ကိုဗစ်ကပ်ရောဂါ ကာလအတွင်း မှာ လူတွေ အဖြစ်များလာ တဲ့ နောက်ထပ်ရောဂါ တစ်ခုအကြောင်း

ကိုဗစ်ကပ်ရောဂါ ကာလအတွင်း မှာ လူတွေ အဖြစ်များလာ တဲ့ နောက်ထပ်ရောဂါ တစ်ခုအကြောင်း

မနက်ခင်း ကျရင် လက်တွေခြေတွေညောင်းတယ်။ လက်မောင်းတွေ တစ်ခါ တစ်ခါကျဉ်တယ်။ လေဖြတ်မှာစိုးတယ် ဆရာ။” “လက်မောင်းတွေ ကျဉ်တာနဲ့ ညောင်းတာနဲ့ လေဖြတ်တာမှာကို ကြိုပြတဲ့လက္ခဏာ မဟုတ်ပါဘူး။ နေပါဦး ညတုန်းက အိပ်လို့ရလား။” “မနက် ၃ နာရီမှာနေမကောင်း လို့လားမသိ နိုးလာပြီး ပြန်အိပ်မရဘူး။” “ဒါဖြင့် အရင် ညတွေကော အိပ်ပျော်လို့လား။”တွေခနဲ စဉ်းစားပြီး “အိပ်မရတာတွေ ရှိတယ်။”

“အရင်တခေါက် လေပွဗိုက်တင်းလို့ လာပြတုန်းက ကျနော် ဘာဆေးတွေပေးလိုက်တာလဲ ခင်ဗျားသိလား။ “ဝမ်းပျော့ဆေးရယ်အိပ်ဆေးရယ် နောက်တစ်မျိုးရယ်။” “အိပ်ဆေးမဟုတ်ဘူးဗျ။ သောကပျောက်ဆေး ၂ မျိုးပေးထားတာ။” (Agomelatine နဲ့ Functional Dyspepsia ပါ သက်သာစေတယ် လို့ ကျနော်ယူဆတဲ့ venlafaxine) “ခုလည်း ခင်ဗျား သောကတွေများပြီး နေမကောင်းဖြစ်လာပြန်ပြီ လို့ ယူဆတယ်။ ခဗျား ခုလောလောဆယ် သောကဖြစ်စရာ ရှိနေလား။” “မရှိဘူး။” “လူတွေက သောကဖြစ်ရင် ဒေါသဖြစ်ရင် မသိကြဘူး။ ခုနကပဲ ခင်ဗျားပြောတယ်။ လေဖြတ် မှာစိုးလို့ လို့ပြောတယ်လေ။

အဲဒါ သောကဖြစ်တာ။” သူငြိမ်ပြီး နားထောင်တယ်။ “ခင်ဗျား ဖေဖေါ်ဝါရီမှာ ကျောက်လုပ်ငန်းတွေ ရပ်သွားတုန်းက တစ်ခါနေမကောင်းဖြစ်တယ်။ ဆေး ၂ လ စာပေးလိုက်တော့ နေကောင်းလို့ဆိုပြီး ပြန်မလာပြဘူး။ ခုတော့ အလုပ်မရှိတာကြာပြီး အိမ်မှာ အတွေးတွေများပြီး နေမကောင်းဖြစ်လာပြန်တာ။”“အရင် တစ်ခေါက်ထဲကစီးပွားရေးတစ်ခုခု အပြောင်းအလဲ အထောက်အပံ့ဖြစ်အောင် လုပ်ထားပါလို့ ကျနော်ပြောခဲ့တယ်။ သင်္ကြန်ပြီးရင် စီးပွားရေးတွေ ပြန်စနိုင်မှာမဟုတ်ဘူးလို့ ကျနော် ပြောခဲ့တယ်လေ။” သူနားထောင်နေတယ်။ “ငါ အလုပ် မဖြစ်ဘူးလို့ စိတ်ညစ်မနေနဲ့။ ကိုယ့်ပါတ်ဝန်းကျင်ကိုကြည့်။ကျောက်ဆိုတာက မရှိမဖြစ် မဟုတ်ဘူး။ ဘယ်ကျောက်သမားမှ အလုပ်မဖြစ်ဘူးလေ။ တခြား စီးပွားရေးသမားတွေလည်း ထိုင်နေရတာ များတာပါပဲ။” “အခုလောလောဆယ် မရှိမဖြစ် အခြေခံ အလုပ်တွေပဲ ဆက် လည်ပါတ် လို့ ရနေတယ်။

ဥပမာ စားသောက်ကုန်၊ ကျန်းမာရေး။တော်တော် များများသော စည်းစိမ်ခံပစ္စည်းတွေ ဝန်ဆောင်မှုတွေကို လူတွေ သုံးနိုင်မှာမဟုတ်ဘူး။ တကမ္ဘာလုံး စီးပွားကျနေတာ ဖက်ရှင်လုပ်ငန်းတွေ ထိုင်နေရမယ်။ ဘာပွဲလမ်းမှ ရှိမှာမဟုတ်လို့ လူတွေ လှတပတဝတ်သွားစရာ နေရာမရှိ။” “လုပ်ငန်းတွေ အတော်များများ ရပ်ရတယ်။ မရပ်ရင်လည်း ဝန်ထမ်းတွေ လျော့ရတယ်။ အတိုးနဲ့ လည်ပါတ်နေသူတွေ အထိနာ၊ ဘဏ်တွေလည်း အတိုးလျှော့ပေးရတယ်။” “ခုလို စီးပွားမဖြစ်ချိန်မှာ မသေချာတဲ့ ရှေ့ရေးကို ထိုင်ပူနေမယ့်အစား အစားထိုးစီးပွားရေးတစ်ခု ဘာလုပ်ရင်ကောင်းမလဲ စဉ်းစား ထားသင့်တယ်။အဆိုးဆုံးအနေအထားဖြစ်တဲ့ တရုတ်တွေ စီးပွားကျလို့ ကျောက်ဈေးကွက် အလုပ်မဖြစ်တော့မှာကိုလည်း ထည့်တွေးပြင်ဆင်ရမယ်။”

“အခုလို အလုပ် မရှိချိန်မှာ စီးပွားမဖြစ်တောင် ကျန်းမာရေးကောင်းအောင် လုပ်မယ် လို့တွေးသင့်တယ်။ ခုလို ဝနေတာကြီးကို ပိန်အောင်လုပ်မယ်။သင့်တင့်အစားအစာ စားတဲ့အကျင့်လုပ်မယ် ဒါမျိးဖြစ်သင့်တယ်။ စိတ်လေနေမယ့်အစား မြက်ထရှင်းလိုက်။ မရှင်းခင် မြက်တွေပွနေတာ ကို သေချာကြည့်၊ ရှင်းပြီးသွားရင် ငါလုပ်လိုက်တာ ဆိုတဲ့ ပီတိလေးပေါ်အောင်ကြည့်၊ တစ်ခုခု အကျိုးရှိအောင် လုပ်နေ၊ တချိန်ထဲမှာ ငါလဲကျနေရာကနေ ဘယ်လိုပြန်ထမယ်ဆိုတာတွေးပြီး နည်းလမ်းရှာထား၊ အောက်ခြေက ပြန်စရတာမျိုးတောင် ထည့်တွေးသင့်တယ်။ ဥပမာ – ဆိုင်ငယ်လေး တစ်ခု စားသောက်ဆိုင် သေးသေးလေးတစ်ခုက ပြန်စရတာမျိုးတောင် ဖြစ်နိုင်တယ်။ ဆေးတစ်ရက်စာပဲ ပေးလိုက်မယ်။နက်ဖြန် ပြန်လာပြ။ ခင်ဗျား ကျနော်နဲ့ စကားပြောဖို့ လိုမယ်။” “ဟုတ်တယ် ဆရာ။ ကျနော်ခွေးတွေ သွားကျွေးတော့မယ်။” တဲ့ တကယ်ပြောခဲ့တာ ဒီထက် အများကြီးပါ။ ရိုက်လည်း မတင်နိုင်တော့ဘူး။ ဒီအချိန်မှာ ဒီလိုလူနာတွေ များနေတာကို သိစေချင်တာပါ။

ခရက်ဒစ်