အားပေးကြမ်း တဲ့ ပရိသတ် တစ်ဦး ရဲ့ လုပ်ရပ်ကြောင့် အံသြမဆုံးဖြစ်နေတဲ့ ” မေမြင့်မိုရ်”

အားပေးကြမ်း တဲ့ ပရိသတ် တစ်ဦး ရဲ့ လုပ်ရပ်ကြောင့် အံသြမဆုံးဖြစ်နေတဲ့ ” မေမြင့်မိုရ်”

MRTV-4ရဲ့ ရုပ်သံ ဇာတ်လမ်းတွဲဖြစ်တဲ့ ” အရိပ်” ဇာတ်လမ်းတွဲတွေ စုစုလှိုင် အဖြစ်သရုပ်ဆောင်တဲ့ မင်းသမီးချောလေး မေမြင့်မိုရ်နဲ့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ မေမြင့်မိုရ်ကတော့ ကျရာ ဇာတ်ရုပ်ကာရိုက်တာကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက်ဆိုလည်း မမှားလောက် ပါဘူးနော်။ သူမရဲ့ အပြောအဆိုနဲ့ အပြုအမူလေးတွေကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိ လာခဲ့တာပဲဖြစ်ပါတယ်။

မေမြင့်မိုရ်ကတော့ အိမ်မှာနေရင်း အပျင်းပြေဆော့ ထားတဲ့ tik tokလေးတွေကို နဲ့ သူမရဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ ရှိပါတယ်။ ဒီနေ့မှာတော့ Fanတစ်ဦးက သူမရဲ့ နာမည်လေး ကို တက်တူး ထိုးထားတဲ့ပုံရိပ်လေးကို သဘောကျကာ မိုင်းဒေးမှာ တင်လာ ခဲ့တာပဲဖြစ်ပါတယ်။ သူမ ကို အားပေးကြမ်းကြတဲ့ ပရိသတ်တွေကြောင့်လည်း ပျော်ရွှင်နေတဲ့ သူတစ်ဦး ပါပဲနော်။

ပရိသတ်တွေအတွက် မေမြင့်မိုရ်ရဲ့ နာမည်လေး ကို tattoo ထိုးထားတဲ့ ပုံရိပ်လေးကို ပြန်လည်ပြီးမျှဝေပေး လိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း မေမြင့်မိုရ်ကို အားပေးချစ်ခင်တယ်ဆိုရင် မှတ်ချက်လေးတစ်ခုလောက်ရေးပေး ခဲ့ကြပါအုံးနော်။

crd : panpyoelat