ချစ်စရာကောင်းတဲ့ပုံစံလေး နဲ့ အမိုက်စားပုံလေးတွေတင်ပေးလိုက်တဲ့ “အိချောပို”

စူစူလို့ ပရိသတ်တွေ ချစ်စနိုးနဲ့ ခေါ်ဆိုကြတဲ့ သရုပ်ဆောင် မင်းသမီးချောလေး အိချောပိုကတော့ ပီပြင်ပြီး အပိုလိုမရှိ ကွက်တိ ကျလွန်းတဲ့ သရုပ်ဆောင် မှုတွေကြောင့် အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုတွေ များစွာ နဲ့ ရှေ့ဆက်လျှောက်လှမ်းနေသူ အနုပညာရှင် တစ်ဦးလည်း ဖြစ်ပါတယ်။သူမဟာ အနုပညာမျိုးရိုးမ ရှိဘဲ ” အနုပညာ ပျိုးခင်း ” မှတစ်ဆင့် လူရွေးချယ်ခံကာ ဝင်ရောက်လာသူ ဖြစ်ပြီး ယနေ့ချိန် မှာတော့ ထိပ်တန်း မင်းသမီးလေး တစ်လက်အဖြစ် ရပ်တည် နေပါပြီနော်။

စူစူဟာ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုလေးတွေ သိပ်မလုပ် သေးဘဲ အနားယူနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကို အလွမ်းပြေ စေရန်လည်း သူမရဲ့ ပုံရိပ်လေးတွေအမြဲ ဝေမျှပေးနေတာပဲ ဖြစ်ပါတယ်။ အားရင် အားသလိုလည်း Tik Tok လေးတွေ ဆော့ကစားလေ့ရှိပြီး သူမရဲ့ Tik Tok Video လေးတွေဟာလည်း ပရိသတ်တွေ ကြားမှာ နာမည်ကြီး ရေပန်းစားလျက် ရှိနေတာပဲ ဖြစ်ပါတယ်။

ယခုမှာတော့ ရိုက်ကွင်းတစ်ခုက အရမ်းလှတဲ့ ပုံတွေကို တင်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ စူစူ ရဲ့ ပုံတွေကို ချစ်တဲ့ ရိသတ်ကြီး ကြိုက်မယ်လို့ ယုံကြည့် ပါတယ်နော်။

Source and Photo Crd- Ei Chaw Po’s Facebook Account
DW-shweyoe

zawgyi




DW-shweyoe