




unicode

ညှို့အားပြင်းတဲ့ အကြည့်စူးစူးရှရှလေးတွေ နဲ့ ဆွဲဆောင်မှု ပိုစေတဲ့ ပုံလေးတွေကိုတင်ပေးလာတဲ့ စံရတီမိုးမြင့်

ပရိသတ်ကြီးရေ…..မင်းသမီးချောလေး စံရတီမိုးမြင့် ကတော့ ဗီဒီယို ဇာတ်ကားတွေ၊ကြော်ငြာတွေအများအပြား‌ရိုက်ကူးခဲ့ပြီး ရုပ်ရှင်ကားကြီးတွေထိပါ ရိုက်ကူးထားနိုင်တဲ့ မင်းသမီးတစ်ယောက်ပါနော်….။သူမဟာ အနုပညာလောကမှာအချိန်အတော်ကြာအောင်မြင်မှုရရှိနေတဲ့ မင်းသမီးတစ်ယောက်လည်းဖြစ်ပြီးတော့ ပရိသတ်တွေကတော့ သူမကိုချစ်စနိုးနဲ့ သဲသဲလို့လည်းခေါ်ကြပါသေးတယ်။

စံရတီမိုးမြင့်ဟာ ကျစ်လျစ်သွယ်လျတဲ့ဘော်ဒီ အမိုက်စားလေးကို ပိုင်ဆိုင် ထားတာဖြစ်တဲ့အပြင် ကြည်လင်ဝင်းပတဲ့အသားအရည်လေးကြောင့်လည်း မိန်းကလေးချင်းပါအားကျရတဲ့ သူလေးဖြစ်ပါတယ်။ ဒါ့ပြင်သူမရဲ့ ချောမောလှပတဲ့ရုပ်ရည်လေးကြောင့်လည်း ပုရိသတွေရဲ့ သည်းသည်းလှုပ်ဝန်းရံခဲ့ရတဲ့ မင်းသမီးလေးတစ်ဦး ဆိုခည်း မှားမယ်မထင်ပါဘူးနော်။

စံရတီမိုးမြင့်ဟာ ကြာလေလှလာလေဖြစ်တဲ့မင်းသမီးလေးဖြစ်ပြီးတော့ သူမရဲ့ ညှို့အားပြင်းတဲ့ အပြုံးချိုချိုလေးတွေဟာလည်း ဆွဲဆောင်မှုပိုစေတာအမှန်ပါပဲနော်။ မကြာသေးမီကလည်း သူမရဲ့ Facebookစာမျက်နှာမှာ ချစ်စဖွယ်မျက်နှာလေးနဲ့ selfieရိုက်ထားတဲ့ ပုံလေးတွေကိုတင်ပေးလာပါတယ်။ ကဲ….ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-San Yati Moe Myint’s Facebook acc

Add a Comment

Your email address will not be published. Required fields are marked *

three × 5 =