ႏွင္းဆီ Unplugged Show မွာ “ထိပ္ဆုံးမွာအေမ” သီခ်င္းသီဆိုရင္း မ်က္ရည္ေတြ ထိန္းမရႏိုင္ ျဖစ္ခဲ့တဲ့ ရဲေလး

အဆိုေတာ္ရဲေလးကေတာ့ ဂီတဖန္တီးမႈစြမ္းရည္ေျပာင္ေျမာက္႐ုံသာမက မိန္းကေလးေတြ ေႂကြခ်င္ေလာက္စရာ ေခ်ာေမာတဲ့ ႐ုပ္ရည္ကိုလည္း ပိုင္ဆိုင္ထားသူ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္လည္း ရဲေလးက အဆိုေတာ္တစ္ေယာက္အျဖစ္သာမက သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္လည္း ႐ုပ္ရွင္နဲ႔ ဗီဒီယိုဇာတ္ကားေတြမွာ သ႐ုပ္ေဆာင္ ႏိုင္ခဲ့တာ ပဲ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္ထိလည္း ရဲေလးက သူဝါသနာပါရာ အႏုပညာအလုပ္ေတြကို စြဲစြဲၿမဲၿမဲလုပ္ကိုင္ေနဆဲ ျဖစ္ပါတယ္။

မေန႔က စက္တင္ဘာလ (၇) ရက္ေန႔မွာေတာ့ ရဲေလးက သူ႔ရဲ႕ႏွင္းဆီ အဖြဲ႕သားေတြျဖစ္တဲ့ ေနတိုး၊ မင္းေမာ္ကြန္း၊ ေက်ာ္ေက်ာ္ဗိုလ္၊ ထြန္းထြန္းတို႔နဲ႔အတူတူ ႏွင္းဆီ Unplugged Show မွာ သီခ်င္းေတြနဲ႔ သီဆိုေဖ်ာ္ေျဖခဲ့ပါတယ္။ ထို Show မွာ ရဲေလးက “ထိပ္ဆုံးမွာအေမ” သီခ်င္းကို သီဆိုခ်ိန္မွာေတာ့ မိခင္ရဲ႕အနစ္နာခံေကြၽးေမြး ေစာင့္ေရွာက္မႈေတြကို ျပန္လည္ျမင္ေယာင္ၿပီး မ်က္ရည္ေတြ ထိန္းမရႏိုင္ျဖစ္ခဲ့ၿပီး သီခ်င္းဆိုၿပီးခ်ိန္မွာေတာ့ ငိုမိတဲ့အထိ ခံစားခ်က္ေတြ နစ္ဝင္ခဲ့တာပဲ ျဖစ္ပါတယ္။

ရဲေလးရဲ႕ “ထိပ္ဆုံးမွာအေမ” သီခ်င္းကေတာ့ ရဲေလး အဆိုေတာ္စျဖစ္စဥ္ကတည္းက ပရိသတ္ေတြ ႀကိဳက္ႏွစ္သက္ခဲ့ရတာျဖစ္ၿပီး ဒီေန႔ဒီအခ်ိန္ထိ ေအာင္ျမင္ေနဆဲပဲ ျဖစ္ပါတယ္။ ရဲေလးတစ္ေယာက္ ခ်စ္တဲ့အေမကို ထိပ္ဆုံးမွာထားႏိုင္တဲ့အထိ ေကြၽးေမြးျပဳစုေစာင့္ေရွာက္ႏိုင္တဲ့ သားေကာင္းတစ္ေယာက္ ျဖစ္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Ye Lay’s fb

Unicode Version

unicode

အဆိုတော်ရဲလေးကတော့ ဂီတဖန်တီးမှုစွမ်းရည်ပြောင်မြောက်ရုံသာမက မိန်းကလေးတွေ ကြွေချင်လောက်စရာ ချောမောတဲ့ ရုပ်ရည်ကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ရဲလေးက အဆိုတော်တစ်ယောက်အဖြစ်သာမက သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ သရုပ်ဆောင် နိုင်ခဲ့တာ ပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း ရဲလေးက သူဝါသနာပါရာ အနုပညာအလုပ်တွေကို စွဲစွဲမြဲမြဲလုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

မနေ့က စက်တင်ဘာလ (၇) ရက်နေ့မှာတော့ ရဲလေးက သူ့ရဲ့နှင်းဆီ အဖွဲ့သားတွေဖြစ်တဲ့ နေတိုး၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်းတို့နဲ့အတူတူ နှင်းဆီ Unplugged Show မှာ သီချင်းတွေနဲ့ သီဆိုဖျော်ဖြေခဲ့ပါတယ်။ ထို Show မှာ ရဲလေးက “ထိပ်ဆုံးမှာအမေ” သီချင်းကို သီဆိုချိန်မှာတော့ မိခင်ရဲ့အနစ်နာခံကျွေးမွေး စောင့်ရှောက်မှုတွေကို ပြန်လည်မြင်ယောင်ပြီး မျက်ရည်တွေ ထိန်းမရနိုင်ဖြစ်ခဲ့ပြီး သီချင်းဆိုပြီးချိန်မှာတော့ ငိုမိတဲ့အထိ ခံစားချက်တွေ နစ်ဝင်ခဲ့တာပဲ ဖြစ်ပါတယ်။

ရဲလေးရဲ့ “ထိပ်ဆုံးမှာအမေ” သီချင်းကတော့ ရဲလေး အဆိုတော်စဖြစ်စဉ်ကတည်းက ပရိသတ်တွေ ကြိုက်နှစ်သက်ခဲ့ရတာဖြစ်ပြီး ဒီနေ့ဒီအချိန်ထိ အောင်မြင်နေဆဲပဲ ဖြစ်ပါတယ်။ ရဲလေးတစ်ယောက် ချစ်တဲ့အမေကို ထိပ်ဆုံးမှာထားနိုင်တဲ့အထိ ကျွေးမွေးပြုစုစောင့်ရှောက်နိုင်တဲ့ သားကောင်းတစ်ယောက် ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Ye Lay’s fb

Unicode Version

Add a Comment

Your email address will not be published. Required fields are marked *

twelve − 2 =