ငါ့အားနဲ႔ ျဖစ္တဲ့ဆန္ ထမင္း မင္းတို႔ ဝမ္းတြင္း ငါ့အသားနဲ႔ေရာ သြင္းတာ ခ်ိဳရဲ႕လား သခင္

မင္းတို႔ရဲ႕သားေခ်ာ ဆိုင္ကယ္ စီးဖို႔ ငါ့အသားကိုလွီး ငါ့အရည္ကိုလွန္ခဲ့တယ္။မင္းေျခဖဝါးကဆူးမင္းထြင္ၿပီး ထုတ္ေနခ်ိန္ ငါ့ခြာၾကားကဆူးခြါသာထပ္ျဖစ္ခဲ့တယ္။လူ႔ဘုံနဲ႔ တိရစာၦန္ဘုံဟာဘာမ်ားကြာျခားသလဲမင္းလက္ကႀကိမ္လုံးနဲ႔ ငါ့ေက်ာကုန္းေပၚ တစ္သားထဲက်ခဲ့ ငါလဲနာတတ္တယ္သခင္။ငါ့ႏွာသီးဖ်ားထဲဝါးခြၽန္နဲ႔ ထိုးသြင္းတုန္းကမင္း ကလဲအံေတြႀကိတ္ ငါလဲပဲမ်က္လုံးကိုမွိတ္ အံကိုႀကိတ္ မင္းကထုရတဲ့ “တူ” ငါကခံရတဲ့ “ေပ ”အသည္းလႈိက္ေအာင္နာက်င္​ေနလဲ ငါဘာမ်ားတတ္ႏိုင္မွာလဲသခင္။

မင္းတို႔ကြၽန္ျဖစ္တဲ့အဆုံးေတာ့ ႏြံနစ္ေတာ့ လဲ ႐ုန္းရတာပဲမဟုတ္လား။ငါေနမေကာင္းျဖစ္ခ်ိန္ ႀကိမ္လုံးနဲ႔႐ိုက္ ႏွာဖားႀကိဳးေဆာင့္ဆြဲအျမႇီးကို လိမ္ေခါက္မင္းတို႔တုတ္ေတြနဲ႔ ငါ့ကို႐ိုက္တယ္။’မထ’တဲ့အဆုံးငါ့ေက်ာေပၚထမ္း႐ြက္ေျခာက္တင္ၿပီး မီးနဲ႔ရႈိ႕ဗိုက္ထဲကငါ့ကေလးေတာင္ မ်က္ရည္က်ေလာက္တယ္။ေသခ်ာတယ္မင္းတို႔ သိပ္ေၾကာက္တဲ့ ငရဲဘုံဟာငါအတြက္ေတာ့ မင္းေန​ေနတဲ့ ဒီလူ႔ဘုံပဲသခင္။

ေက်းဇူးတရားဆိုတာ မင္းကပိုသိပါတယ္သခင္။ ငါ့ခႏၶာကိုယ္ဟာမင္းတို႔အတြက္ မစင္ ထိတိုင္အက်ိဳးရွိပါတယ္။ေႏြအခါမွာ လယ္ထဲမင္းနဲ႔ငါအတူတူ လယ္ထြန္တယ္။မင္းေမာလို႔သစ္ပင္ေအာက္ ေျပးနားတဲ့အခ်ိန္ ငါ့အတြက္အရိပ္ဆိုတာ ငါ့ ပုခုံးေပၚက ထန္းပိုးပဲရွိပါတယ္သခင္။ေဆာင္းအခါမွာ ေစာင္အထူႀကီးေတြ နဲ႔ မင္းတို႔ ေႏြးေနခ်ိန္ငါ့အေရျပားဟာ ငါ့ရဲ႕ေစာင္ပါပဲ​ေႏြးမယ္လို႔ထင္သလားသခင္။

အမဲသားလို႔မေခၚပါနဲ႔မင္းတို႔အားအင္ခ်ိနဲ႔တဲ့အခါေသာက္တဲ့ ငါ့ႏို႔ရည္ေတြ ျဖဴစင္ပါတယ္ သံသရာမွာခ်ဳခ်ာတဲ့ႏြားမို႔ တရံတခါမွာ ပူဆာတဲ့သားအတြက္ မင္းအိမ္ကဆင္းပါ့မယ္ ဟိုသတ္ကြင္း ဘယ္ေလာက္ရက္စက္ပ့ ငါမျငင္းပါဘူး။ငါ့အားနဲ႔ျဖစ္တဲ့ ဆန္ထမင္း မင္းတို႔ ဝမ္းထဲငါ့အသားနဲ႔ေရာ သြင္းတာ ခ်ိဳသလားသခင္။မင္းရဲ႕သားဆိုင္ကယ္စီးဖို႔ သားသတ္႐ုံမွာ ငါမ႐ုန္းေတာ့ဘဲ ငါ့အသားအလွီးခံပါ့မယ္။မူရင္းသို႔ေလးစားစြာျဖင့္

unicode

ငါ့အားနဲ့ ဖြစ်တဲ့ဆန် ထမင်း မင်းတို့ ဝမ်းတွင်း ငါ့အသားနဲ့ရော သွင်းတာ ချိုရဲ့လား သခင်

မင်းတို့ရဲ့သားချော ဆိုင်ကယ် စီးဖို့ ငါ့အသားကိုလှီး ငါ့အရည်ကိုလှန်ခဲ့တယ်။မင်းခြေဖဝါးကဆူးမင်းထွင်ပြီး ထုတ်နေချိန် ငါ့ခွာကြားကဆူးခွါသာထပ်ဖြစ်ခဲ့တယ်။လူ့ဘုံနဲ့ တိရစ္ဆာန်ဘုံဟာဘာများကွာခြားသလဲမင်းလက်ကကြိမ်လုံးနဲ့ ငါ့ကျောကုန်းပေါ် တစ်သားထဲကျခဲ့ ငါလဲနာတတ်တယ်သခင်။ငါ့နှာသီးဖျားထဲဝါးချွန်နဲ့ ထိုးသွင်းတုန်းကမင်း ကလဲအံတွေကြိတ် ငါလဲပဲမျက်လုံးကိုမှိတ် အံကိုကြိတ် မင်းကထုရတဲ့ “တူ” ငါကခံရတဲ့ “ပေ ”အသည်းလှိုက်အောင်နာကျင်​နေလဲ ငါဘာများတတ်နိုင်မှာလဲသခင်။

မင်းတို့ကျွန်ဖြစ်တဲ့အဆုံးတော့ နွံနစ်တော့ လဲ ရုန်းရတာပဲမဟုတ်လား။ငါနေမကောင်းဖြစ်ချိန် ကြိမ်လုံးနဲ့ရိုက် နှာဖားကြိုးဆောင့်ဆွဲအမြှီးကို လိမ်ခေါက်မင်းတို့တုတ်တွေနဲ့ ငါ့ကိုရိုက်တယ်။’မထ’တဲ့အဆုံးငါ့ကျောပေါ်ထမ်းရွက်ခြောက်တင်ပြီး မီးနဲ့ရှို့ဗိုက်ထဲကငါ့ကလေးတောင် မျက်ရည်ကျလောက်တယ်။သေချာတယ်မင်းတို့ သိပ်ကြောက်တဲ့ ငရဲဘုံဟာငါအတွက်တော့ မင်းနေ​နေတဲ့ ဒီလူ့ဘုံပဲသခင်။

ကျေးဇူးတရားဆိုတာ မင်းကပိုသိပါတယ်သခင်။ ငါ့ခန္ဓာကိုယ်ဟာမင်းတို့အတွက် မစင် ထိတိုင်အကျိုးရှိပါတယ်။နွေအခါမှာ လယ်ထဲမင်းနဲ့ငါအတူတူ လယ်ထွန်တယ်။မင်းမောလို့သစ်ပင်အောက် ပြေးနားတဲ့အချိန် ငါ့အတွက်အရိပ်ဆိုတာ ငါ့ ပုခုံးပေါ်က ထန်းပိုးပဲရှိပါတယ်သခင်။ဆောင်းအခါမှာ စောင်အထူကြီးတွေ နဲ့ မင်းတို့ နွေးနေချိန်ငါ့အရေပြားဟာ ငါ့ရဲ့စောင်ပါပဲ​နွေးမယ်လို့ထင်သလားသခင်။

အမဲသားလို့မခေါ်ပါနဲ့မင်းတို့အားအင်ချိနဲ့တဲ့အခါသောက်တဲ့ ငါ့နို့ရည်တွေ ဖြူစင်ပါတယ် သံသရာမှာချုချာတဲ့နွားမို့ တရံတခါမှာ ပူဆာတဲ့သားအတွက် မင်းအိမ်ကဆင်းပါ့မယ် ဟိုသတ်ကွင်း ဘယ်လောက်ရက်စက်ပ့ ငါမငြင်းပါဘူး။ငါ့အားနဲ့ဖြစ်တဲ့ ဆန်ထမင်း မင်းတို့ ဝမ်းထဲငါ့အသားနဲ့ရော သွင်းတာ ချိုသလားသခင်။မင်းရဲ့သားဆိုင်ကယ်စီးဖို့ သားသတ်ရုံမှာ ငါမရုန်းတော့ဘဲ ငါ့အသားအလှီးခံပါ့မယ်။မူရင်းသို့လေးစားစွာဖြင့်

Add a Comment

Your email address will not be published. Required fields are marked *

4 × four =