ခါတိုင်း နဲ့ မတူပဲ အဖြူရောင်သတို့သမီးဝတ်စုံလေး နဲ့ ကျက်သရေရှိစွာ လှပနေတဲ့ မော်ဒယ်လ် စစ်ပိုးအိမ်

ပရိသတ်ကြီးရေ ရခိုင်တိုင်းရင်းသူလေးဖြစ်တဲ့ Sexy မော်ဒယ်လ် စစ်ပိုးအိမ်ကတော့ လိင်ပြောင်းလဲခွဲစိတ်မှုပြုလုပ်ထားတဲ့သူတစ်ယောက်ပါ။ အမှတ်မထင် ကြည့်လိုက်ရင် မိန်းကလေးတစ်ယောက်လို ပြစ်ချက်မရှိလှပလွန်းတဲ့ စစ်ပိုးအိမ်က photo shootingတွေကို ရိုက်ကူးရင်း လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ကာ ပရိသတ်ကြား မှာ ရေပန်းစားလူကြိုက်များလာခဲ့တဲ့ သူလေးပဲဖြစ်ပါတယ်။ အမိုက်စားပုံရိပ်လေးတွေနဲ့ ကိုယ်ခန္ဓာကောက်ကြောင်း အလှတွေကြောင့် ပုရိသတိုင်း ရင်ဖိုရတဲ့ သူလေးဆိုရင်လည်း မမှားနိုင်ပါဘူးနော်……။

မော်ဒယ်လ် စစ်ပိုးအိမ်က လတ်တလောမှာတော့ အနုပညာ လှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ကိုင်နေပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း အခိုင်အမာရရှိနေတဲ့ သူတစ်ယောက် လည်းဖြစ်ပါတယ်။ စစ်ပိုးအိမ်က သူမရဲ့ လှုပ်ရှားမှု မှန်သမျှကို လူမှုကွန်ယက်စာမျက်နှာတွေဖြစ်ကြတဲ့ Facebook , Instagram မှာလည်း မကြာခဏဆိုသလို တင်ပေးလေ့ရှိနေတာကြောင့် ပရိသတ်တွေကလည်း အကြိုက်တွေ့နေကြတာပဲ ဖြစ်ပါတယ်…….။

ယနေ့မှာတော့ မော်ဒယ်လ် စစ်ပိုးအိမ်က ခါတိုင်းနဲ့မတူပဲ အဖြူရောင် သတို့သမီးဝတ်စုံလေးနဲ့ ကျက်သရေရှိစွာလှနေတဲ့ ပုံလေးတွေကို တင်ပေးလာခဲ့ပြီး ” မောင့် အနာဂတ် သတို့သမီး​လောင်း​လေး ” ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာပဲ ဖြစ်ပါတယ်။ စစ်ပိုးအိမ်ရဲ့ ပုံလေးတွေ တိုင်းက ဆွဲဆောင်မှုရှိရှိ နဲ့ လှနေတာကြောင့် ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက် ပေးလိုက်ပါတယ်နော်…. ။

Source – Sitt Poe Eain’s FB account

Photo credit – Khant Min Htin

Add a Comment

Your email address will not be published. Required fields are marked *

eight − four =