ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ခ်ဳပ္ၿပီး လက္မွတ္ထိုး ထားတဲ့ Mask (၂)ခုကို ေလလံတင္ ေရာင္းခ်မယ္

COVID-19 ေရာဂါထိန္းခ်ဳပ္ေရးရန္ပုံေငြ အတြက္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ခ်ဳပ္လုပ္ထားၿပီး လက္မွတ္ေရးထိုးထားတဲ့ Mask (၂)ခုကို ေလလံတင္ေရာင္းခ်သြားမယ္လို႔ ဒီေန႔ျပဳလုပ္တဲ့အြန္လိုင္းေဆြးေႏြးပြဲကေနတစ္ဆင့္ သိရပါတယ္။ ”Mask ႏွစ္ခုမွာ အေမ့ရဲ႕လက္မွတ္ေလးထိုးေပးၿပီး ေနျပည္ေတာ္ အတြက္တစ္ခု၊ ရန္ကုန္အတြက္တစ္ခု ေလလံတင္ၾကည့္ၿပီးေတာ့ ရန္ပုံေငြလႉေပးလို႔ရႏိုင္ပါတယ္”လို႔

အဲဒီအြန္လိုင္းေဆြးေႏြးပြဲမွာ ပါဝင္ေဆြးေႏြးခဲ့သူ ကိုေမာင္ေမာင္ေအး က တင္ျပခဲ့တာပါ။ ကိုေမာင္ေမာင္ေအးက ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းက NLD ပါတီရဲ႕ ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရးရန္ပုံေငြအတြက္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ လက္ေရးမူကဗ်ာကို သိန္း ၂၄၀၀ ရရွိေအာင္ ေလလံတင္ေရာင္းခ်ေပးခဲ့တဲ့သူထဲက တစ္ဦးလည္း ျဖစ္ပါတယ္။ အခုလို တင္ျပခဲ့တဲ့အေပၚကို ေဒၚေအာင္ဆန္းစုၾကည္က ”ေကာင္းပါၿပီ။

လုပ္ထားတဲ့ Mask ကလည္း ႏွစ္ခုပဲ ရွိပါတယ္။ ႏွစ္ခုလုပ္ထားတာရွိတဲ့ အတြက္ ႏွစ္ခုစလုံးေပး လိုက္လို႔ရပါတယ္” လို႔ ျပန္လည္ေျပာၾကား ခဲ့ပါတယ္။ လက္ရွိျဖစ္ပြားေနတဲ့ COVID-19 ေရာဂါပိုးျပန႔္ပြားမႈကိုထိန္းခ်ဳပ္ရာမွာ ပထမအႀကိမ္ျပန႔္ပြားမႈကို ထိန္းခ်ဳပ္ခဲ့ စဥ◌္တုန္းကလို အလႉရွင္ေတြ သိပ္မရွိေတာ့အတြက္ ရန္ပုံေငြလိုအပ္ခ်က္ေတြ ရွိေနတယ္လို႔ အဲဒီ အြန္လိုင္း ေဆြးေႏြးပြဲ ကေန သိရပါတယ္။

ခရက္ဒစ္

unicode

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ချုပ်ပြီး လက်မှတ်ထိုး ထားတဲ့ Mask (၂)ခုကို လေလံတင် ရောင်းချမယ်

COVID-19 ရောဂါထိန်းချုပ်ရေးရန်ပုံငွေ အတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ချုပ်လုပ်ထားပြီး လက်မှတ်ရေးထိုးထားတဲ့ Mask (၂)ခုကို လေလံတင်ရောင်းချသွားမယ်လို့ ဒီနေ့ပြုလုပ်တဲ့အွန်လိုင်းဆွေးနွေးပွဲကနေတစ်ဆင့် သိရပါတယ်။ ”Mask နှစ်ခုမှာ အမေ့ရဲ့လက်မှတ်လေးထိုးပေးပြီး နေပြည်တော် အတွက်တစ်ခု၊ ရန်ကုန်အတွက်တစ်ခု လေလံတင်ကြည့်ပြီးတော့ ရန်ပုံငွေလှူပေးလို့ရနိုင်ပါတယ်”လို့

အဲဒီအွန်လိုင်းဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးခဲ့သူ ကိုမောင်မောင်အေး က တင်ပြခဲ့တာပါ။ ကိုမောင်မောင်အေးက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက NLD ပါတီရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးရန်ပုံငွေအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရေးမူကဗျာကို သိန်း ၂၄၀၀ ရရှိအောင် လေလံတင်ရောင်းချပေးခဲ့တဲ့သူထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ အခုလို တင်ပြခဲ့တဲ့အပေါ်ကို ဒေါ်အောင်ဆန်းစုကြည်က ”ကောင်းပါပြီ။

လုပ်ထားတဲ့ Mask ကလည်း နှစ်ခုပဲ ရှိပါတယ်။ နှစ်ခုလုပ်ထားတာရှိတဲ့ အတွက် နှစ်ခုစလုံးပေး လိုက်လို့ရပါတယ်” လို့ ပြန်လည်ပြောကြား ခဲ့ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ရောဂါပိုးပြန့်ပွားမှုကိုထိန်းချုပ်ရာမှာ ပထမအကြိမ်ပြန့်ပွားမှုကို ထိန်းချုပ်ခဲ့ စဥ◌်တုန်းကလို အလှူရှင်တွေ သိပ်မရှိတော့အတွက် ရန်ပုံငွေလိုအပ်ချက်တွေ ရှိနေတယ်လို့ အဲဒီ အွန်လိုင်း ဆွေးနွေးပွဲ ကနေ သိရပါတယ်။

ခရက်ဒစ်

Add a Comment

Your email address will not be published. Required fields are marked *

nine − seven =