Quarantine ဝင်နေသူက ကုတင် ၊ တံခါးနှင့် မှန် များအား ရိုက်ချိုး ဖျက်ဆီးမှု ဖြစ်ပွား

Quarantine ဝင်နေသူက ကုတင် ၊ တံခါးနှင့် မှန် များအား ရိုက်ချိုး ဖျက်ဆီးမှု ဖြစ်ပွား

မြစ်ကြီးနား တက္ကသိုလ် တွင် Quarantine ဝင်နေသူက ကုတင်၊ တံခါးနှင့် မှန်များ အား ရိုက်ချိုး ဖျက်ဆီးမှု ဖြစ်ပွား…

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြစ်ကြီးနား တက္ကသိုလ်မှာ မေ(၂၅)ရက်က Quarantine နေထိုင်နေသူ အမျိုးသား တစ်ဦးဟာ မူးယစ်ရမ်း ကားပြီး အိပ်ယာကုတင်၊ အိပ်ခန်းတံခါး နဲ့ မှန်တွေ ရိုက်ချိုးဖျက်ဆီး မှု ဖြစ်ပွားခဲ့ မြစ်ကြီးနားမြို့မရဲစခန်းက သိရပါတယ်။

အဆိုပါအမျိုးသားသည် မေလ ၂၅ ရက် ညနေပိုင်း က တရုတ်နိုင်ငံ ကွမ်းတုံမြို့ မှ ပြန်လာသည့် ပါစီထွန်း (ခ)သာစည်ထွန်း ဆိုသူ ဖြစ်ပြီး မြစ်ကြီးနား တက္ကသိုလ် ခါကာဘို အမျိုးသားဆောင် အမှတ်(၁) အခန်း(၇)မှာ Quarantine နေထိုင်ရန်အတွက် နေရာချထားပေး​ ရာတွင် နေထိုင်ခြင်း မရှိဘဲ အရက်သေစာသောက်စား မူးယစ်ပြီး အိပ်ယာ ကုတင်နှင့် ၊ အခန်းတံခါး၊ ပြုတင်းပေါက် တံခါးမှန်တွေကို ရိုက်ချိုး ဖျက်ဆီးခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။

ထိုသို့ ဖျက်ဆီး ခဲ့သည့်အတွက် ကာလတန်ဖိုးကျပ် (၁၂၀၀၀၀)ခန့် ဆုံးရှုံး ခဲ့တာကြောင့် ပါစီထွန်း(ခ)သာစည်ထွန်း အား မြစ်ကြီးနားမြို့မ ရဲတပ်ဖွဲ့စခန်းမှ ပုဒ်မ ၆(၁)နဲ့ အမှုဖွင့် အရေးယူထား ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

ten + 20 =