ပင်ကိုယ် အလှတရားတွေကို ပေါ်လွင်စေတဲ့ မြန်မာဝတ်စုံလေး ကျက်သရေ ရှိစွာလှနေတဲ့ မအေးသောင်း

ပရိသတ်ကြီးရေ ဆယ်စုနှစ်တစ်ခုကြာ အနုပညာလောကမှာ အောင်မြင်မှု များစွာနဲ့ ရပ်တည်နေသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး မအေးသောင်းပဲ ဖြစ်ပါတယ်။ သူမက ပီပြင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ဗီဒီယို ဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်နေပြီး အနုပညာလှုပ်ရှားမှုတွေကိုလည်း ကြိုးစား လုပ်ကိုင်နေတာဖြစ်လို့ ပရိသတ်အားပေးမှုကို များစွာရရှိနေတဲ့ ထိပ်တန်းမင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။

ကျက်သရေရှိပြီး ရိုးရှင်းတဲ့အလှတရားကို ပိုင်ဆိုင်ထားတဲ့ မအေးသောင်း က ခန္ဓာကိုယ် ကောက်ကြောင်းအလှလည်း ပြေပြစ်လှပတာ​ကြောင့် ပုရိသပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ သူလေးဆိုရင်လည်း မမှားနိုင်ပါဘူးနော် ။ မြန်မာဝတ်စုံလေးတွေကိုသာ ရွေးချယ်ဝတ်ဆင်တတ်တဲ့ သူမကို မိန်းကလေးပရိသတ် အများစုကလည်း အကြိုက်တွေ့နေတာကို တွေ့ရပါတယ်။

ယနေ့မှာတော့ မအေးသောင်းက လှပတဲ့ ရှုခင်းကို နောက်ခံ ထားကာ မြင်သူကြွေရလောက်အောင် ပိုစ့်ပေးဓါတ်ဖမ်းနေတဲ့ ပုံလေးတွေကို တင်ပေးလာတာပဲ ဖြစ်ပါတယ်။ သူမရဲ့ ပင်ကိုယ်အလှတရားတွေကို ပေါ်လွင်စေတဲ့ မြန်မာဝတ်စုံလေးနဲ့ ကျက်သရေရှိရှိ လှနေတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန် အတွက် ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်နော်….. ။

Source – Aye Wutyi Thaung’s facebook account

Add a Comment

Your email address will not be published. Required fields are marked *

nine + eighteen =