ခင္ပြန္းျဖစ္သူ ေနလင္းေက်ာ္ ကို ေသေအာင္ ခ်စ္ေပမယ့္ ဘယ္ေတာ့ မွ ျပန္မလိုခ်င္ေတာ့ဘူး ဆိုတဲ့ ဇာဇာထက္

နာမည္ႀကီး ေမာ္ဒယ္ တစ္ေယာက္ျဖစ္တဲ့ ဇာဇာထက္ကေတာ့ လက္ရွိမွာ သူမဝါသနာပါရာ အႏုပညာအလုပ္ေတြကို ေဇာက္ခ်လုပ္ကိုင္ရင္း တစ္ဖက္မွာလည္း ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းေတြကိုလည္း လုပ္ကိုင္ေနသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ မေန႔က စက္တင္ဘာလ (၆) ရက္ေန႔မွာေတာ့ ဇာဇာထက္က သူမရဲ႕ ခ်စ္သူလို႔ လူအမ်ားသိထားၾကတဲ့ Myanmar Idol အဆိုေတာ္ ေနလင္းေက်ာ္ဟာ (၂၀၁၆) ခုႏွစ္ကတည္းက သူမနဲ႔ တရားဝင္ လက္ထပ္ထားတဲ့ ဇနီးေမာင္ႏွံေတြျဖစ္ေၾကာင္း ပရိသတ္ကို ပြင့္ပြင့္လင္းလင္း ခ်ျပခဲ့တာပဲ ျဖစ္ပါတယ္။

ဇာဇာထက္ကေတာ့ လက္ရွိျပႆနာေတြ နဲ႔ ပက္သတ္ၿပီး သူမရဲ႕ခင္ပြန္း ေနလင္းေက်ာ္ကို လက္ရွိအခ်ိန္ထိ သံေယာဇဥ္ရွိေနေသးေပမယ့္ ဘယ္ေတာ့မွ ျပန္မလိုခ်င္ေတာ့တဲ့အေၾကာင္းကို “ကြၽန္မ ေယာက်ာ္းကို ကြၽန္မေသေအာင္ခ်စ္ေပမဲ့ ဘယ္ေတာ့မွ ျပန္မလိုခ်င္ေတာ့ပါဘူး” ဆိုၿပီး သူမရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ မွ်ေဝေျပာျပလာပါတယ္။

ေနလင္းေက်ာ္ကေတာ့ လက္ရွိမွာ ပုဒ္မ (၃၇၇) နဲ႔ တရားစြဲဆို ခံရၿပီး အခ်ဳပ္က်ေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ေနလင္းေက်ာ္နဲ႔ ဇာဇာထက္တို႔ အိမ္ေထာင္ေရးက ဘယ္လိုမ်ား ဆက္ျဖစ္လာဦးမလဲ စိတ္ဝင္စားေနၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

Source: Zar Htet’s fb
Credit – Cele Connections

unicode

ခင်ပွန်းဖြစ်သူ နေလင်းကျော် ကို သေအောင် ချစ်ပေမယ့် ဘယ်တော့ မှ ပြန်မလိုချင်တော့ဘူး ဆိုတဲ့ ဇာဇာထက်

နာမည်ကြီး မော်ဒယ် တစ်ယောက်ဖြစ်တဲ့ ဇာဇာထက်ကတော့ လက်ရှိမှာ သူမဝါသနာပါရာ အနုပညာအလုပ်တွေကို ဇောက်ချလုပ်ကိုင်ရင်း တစ်ဖက်မှာလည်း ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုလည်း လုပ်ကိုင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ မနေ့က စက်တင်ဘာလ (၆) ရက်နေ့မှာတော့ ဇာဇာထက်က သူမရဲ့ ချစ်သူလို့ လူအများသိထားကြတဲ့ Myanmar Idol အဆိုတော် နေလင်းကျော်ဟာ (၂၀၁၆) ခုနှစ်ကတည်းက သူမနဲ့ တရားဝင် လက်ထပ်ထားတဲ့ ဇနီးမောင်နှံတွေဖြစ်ကြောင်း ပရိသတ်ကို ပွင့်ပွင့်လင်းလင်း ချပြခဲ့တာပဲ ဖြစ်ပါတယ်။

ဇာဇာထက်ကတော့ လက်ရှိပြဿနာတွေ နဲ့ ပက်သတ်ပြီး သူမရဲ့ခင်ပွန်း နေလင်းကျော်ကို လက်ရှိအချိန်ထိ သံယောဇဉ်ရှိနေသေးပေမယ့် ဘယ်တော့မှ ပြန်မလိုချင်တော့တဲ့အကြောင်းကို “ကျွန်မ ယောကျာ်းကို ကျွန်မသေအောင်ချစ်ပေမဲ့ ဘယ်တော့မှ ပြန်မလိုချင်တော့ပါဘူး” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပြောပြလာပါတယ်။

နေလင်းကျော်ကတော့ လက်ရှိမှာ ပုဒ်မ (၃၇၇) နဲ့ တရားစွဲဆို ခံရပြီး အချုပ်ကျနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေလင်းကျော်နဲ့ ဇာဇာထက်တို့ အိမ်ထောင်ရေးက ဘယ်လိုများ ဆက်ဖြစ်လာဦးမလဲ စိတ်ဝင်စားနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Source: Zar Htet’s fb
Credit – Cele Connections

Add a Comment

Your email address will not be published. Required fields are marked *

2 × three =