ျမန္မာႏိုင္ငံမွာ Transgender တစ္ဦးအေန နဲ႔ ပထမဆုံး သီလရွင္ဝတ္ ျဖစ္ခဲ့တဲ့ ေမသစၥာေမာင္

ပရိတ္သတ္ႀကီးေရ ေမသစၥာေမာင္ဆိုတဲ့ ေမာ္ဒယ္လ္ အလွမယ္ ေခ်ာေခ်ာေလး ကေတာ့ ေယာက်္ားေလးဘဝကေန မိန္းကေလးဘဝကို ေျပာင္းလဲထားတဲ့ Transgender တဦးပဲ ျဖစ္ပါတယ္။Transgender တေယာက္အေနနဲ႔ အလွမယ္ ၿပိဳင္ပြဲမ်ားစြာကိုလည္း ဝင္ေရာက္ယွဥ္ၿပိဳင္ကာ ႏိုင္ငံတကာ Transgender မ်ားၾကားမွာေတာင္ ေပၚလြင္ ထင္ရွားတဲ့ သူေလးပဲ ျဖစ္ပါတယ္။ LGBT မ်ားရဲ႕ ရသင့္ရထိုက္တဲ့ အခြင့္အေရးမ်ားအတြက္လည္း ေရွ႕ကေန အၿမဲလိုလို မားမားမတ္မတ္ ရပ္တည္ေပးေလ့ ရွိသူလည္း ျဖစ္တာေၾကာင့္ ပရိတ္သတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကို ရရွိထားသူေလးပါ။သူမရဲ႕ ျဖစ္တည္မႈ ကို နားလည္လက္ခံေပးတဲ့ မိဘမ်ားေၾကာင့္ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ မိသားစုဘဝေလးကို ပိုင္ဆိုင္ထားသူေလးပါ။ သူမရဲ႕ ဒုတိယအိမ္မက္ျဖစ္တဲ့ သီလရွင္ဝတ္နဲ႔ သာသနာအက်ိဳးေဆာင္႐ြက္ခဲ့တဲ့ အေပၚ သူမရဲ႕ ပီတိကိုလည္း မီဒီယာကေနတဆင့္ အခုလိုပဲ ေျဖၾကားခဲ့ပါတယ္။

ေမသစၥာေမာင္ ေျပာခဲ့တာကေတာ့ ” ကိုဗစ္ကာလမွာ စီးပြားေရးေတြလည္း က်ပ္တည္းၿပီး အားလုံး အလုပ္ေတြလည္း ရပ္နားထားရတဲ့အခ်ိန္ဆိုေတာ့ ကိုယ့္ရဲ႕ ဒုတိယအိမ္မက္ျဖစ္တဲ့ သီလရွင္ဝတ္မယ္ဆိုၿပီး ဝတ္ျဖစ္သြားတာပါ။ပထမအိမ္မက္ကေတာ့ အေကာင္အထည္ ေဖာ္ၿပီးသြားၿပီ။ဝတ္မယ္ဆိုၿပီး ဆုံးျဖတ္လိုက္ေတာ့ စိုးရိမ္မႈေတာ့ ရွိတယ္။ ဝတ္ လို႔ရ မရလည္း ေမးၾကည့္မယ္ေပါ မရလည္း ကိစၥမရွိဘူးဆိုၿပီး ဘုန္းဘုန္းကို ေမးၾကည့္ေတာ့ ဝတ္လို႔ရတယ္ဆိုတာနဲ႔ ဝတ္ျဖစ္သြားတယ္။ဘုန္းဘုန္းက ေျပာတာကေတာ့ ဝိနည္းနဲ႔လည္း ညီတယ္ ေယာက်္ားျဖစ္ေစ မိန္းမျဖစ္ေစ အဓိကက ကိုယ့္ရဲ႕ စိတ္ပဲေပါ့ ကိုယ့္ရဲ႕ ခႏၶာကိုယ္ေျပာင္းလဲမႈ အေပၚမွာ ဘာမွ ေထြေထြထူးထူး မရွိဘူး ဝတ္လို႔ရတယ္ဆိုတာနဲ႔ ဝတ္ျဖစ္တာပါ။ ”

Transgender တေယာက္အေနနဲ႔ သီလရွင္ဝတ္တဲ့အခါ ႀကဳံရတဲ့ ေဝဖန္မႈေတြနဲ႔ ပက္သက္ ၿပီးလည္း အခုလို ေျဖၾကားခဲ့ပါတယ္။အဓိကကေတာ့ ကိုယ့္ကို ေစာ္ကားေျပာဆိုတာထက္ သာသနာကို ေစာ္ကားေျပာဆိုတာက် ကိုယ္ကလည္း လက္မခံႏိုင္ဘူးေလ။ ဘုန္းႀကီး၊ သီလရွင္ မဝတ္ပဲ အိမ္မွာပဲ တရားအားထုတ္လို႔ေတာ့ ရတယ္ေပါ့ေနာ္။ဒါေပမဲ့ အခုလို သီလရွင္ ဝတ္လိုက္တာက ပိုၿပီး ေအးခ်မ္းတယ္ေပါ့ေနာ္​ အဲ့ဒါေၾကာင့္ ကိုယ္ကလည္း ဝတ္ျဖစ္သြားတာ။ အဲ့ဒါကို လူေတြက ဒါက ဝတ္လို႔မရတာႀကီးကို ဝတ္တယ္ဆိုၿပီး ေျပာဆိုၾကမွာကိုေတာ့ စိုးရိမ္ မိတယ္။

ဆံခ်တဲ့အခါ ၾကက္သီးေတြ ထေနမိတာ စိတ္ကိုက ဒီလို သီလရွင္ဝတ္ရတာကို ကိုယ့္ဘာသာ ေက်နပ္ေနမိတယ္။ မ်က္ရည္လည္း က် အရမ္းလည္း ဝမ္းသာတယ္။အေမကလည္း ငိုတာေပါ့။ သီလရွင္ ဝတ္လိုက္ေတာ့ အရမ္းလည္း ၿငိမ္းခ်မ္းသြားတယ္။ ဘုရား တရားလည္း ပိုလုပ္ျဖစ္တယ္။ ျမန္မာႏိုင္ငံမွာ ပထမဆုံး Transgender တေယာက္အေနနဲ႔ အခုလို ဝတ္ခြင့္ရေတာ့ ဂုဏ္လည္း ဂုဏ္ယူတယ္။ဝမ္းလည္း ဝမ္းသာတယ္။ျမန္မာႏိုင္ငံမွာေတာ့ ေတာ္႐ုံတန္႐ုံက အခုလိုဝတ္တာကို လက္မခံၾကဘူး။ ထိုင္းမွာဆိုလည္း အသိ အခုလို ေျပာင္းလဲထားတဲ့သူေတြ သီလရွင္ဝတ္ၾကတယ္။ တခ်ိဳ႕ ဆို ထြက္ေတာင္ မထြက္ၾကဘူး။ အဲ့တုန္းကေတာ့ အားက်တယ္။ ျမန္မာႏိုင္ငံမွာလည္း အဲ့လို ဝတ္လို႔ရရင္ ေကာင္းမယ္ဆိုၿပီး ေတြးမိတယ္။ အဲ့တုန္းကေတာ့ ကိုယ္က မိန္းမဘဝကို မေျပာင္းရေသးဘူး။ ” ဆိုကာ သူမရဲ႕ အိမ္မက္ကို အေကာင္အထည္ ေဖာ္ႏိုင္ခဲ့တာ နဲ႔ ပက္သက္ၿပီး ေျဖၾကားေပးခဲ့ပါတယ္။ဖတ္ရႈေပးတဲ့ ပရိတ္သတ္ႀကီးကို အထူးပဲ ေက်းဇူးတင္ရွိပါတယ္ရွင္။ သာယာေပ်ာ္႐ႊင္ဖြယ္ေကာင္းတဲ့ ေန႔ရက္ေလးကို ပိုင္ဆိုင္ႏိုင္ၾကပါေစေနာ္။

unicode

မြန်မာနိုင်ငံမှာ Transgender တစ်ဦးအနေ နဲ့ ပထမဆုံး သီလရှင်ဝတ် ဖြစ်ခဲ့တဲ့ မေသစ္စာမောင်

ပရိတ်သတ်ကြီးရေ မေသစ္စာမောင်ဆိုတဲ့ မော်ဒယ်လ် အလှမယ် ချောချောလေး ကတော့ ယောကျ်ားလေးဘဝကနေ မိန်းကလေးဘဝကို ပြောင်းလဲထားတဲ့ Transgender တဦးပဲ ဖြစ်ပါတယ်။Transgender တယောက်အနေနဲ့ အလှမယ် ပြိုင်ပွဲများစွာကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ကာ နိုင်ငံတကာ Transgender များကြားမှာတောင် ပေါ်လွင် ထင်ရှားတဲ့ သူလေးပဲ ဖြစ်ပါတယ်။ LGBT များရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးများအတွက်လည်း ရှေ့ကနေ အမြဲလိုလို မားမားမတ်မတ် ရပ်တည်ပေးလေ့ ရှိသူလည်း ဖြစ်တာကြောင့် ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူလေးပါ။သူမရဲ့ ဖြစ်တည်မှု ကို နားလည်လက်ခံပေးတဲ့ မိဘများကြောင့် ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူလေးပါ။ သူမရဲ့ ဒုတိယအိမ်မက်ဖြစ်တဲ့ သီလရှင်ဝတ်နဲ့ သာသနာအကျိုးဆောင်ရွက်ခဲ့တဲ့ အပေါ် သူမရဲ့ ပီတိကိုလည်း မီဒီယာကနေတဆင့် အခုလိုပဲ ဖြေကြားခဲ့ပါတယ်။

မေသစ္စာမောင် ပြောခဲ့တာကတော့ ” ကိုဗစ်ကာလမှာ စီးပွားရေးတွေလည်း ကျပ်တည်းပြီး အားလုံး အလုပ်တွေလည်း ရပ်နားထားရတဲ့အချိန်ဆိုတော့ ကိုယ့်ရဲ့ ဒုတိယအိမ်မက်ဖြစ်တဲ့ သီလရှင်ဝတ်မယ်ဆိုပြီး ဝတ်ဖြစ်သွားတာပါ။ပထမအိမ်မက်ကတော့ အကောင်အထည် ဖော်ပြီးသွားပြီ။ဝတ်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တော့ စိုးရိမ်မှုတော့ ရှိတယ်။ ဝတ် လို့ရ မရလည်း မေးကြည့်မယ်ပေါ မရလည်း ကိစ္စမရှိဘူးဆိုပြီး ဘုန်းဘုန်းကို မေးကြည့်တော့ ဝတ်လို့ရတယ်ဆိုတာနဲ့ ဝတ်ဖြစ်သွားတယ်။ဘုန်းဘုန်းက ပြောတာကတော့ ဝိနည်းနဲ့လည်း ညီတယ် ယောကျ်ားဖြစ်စေ မိန်းမဖြစ်စေ အဓိကက ကိုယ့်ရဲ့ စိတ်ပဲပေါ့ ကိုယ့်ရဲ့ ခန္ဓာကိုယ်ပြောင်းလဲမှု အပေါ်မှာ ဘာမှ ထွေထွေထူးထူး မရှိဘူး ဝတ်လို့ရတယ်ဆိုတာနဲ့ ဝတ်ဖြစ်တာပါ။ ”

Transgender တယောက်အနေနဲ့ သီလရှင်ဝတ်တဲ့အခါ ကြုံရတဲ့ ဝေဖန်မှုတွေနဲ့ ပက်သက် ပြီးလည်း အခုလို ဖြေကြားခဲ့ပါတယ်။အဓိကကတော့ ကိုယ့်ကို စော်ကားပြောဆိုတာထက် သာသနာကို စော်ကားပြောဆိုတာကျ ကိုယ်ကလည်း လက်မခံနိုင်ဘူးလေ။ ဘုန်းကြီး၊ သီလရှင် မဝတ်ပဲ အိမ်မှာပဲ တရားအားထုတ်လို့တော့ ရတယ်ပေါ့နော်။ဒါပေမဲ့ အခုလို သီလရှင် ဝတ်လိုက်တာက ပိုပြီး အေးချမ်းတယ်ပေါ့နော်​ အဲ့ဒါကြောင့် ကိုယ်ကလည်း ဝတ်ဖြစ်သွားတာ။ အဲ့ဒါကို လူတွေက ဒါက ဝတ်လို့မရတာကြီးကို ဝတ်တယ်ဆိုပြီး ပြောဆိုကြမှာကိုတော့ စိုးရိမ် မိတယ်။

ဆံချတဲ့အခါ ကြက်သီးတွေ ထနေမိတာ စိတ်ကိုက ဒီလို သီလရှင်ဝတ်ရတာကို ကိုယ့်ဘာသာ ကျေနပ်နေမိတယ်။ မျက်ရည်လည်း ကျ အရမ်းလည်း ဝမ်းသာတယ်။အမေကလည်း ငိုတာပေါ့။ သီလရှင် ဝတ်လိုက်တော့ အရမ်းလည်း ငြိမ်းချမ်းသွားတယ်။ ဘုရား တရားလည်း ပိုလုပ်ဖြစ်တယ်။ မြန်မာနိုင်ငံမှာ ပထမဆုံး Transgender တယောက်အနေနဲ့ အခုလို ဝတ်ခွင့်ရတော့ ဂုဏ်လည်း ဂုဏ်ယူတယ်။ဝမ်းလည်း ဝမ်းသာတယ်။မြန်မာနိုင်ငံမှာတော့ တော်ရုံတန်ရုံက အခုလိုဝတ်တာကို လက်မခံကြဘူး။ ထိုင်းမှာဆိုလည်း အသိ အခုလို ပြောင်းလဲထားတဲ့သူတွေ သီလရှင်ဝတ်ကြတယ်။ တချို့ ဆို ထွက်တောင် မထွက်ကြဘူး။ အဲ့တုန်းကတော့ အားကျတယ်။ မြန်မာနိုင်ငံမှာလည်း အဲ့လို ဝတ်လို့ရရင် ကောင်းမယ်ဆိုပြီး တွေးမိတယ်။ အဲ့တုန်းကတော့ ကိုယ်က မိန်းမဘဝကို မပြောင်းရသေးဘူး။ ” ဆိုကာ သူမရဲ့ အိမ်မက်ကို အကောင်အထည် ဖော်နိုင်ခဲ့တာ နဲ့ ပက်သက်ပြီး ဖြေကြားပေးခဲ့ပါတယ်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

Add a Comment

Your email address will not be published. Required fields are marked *

nineteen − six =