားနေခဲ့တာပါ။

ထရမ့်ဟာ Lockdown ကာလ (၇၅)ရက်အတွင်းမှာ ဒါဟာ ပထမဆုံး အကြိမ်း သူရဲ့ ကိုယ်ပိုင်ဂေါက်ကလပ်မှာ ဂေါက်ကစားခြင်းဖြစ်ပြီး၊ မှတ်တမ်းတွေအရတော့ သူဟာ သမ္မတအဖြစ် တာဝန်ယူထားတဲ့အချိန်မှာ ဂေါက်ကစားမှုအကြိမ်ပေါင်း (၂၆၅)ကြိမ်အထိ လုပ်ခဲ့ပါတယ်။

အခု ထရမ့်သွားရောက်ခဲ့တဲ့ ဂေါက်ကလပ်ကတော့ ဗာဂျီးနီယား၊ Sterling မှာတည်ရှိတဲ့ Trump National Golf Club မှာဖြစ်ပါတယ်။ သူ နောက်ဆုံး ဂေါက်သီးကစားခဲ့တဲ့ ရက်ကတော့ ယခုနှစ် မတ်လ(၆)ရက်မှာ ဖြစ်ပြီး၊ သူရဲ့ Mar-a-Lago မှာရှိတဲ့ ဂေါက်ကလပ်မှာ အချိန်ဖြုန်း ခဲ့တာပါ။

အဲဒီနေ့က ဘရာဇီးသမ္မတနဲ့အတူ၊ ဘရားဇီး သံတမန်တွေကိုလည်း ညစာနဲ့ တည်ခင်း ဧည့်ခံခဲ့ပါသေးတယ်။ ဒီလို နိုင်ငံ ကျဉ်းထဲကျပ်ထဲ ဖြစ်နေချိန်မှာ နိုင်ငံခေါင်းဆောင်က အဖော်အပေါင်းတွေနဲ့ ဇိမ်ခံလိုက် ပျော်ပွဲစားလိုက်၊ ဂေါက်ရိုက်လိုက် လုပ်နေတာဟာ ၎င်းပြည်သူတို့အတွက် ကျေနပ်စရာကိစ္စ ဟုတ်မယ် မထင်ပါဘူး။

လင်းဇော်ကို (D Nae Khit)

Add a Comment

Your email address will not be published. Required fields are marked *

3 × 3 =