ပြည်သူတွေ သိသင့်တယ် ထင်လို့ပါ (ရှယ်ထားပေး ပါအုံး …)

ကိုဗစ်ရဲ့ ရောဂါပျိုးရက် ဟာ ၂ ရက်ကနေ ၁၄ ရက်ဖြစ်ပါတယ် အများဆုံး ရောဂါပေါ်ပေါက်တဲ့ရက်က ၅ ရက်မြောက်ပါ အဲဒီရက်မှာစစ်ရင် ရောဂါပိုးရှိနေရင် တွေ့ရှိမှု ပိုများတာပေါ့သုတေသနစာစောင်တွေရဲ့ တွေ့ရှိချက်အရ ရောဂါပိုးထုတ်နိုင်တဲ့ရက်ဟာ ၈ ရက်မှ ၃၇ ရက်ကြာပါတယ် ပျှမ်းမျှကြာချိန် ၂၀ ရက်ဖြစ်ပါတယ်။ ဒါကြောင့်အရင်က Quarantine ၃ ပတ်ထားပြီး အိမ်မှာ ၁ ပတ်ဆက်လက်ထားခဲ့ပါတယ်။

ဒါပေမယ့် စင်ကာပူနိုင်ငံမှာ သုတေသနပြုချက် အရ ကိုဗစ်ဟာ ရောဂါလက္ခဏာပြသည်မှ ၁၁ ရက်တွင် အခြားသူများသို့ မကူးစက်စေနိုင်ကြောင်း လူပေါင်း ၇၃ ယောက်ကို စမ်းသပ်ရာမှ သိရှိခဲ့ရပါတယ် အဲဒီအချိန်မှာ ဓာတ်ခွဲနမူနာတွေကိုယူပြီးစစ်လို့ ပိုးတွေ့တယ်လို့အဖြေထွက်ချင်ထွက်နိုင်ပါသေးတယ်။ သို့သော်ပိုးတွေ့တယ်ဆိုတာက အခြားသူကို ကူးစက်စေနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူးလို့ ရှင်းရှင်းလင်းလင်းပြောထားပါတယ်။

မကူးစက်စေနိုင်ဘူး ဒီအချိန်မှာ ပိုးမွေးတဲ့အခါ ပိုးမပေါက်နိုင်တော့ လို့ပါပဲ။ဒီတွေ့ရှိချက်အပေါ်မူတည်ပြီး စင်ကာပူဟာ ဆေးရုံဆင်းတဲ့သတ်မှတ်ချက်ကို ပြုပြင်ပြောင်းလဲခဲ့ပါတယ်။စင်ကာပူကိုထောက်ခံတဲ့ သုတေသနတွေ့ရှိချက်က ဂျာမနီကဖြစ်ပါတယ်။ သူတို့လုပ်ဆောင်ချက်မှာ ရောဂါလက္ခဏာပြပြီးနောက် ၈ ရက်မြောက်မှာ ပိုးမွေးလိုမပေါက်တော့တာ တွေ့ရှိရပါတယ်။

ဒါတွေအားလုံးကို ထောက်ခံနေတာကတော့ medRxiv ကနေ ၂၅/၇/၂၀၂၀ မှာ ထုတ်ပြန်တဲ့ သုတေသနစာစောင် ၇၉ စောင်ကို သုံးသပ်တင်ပြထားချက်ဖြစ်ပါတယ်။ဘယ်စာစောင်ကမှ ၉ ရက်နောက်ပိုင်း ပိုးမွေးတာ ပေါက်တယ်လို့ မဖော်ပြထားပါဘူးဆိုတာပါပဲ။ဒီတွေ့ရှိချက်တွေအရ ၉ ရက်နောက်ပိုင်းမှာ ခန္ဓာကိုယ်က ပိုးတွေဆက်လက်ထွက်ရှိကောင်း ထွက်ရှိနေလိမ့်မယ် သို့သော်တခြားသူကို မကူးစက်စေနိုင်တော့ပါဆိုတဲ့ အဓိပ္ပါယ်ပါပဲ

ဒါ့ကြောင့်နောက်ပိုင်းမှာ WHO ရဲ့ ဆေးရုံဆင်းဖို့ ပြည့်စုံရမဲ့ အချက်တွေအနေနဲ့ အရင်က လို နှစ်ကြိမ် ပိုးမတွေ့ဖြစ်ဖို့မလိုပဲ သု့ရဲ့ရောဂါလက္ခဏာ သက်သာမှုအပေါ်မူတည်ပြီး ဆေးရုံဆင်းပေးဖို့ ရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်။ရောဂါကူးစက်ခံရသူတိုင်းလည်း ကိုယ်ခံအား တက်မလာကြပါဘူး။

တက်လာတဲ့သူတွေရဲ့ ကိုယ်ခံအားကလဲ ကြာရှည်မခံပဲ တချို့တွေ့ရှိချက်တွေအရ ၃ လအတွင်း ကျဆင်းသွားတာမျိုး တွေ့ရပါတယ်။ဒီရောဂါကို အဓိကကာကွယ်နိုင်ဖို့ အရေးအကြီးဆုံးက Non pharmaceutical intervention လို့ခေါ်တဲ့ mask တပ်ခြင်း၊ လက်ဆေးခြင်း၊ လူအုပ်စုထဲမသွားခြင်း၊

၆ ပေခွာနေခြင်း၊ ရောဂါပိုးရှိသူကိုရှာဖွေခြင်း၊ သီးခြားထားရှိခြင်း ထိုသူနှင့် ထိတွေ့မှုရှိသူများကို ထောက်လှမ်းခြင်း ဓာတ်ခွဲစစ်ဆေးခြင်း၊ နယ်စပ်ဒေသများကို ပိတ်ပင်ခြင်း၊ လူစုလူဝေးမဖြစ်အောင်တားမြစ်ခြင်း၊ အိမ်မှာသာနေစေခြင်း စသည့်ကိစ္စရပ်များကို စနစ်တကျ သေချာလုပ်ဆောင်ခြင်းဖြင့် ရောဂါကူးစက်မှုကို အမှန်တကယ် ကျစေနိုင်ကြောင်း တွေ့ရှိရပါတယ်။

၁/ ကိုဗစ်သည် ရောဂါလက္ခဏာပေါ်သည်မှ ၁၁ ရက်နောက်တွင် မကူးစက်နိုင်တော့ပါ (ရောဂါလက္ခဏာမပေါ်သည့်သူများတွင် ဓာတ်ခွဲအတည်ပြုချက်ရရှိသည့်နေ့မှစတင် ရေတွက်ရပါမည်)

၂/ ကိုဗစ်ပိုးသည် ခန္ဓာကိုယ်မှ ရက် ၂၀ ကျော်သည်အထိ ဆက်လက်ထွက် နေနိုင်သော်လည်း အခြားသူများကို မကူးစက်စေနိုင်တော့ပါ။ သို့သော်ဓာတ်ခွဲစမ်းသပ်လျှင် test အဖြေတွင် ပိုးတွေ့ဟုအဖြေထွက်နိုင်သော်လည်း ၎င်းသည် ကူးစက်စေနိုင်သည့်အဓိပ္ပါယ်မရပါ စမ်းသပ်ရာတွင် ရောဂါပိုး၏ခြေရာလက်ရာကို စမ်းသပ်တွေ့ရှိခြင်း သာဖြစ်ပါသည်။

၃/ ကိုဗစ်သည် လူ ၁၀၀ လျှင် ၈၀ %မှာ ရောဂါလက္ခဏာမပြသူများ သာမန်လက္ခဏာခံစားရသူများ အသင့်အတင့်လက္ခဏာသာခံစားရသူများဖြစ်ပြီး ၁၅% မှာ ရောဂါပြင်းထန်စွာ ခံစားရနိုင်ပါသည် ထိုအဆင့်တွင် အောက်ဆီဂျင်ပေးရန်လိုအပ်ပြီး အထူးဂရုစိုက်ရန်လိုပါသည်

(လက်ရှိအချိန်တွင် ပြင်းထန်သူ ၇ ဦးရှိပြီး ICU ထဲတွင် ၃ ဦး စုစုပေါင်း ၁၀ ဦးရှိပါသည်) ကျန် ၅ % မှာ အလွန့်အလွန်စိုးရိမ်ရပြီး အသက်ရှူအားကူစက် Mechanical Ventilator ပေးရသည့် အခြေအနေထိဖြစ်ပြီး ထိုအခြေအနေတွင် အသက်ရှင်ဖို့ ရာနှုန်းအလွန်နည်းပါသည်။

၎/ မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ သေဆုံးသူ ၈ ဦးရှိနေပြီး ထိုသေဆုံးသူ အားလုံးမှာ နောက်ခံရောဂါများ ခံစားနေရသူများဖြစ်ပြီး ကိုဗစ်ကူးစက်ခံရလျှင် နဂိုရှိရောဂါများ ပိုမိုဆိုးဝါးစွာ ခံစားရပြီး အသကိသေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။

၅/ ကိုဗစ်ဖြစ်လျှင် ပြန်လည်နလန်ထူဖို့ သာမန်လက္ခဏာခံစားရသူဆိုလျှင် နှစ်ပတ်ထိ ကြာမြင့်နိုင်ပြီး ပြင်းထန်စွာခံစားရသူများကတော့ ၃ ပတ်မှ ၆ ပတ်ထိကြာမြင့်နိုင်ပါသည် အချို့သောသူများတွင်ရောဂါ၏နောက်ဆက်တွဲဝေဒနာဖြစ်သည့် နှလုံးရောဂါဖြစ်ခြင်း အဆုတ်ကောင်းစွာအလုပ်မလုပ်နိုင်ခြင်း သွေးခဲများပိတ်ဆို့ပြီး ဦးနှောက်ကောင်းစွာ အလုပ် မလုပ်နိုင်ခြင်း အာရုံကြောထိခိုက်ခြင်းစသည့် နာတာရှည်ရောဂါများလဲ အမွေအဖြစ် အဆစ်ရသွားနိုင်ပါသည်။

၆/ ထို့ကြောင့် ရောဂါကူးစက်မှု မခံရစေရေးအတွက် အားလုံးမှာ တာဝန်ရှိပါသည် ဒီရောဂါ သည် လူမှုရေးနှင့် ဆိုင်သောရောဂါဖြစ်သည့်အတွက် လွန်စွာကိုင်တွယ်ရခက်ခဲပါသည် တစ်ဦးတစ်ယောက် ပေါ့လျော့စွာနေမိသည်နှင့် လူအမြောက်အမြားကို ကူးစက်စေနိုင်သည့်အတွက် လူတိုင်းလူတိုင်း မိမိတာဝန်ကျေပွန်ဖို့ လိုပါသည်။

ဒါ့ကြောင့် မိမိသည် Q ဝင်ဖို့ လိုအပ်ပါက ကြည်ကြည်ဖြူဖြူအတူပူးပေါင်းဆောင်ရွက်ရန် လိုသလို အိမ်နီးချင်း ပြည်သူအပေါင်းကလည်း ကိုယ်ချင်းစာတရားလက်ကိုင်ထားကာ မေတ္တာအပြည့်ဖြင့် ပူးပေါင်းဆောင်ရွက်ရန်အရေးကြီးပါသည်။

မိမိတို့နိုင်ငံပါဝင်သည့် အရှေ့တောင်အာရှနိုင်ငံသည် ပြီးခဲ့သည့်အပတ်အတွင်း ယခင်အပတ်နှင့် နှိုင်းစာလျှင် ရောဂါဖြစ်ပွားသူ ၉ % တက်ပြီး သေဆုံးသူ ၃ % တက်ကြောင်း WHO ၏တစ်ပတ်စာ အစီရင်ခံစာတွင် ဖော်ပြထားသည့်အတွက် မပေါ့ဆစေလိုပါ။

အိမ်နီးချင်းနိုင်ငံ အိန္ဒိယတွင်လည်း နေ့စဉ်လူနာအသစ်တွေ့ရှိနှုန်းမှာ ၇ သောင်းကျော် ၈ သောင်းကျော်ဖြင့် ကမ္ဘာ့ထိပ်တန်းဖြစ်နေပြီး သေဆုံးနှုန်းမှာလည်း နေ့စဉ် ထောင်ကျော်ရှိနေခြင်းမှာလည်း ရင်မအေးစရာ အခြေအနေဖြစ်နေပါသည်။

သူဘာကြောက်လဲ Mask တပ်ထားသူကို သူကြောက်ပါသည် ဘာလို့ဆိုတော့ သူဝင်ပြီးဒုက္ခပေး၍ မရလို့ပါရေနဲ့ဆပ်ပြာကို ကြောက်ပါသည် သူ့ကိုသတ်နိုင်လို့ပါလူတွေအများကြီး စုမနေရင် သူမကြိုက်ပါ ဟိုခုန်ဒီကူး လုပ်လို့မရလို့ဖြစ်ပါသည်လူတစ်ယောက်နဲ့တစ်ယောက် အနည်းဆုံး ၃-၆ ပေခွာနေရင်လဲ သူစိတ်ဆိုးပါသည် ဘာလို့ဆိုတော့ နှာရည်တွေ တံတွေးတွေကတစ်ဆင့် သူလေဟုန်စီးပြီး နောက်တစ်ယောက်စီ အလည်အပတ်မသွားရလို့ဖြစ်ပါသည်

ဒီတော့ကာ သူမကြိုက်တာတွေကို များများလုပ်ပါ သူစိတ်ညစ်ပြီး အနားမှာမနေပဲ ထွက်သွားပါလိမ့်မည် ပြည်သူတွေသာ ညီရင်ဖြင့် အနှီကိုဗစ်ကို ဘာမှကြောက်စရာမရှိပါလေ ပြည်သူတွေရဲ့ အားတွေကို တစုတစည်းထဲ ပေါင်းစပ်လိုက်လျှင်ဖြင့် အလွန်ကြီးမားသော စွမ်းပကား ပေါ်လာပါလိမ့်မည်။အသက်ဝဝ ရှူနိုင်တဲ့နေ့ မကြာခင် ရောက်ရမည် မလွဲပါ အတူကြိုးစားကြပါစို့

crd :Dr Khin Khin Gy

Add a Comment

Your email address will not be published. Required fields are marked *

two × two =