မနက္ဖန္ စက္တင္ဘာ(၈) ရက္ မွ စၿပီး ရန္ကုန္မွာ စားေသာက္ဆိုင္ေတြ ပါဆယ္သာ ေရာင္းခ်ရမယ္

Stay at Home ၿမိဳ႕နယ္ (၇) ခုက စားေသာက္ဆိုင္ေတြ ပါဆယ္စနစ္နဲ႔သာ ေရာင္းခ်ဖို႔ ၫႊန္ၾကား ထားၿပီး ျဖစ္ပါတယ္။ လာမယ့္စက္တင္ဘာ ၈ ရက္ကစၿပီး ရန္ကုန္တစ္တိုင္းလုံးရွိ စားေသာက္ဆိုင္၊ လက္ဖက္ရည္ဆိုင္ေတြမွာ ဆိုင္ထိုင္ ေရာင္းခ်ခြင့္မျပဳေတာ့ဘဲ ပါဆယ္ျဖင့္သာေရာင္းခ်ရေတာ့မယ္လို႔ သိရပါတယ္။

ယခင္က ရန္ကုန္တိုင္းအတြင္းက Stay At Home ၿမိဳ႕နယ္ (၇) ခုကိုသာ ပါဆယ္စနစ္နဲ႔ေရာင္းခ်ဖို႔ ေၾကညာ ထားေပမယ့္ အခုေတာ့ ရန္ကုန္တိုင္းအတြင္းက ၿမိဳ႕နယ္အားလုံးက ပါဆယ္စနစ္နဲ႔ေရာင္းခ်ရေတာ့မွာပါ။ ပါဆယ္စနစ္နဲ႔သာေရာင္းခ်ဖို႔ ၿမိဳ႕နယ္အခ်ိဳ႕မွာ ပါဆယ္စနစ္နဲ႔သာ ေရာင္းခ်ဖို႔ လိုက္လံေဆာ္ၾသေနသံၾကတဲ့အတြက္ ရန္ကုန္တစ္တိုင္းလုံးရွိ စားေသာက္ဆိုင္ အားလုံးပါဝင္သလားလို႔ Duwun က ဆက္သြယ္ေမးျမန္းရာမွာေတာ့…

ဟုတ္ပါတယ္။ ၈ ရက္ေန႔စမယ္။ ကြၽန္ေတာ္တို႔ၿမိဳ႕နယ္ မွာလ​ည္း အုပ္ခ်ဳပ္ေရးမႉးေတြက လိုက္လံေဆာ္ၾသေနၿပီ” လို႔ ဗဟန္းၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းျမင့္က Duwun ကို အတည္ျပဳပါတယ္။

Stay at Home ၿမိဳ႕နယ္ (၇) ခုက စားေသာက္ ဆိုင္ေတြ ပါဆယ္စနစ္ နဲ႔သာ ေရာင္းခ်ဖို႔ကိုေတာ့ စက္တင္ဘာ (၃) ရက္ကတည္းက ၫႊန္ၾကားထားၿပီးျဖစ္ပါတယ္။ ကိုဗစ္-၁၉ ေရာဂါကူးစက္မႈထပ္မံမျဖစ္ပြားေအာင္ ႀကိဳတင္ကာကြယ္ေရးအေနနဲ လက္ဖက္ရည္ဆိုင္၊ စားေသာက္ဆိုင္ေတြမွာ စုေဝးစားေသာက္ျခင္းေတြကို ခြင့္မျပဳဘဲ ပါဆယ္စနစ္နဲ႔သာ ေရာင္းခ်ေစဖို႔ အတြက္သက္ဆိုင္ရာ စည္ပင္သာယာေရးေကာ္မတီအသီးသီးကေန ၫႊန္ၾကားထားတာလည္းျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ဩဂုတ္လ ၁၆ ရက္ေနာက္ပိုင္းကစၿပီး တစ္ေက်ာ့ျပန္ ျပည္တြင္းကူးစက္မႈေတြ ျဖစ္ေပၚခဲ့ရာ ပိုးေတြ႕လူနာေတြ႕ရွိမႈႏႈန္းေတြ ျမင့္တက္လာေနၿပီး ဒီေန႔ စက္တင္ဘာ ၆ ရက္ေန႔ မနက္ ၈ နာရီအထိ ရန္ကုန္တိုင္းမွာေတာ့ ပိုးေတြ႕လူနာ ၂၉၅ ဦးအထိရွိလာခဲ့တာပါ။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနရဲ႕ ဒီေန႔ စက္တင္ဘာ ၆ ရက္ ည ၈ နာရီထုတ္ျပန္ခ်က္ေတြ အရ ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ ပိုးေတြ႕လူနာ ၁၄၁၉ ဦးရွိေနၿပီး ေသဆုံးသူ ၈ ဦး အထိရွိလာခဲ့ပါတယ္။

Duwun

unicode

မနက်ဖန် စက်တင်ဘာ(၈) ရက် မှ စပြီး ရန်ကုန်မှာ စားသောက်ဆိုင်တွေ ပါဆယ်သာ ရောင်းချရမယ်

Stay at Home မြို့နယ် (၇) ခုက စားသောက်ဆိုင်တွေ ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့ ညွှန်ကြား ထားပြီး ဖြစ်ပါတယ်။ လာမယ့်စက်တင်ဘာ ၈ ရက်ကစပြီး ရန်ကုန်တစ်တိုင်းလုံးရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေမှာ ဆိုင်ထိုင် ရောင်းချခွင့်မပြုတော့ဘဲ ပါဆယ်ဖြင့်သာရောင်းချရတော့မယ်လို့ သိရပါတယ်။

ယခင်က ရန်ကုန်တိုင်းအတွင်းက Stay At Home မြို့နယ် (၇) ခုကိုသာ ပါဆယ်စနစ်နဲ့ရောင်းချဖို့ ကြေညာ ထားပေမယ့် အခုတော့ ရန်ကုန်တိုင်းအတွင်းက မြို့နယ်အားလုံးက ပါဆယ်စနစ်နဲ့ရောင်းချရတော့မှာပါ။ ပါဆယ်စနစ်နဲ့သာရောင်းချဖို့ မြို့နယ်အချို့မှာ ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့ လိုက်လံဆော်သြနေသံကြတဲ့အတွက် ရန်ကုန်တစ်တိုင်းလုံးရှိ စားသောက်ဆိုင် အားလုံးပါဝင်သလားလို့ Duwun က ဆက်သွယ်မေးမြန်းရာမှာတော့…

ဟုတ်ပါတယ်။ ၈ ရက်နေ့စမယ်။ ကျွန်တော်တို့မြို့နယ် မှာလ​ည်း အုပ်ချုပ်ရေးမှူးတွေက လိုက်လံဆော်သြနေပြီ” လို့ ဗဟန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က Duwun ကို အတည်ပြုပါတယ်။

Stay at Home မြို့နယ် (၇) ခုက စားသောက် ဆိုင်တွေ ပါဆယ်စနစ် နဲ့သာ ရောင်းချဖို့ကိုတော့ စက်တင်ဘာ (၃) ရက်ကတည်းက ညွှန်ကြားထားပြီးဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါကူးစက်မှုထပ်မံမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေးအနေနဲ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေမှာ စုဝေးစားသောက်ခြင်းတွေကို ခွင့်မပြုဘဲ ပါဆယ်စနစ်နဲ့သာ ရောင်းချစေဖို့ အတွက်သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီအသီးသီးကနေ ညွှန်ကြားထားတာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဩဂုတ်လ ၁၆ ရက်နောက်ပိုင်းကစပြီး တစ်ကျော့ပြန် ပြည်တွင်းကူးစက်မှုတွေ ဖြစ်ပေါ်ခဲ့ရာ ပိုးတွေ့လူနာတွေ့ရှိမှုနှုန်းတွေ မြင့်တက်လာနေပြီး ဒီနေ့ စက်တင်ဘာ ၆ ရက်နေ့ မနက် ၈ နာရီအထိ ရန်ကုန်တိုင်းမှာတော့ ပိုးတွေ့လူနာ ၂၉၅ ဦးအထိရှိလာခဲ့တာပါ။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ စက်တင်ဘာ ၆ ရက် ည ၈ နာရီထုတ်ပြန်ချက်တွေ အရ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၄၁၉ ဦးရှိနေပြီး သေဆုံးသူ ၈ ဦး အထိရှိလာခဲ့ပါတယ်။

Duwun

Add a Comment

Your email address will not be published. Required fields are marked *

3 × 1 =