ၾကည့္ရႈသူ ပရိတ္သတ္ေတြ ဘဝအေမာေျပေစ ႏိုင္မယ့္ ကိုေပါက္ ရဲ႕ အခြီ ဗြီဒီယို (႐ုပ္သံ)

အႏုပညာရွင္​​ေတာ္​​ေတာ္​မ်ားမ်ားဟာ ကိုဗစ္​ကာလမွာ ႐ိုက္​ကူး​ေရး​ေတြ နားထားရတယ္​ ဆို​ေပမယ့္ သူတို႔ကြၽမ္းက်င္​ရာကိုယ္​စီနဲ႔ ပရိသတ္​ကို ဆိုရွယ္​မီဒီယာက​ေနတစ္​ဆင့္ ​ေဖ်ာ္​​ေျဖ​ေနဆဲပါ။ဒီထဲမွာမွ ကို​ေပါက္​ရဲ႕ဟာသဗီဒီယို​ေလး​ေတြဟာ ပရိသတ္​​ေတြၾကား ​ေရပန္းစား​ေနတာပဲျဖစ္​ပါတယ္​။ပရိသတ္​ကို ဟာဒယ႐ႊင္​​ေဆးတိုက္​​ေကြၽး​ေနတဲ့ ကို​ေပါက္​က​ေတာ့ သူ႔ရဲ႕အႏုပညာကို ပရိသတ္​နဲ႔အဆက္​အျပတ္​ထိ​ေတြ႕ခြင့္ရ​ေအာင္​ ႀကိဳးစားရင္း ၾကည္​ႏူးရတဲ့အျဖစ္​အပ်က္​​ေလးတစ္​ခုကို ​ေျပာျပလာပါတယ္​။

သူတင္​ထားတဲ့ ဟာသ ဗီဒီယို​ေလး​ေတြကိုၾကည့္ရင္း သားတစ္​​ေယာက္​ပူပူ​ေႏြး​ေႏြးဆုံးရႈံးထားရတဲ့ မိခင္​တစ္​ဦးဟာ စိတ္​ဒဏ္​ရာကို ကုစား​ေနတယ္​လို႔ သိရတဲ့အတြက္​ ကို​ေပါက္​တစ္​​ေယာက္​ သူ႔လုပ္​ရပ္​ကို အက်ိဳးရွိတယ္​လို႔ထင္​မိတဲ့အ​ေၾကာင္း​ေလးကို ​ေဖ့ဘြက္​စာမ်က္​ႏွာက​ေန ဒီလို​ေလး မွ်​ေဝ​ေပးထားတာပါ။“ကိုယ္ေဆာ့ေနတဲ့ ေပ်ာ္စရာTik Tok ေတြက လူတစ္ေယာက္အတြက္ တစ္ခုခုအက်ိဳးရွိတယ္ဆိုေတာ့ ဝမ္းသာမိတယ္။ တစ္ခါတစ္ခါ ေမွ်ာ္လင့္မထားတာေတြက အရာထင္ တတ္ၾကသလို အပိုင္တြက္ထားတဲ့အရာေတြကလည္း ကန္းကုန္ေအာင္လြဲသြားတတ္တယ္။

ကိုယ္လုပ္တဲ့လုပ္ရပ္က ကိုယ့္အတြက္ လည္းအက်ိဳးမရွိ သူမ်ားအတြက္လည္း အက်ိဳးမရွိဘူးဆိုရင္ ကြန႔္မင့္ေတာင္ဝင္မေရးတာေကာင္းတယ္။ တဖက္လူအတြက္ စိတ္ဓာတ္ခြန္ အားရေစမယ့္ ကြန႔္မင့္မ်ိဳး၊ တဖက္ လူအတြက္မွားေနတာကို အမွန္ကို အျပဳသေဘာေဆာင္တဲ့ကြန႔္မင့္မ်ိဳး၊ တဖက္ လူစိတ္ခ်မ္းသာေစမယ့္ ေပ်ာ္ေစမယ့္ ကြန႔္မင့္မ်ိဳးေတြနဲ႔ပဲ ေလာကကိုအလွဆင္ၾကရေအာင္။ ဘာပဲျဖစ္ျဖစ္တစ္ေယာက္ နဲ႔ တစ္ေယာက္ အျပန္အလွန္ အက်ိဳးရွိတာေတြပဲ ေ႐ြးလုပ္ၾကရေအာင္။ ကြၽန္ေတာ္က လူေတာ္ လူေကာင္းတစ္ေယာက္မဟုတ္ပါဘူး။

ဒါေပမယ့္ အရင္ကလို ျပန္မဆိုးေအာင္ ႀကိဳးစား ေနတယ္ ”ကို​ေပါက္​ရဲ႕ ဟာသဗီဒီယို​ေလး​ေတြကို ၾကည့္ရင္း ၿပဳံး​ေပ်ာ္​ရတဲ့ပရိသတ္​ႀကီးလည္း ဒီျဖစ္​ရပ္​​ေလးကို ၾကားၿပီး ပီတိျဖစ္​မိမယ္​လို႔ ယုံၾကည္​ပါတယ္​။ ပရိသတ္​ခ်စ္​တဲ့ ကို​ေပါက္​လည္း ဒီထက္​ပို​ေကာင္းတဲ့ အႏုပညာ​ေလး​ေတြဖန္​တီးႏိုင္​ပါ​ေစလို႔ ​ေမွ်ာ္​လင့္ရင္း ဗီဒီယို​ေလး​ေတြ ၾကည့္ရင္း စိတ္​​ေဝဒနာ ကုစား​ေနရတဲ့မိခင္​လည္း စိတ္​သက္​သာရပါ​ေစလို႔ ဆု​ေတာင္း​ေပး လိုက္​ရ​ေအာင္​​ေနာ္​။

unicode

ကြည့်ရှုသူ ပရိတ်သတ်တွေ ဘဝအမောပြေစေ နိုင်မယ့် ကိုပေါက် ရဲ့ အခွီ ဗွီဒီယို (ရုပ်သံ)

အနုပညာရှင်​​တော်​​တော်​များများဟာ ကိုဗစ်​ကာလမှာ ရိုက်​ကူး​ရေး​တွေ နားထားရတယ်​ ဆို​ပေမယ့် သူတို့ကျွမ်းကျင်​ရာကိုယ်​စီနဲ့ ပရိသတ်​ကို ဆိုရှယ်​မီဒီယာက​နေတစ်​ဆင့် ​ဖျော်​​ဖြေ​နေဆဲပါ။ဒီထဲမှာမှ ကို​ပေါက်​ရဲ့ဟာသဗီဒီယို​လေး​တွေဟာ ပရိသတ်​​တွေကြား ​ရေပန်းစား​နေတာပဲဖြစ်​ပါတယ်​။ပရိသတ်​ကို ဟာဒယရွှင်​​ဆေးတိုက်​​ကျွေး​နေတဲ့ ကို​ပေါက်​က​တော့ သူ့ရဲ့အနုပညာကို ပရိသတ်​နဲ့အဆက်​အပြတ်​ထိ​တွေ့ခွင့်ရ​အောင်​ ကြိုးစားရင်း ကြည်​နူးရတဲ့အဖြစ်​အပျက်​​လေးတစ်​ခုကို ​ပြောပြလာပါတယ်​။

သူတင်​ထားတဲ့ ဟာသ ဗီဒီယို​လေး​တွေကိုကြည့်ရင်း သားတစ်​​ယောက်​ပူပူ​နွေး​နွေးဆုံးရှုံးထားရတဲ့ မိခင်​တစ်​ဦးဟာ စိတ်​ဒဏ်​ရာကို ကုစား​နေတယ်​လို့ သိရတဲ့အတွက်​ ကို​ပေါက်​တစ်​​ယောက်​ သူ့လုပ်​ရပ်​ကို အကျိုးရှိတယ်​လို့ထင်​မိတဲ့အ​ကြောင်း​လေးကို ​ဖေ့ဘွက်​စာမျက်​နှာက​နေ ဒီလို​လေး မျှ​ဝေ​ပေးထားတာပါ။“ကိုယ်ဆော့နေတဲ့ ပျော်စရာTik Tok တွေက လူတစ်ယောက်အတွက် တစ်ခုခုအကျိုးရှိတယ်ဆိုတော့ ဝမ်းသာမိတယ်။ တစ်ခါတစ်ခါ မျှော်လင့်မထားတာတွေက အရာထင် တတ်ကြသလို အပိုင်တွက်ထားတဲ့အရာတွေကလည်း ကန်းကုန်အောင်လွဲသွားတတ်တယ်။

ကိုယ်လုပ်တဲ့လုပ်ရပ်က ကိုယ့်အတွက် လည်းအကျိုးမရှိ သူများအတွက်လည်း အကျိုးမရှိဘူးဆိုရင် ကွန့်မင့်တောင်ဝင်မရေးတာကောင်းတယ်။ တဖက်လူအတွက် စိတ်ဓာတ်ခွန် အားရစေမယ့် ကွန့်မင့်မျိုး၊ တဖက် လူအတွက်မှားနေတာကို အမှန်ကို အပြုသဘောဆောင်တဲ့ကွန့်မင့်မျိုး၊ တဖက် လူစိတ်ချမ်းသာစေမယ့် ပျော်စေမယ့် ကွန့်မင့်မျိုးတွေနဲ့ပဲ လောကကိုအလှဆင်ကြရအောင်။ ဘာပဲဖြစ်ဖြစ်တစ်ယောက် နဲ့ တစ်ယောက် အပြန်အလှန် အကျိုးရှိတာတွေပဲ ရွေးလုပ်ကြရအောင်။ ကျွန်တော်က လူတော် လူကောင်းတစ်ယောက်မဟုတ်ပါဘူး။

ဒါပေမယ့် အရင်ကလို ပြန်မဆိုးအောင် ကြိုးစား နေတယ် ”ကို​ပေါက်​ရဲ့ ဟာသဗီဒီယို​လေး​တွေကို ကြည့်ရင်း ပြုံး​ပျော်​ရတဲ့ပရိသတ်​ကြီးလည်း ဒီဖြစ်​ရပ်​​လေးကို ကြားပြီး ပီတိဖြစ်​မိမယ်​လို့ ယုံကြည်​ပါတယ်​။ ပရိသတ်​ချစ်​တဲ့ ကို​ပေါက်​လည်း ဒီထက်​ပို​ကောင်းတဲ့ အနုပညာ​လေး​တွေဖန်​တီးနိုင်​ပါ​စေလို့ ​မျှော်​လင့်ရင်း ဗီဒီယို​လေး​တွေ ကြည့်ရင်း စိတ်​​ဝေဒနာ ကုစား​နေရတဲ့မိခင်​လည်း စိတ်​သက်​သာရပါ​စေလို့ ဆု​တောင်း​ပေး လိုက်​ရ​အောင်​​နော်​။

Add a Comment

Your email address will not be published. Required fields are marked *

3 + eight =