အတည်ပြု လူနာအမှတ်(၇၈၉) ကိုယ်တိုင် ပြောပြလာတဲ့ သူမရဲ့အတွေ့အကြုံ
Credit
unicode
ကျွန်မကေ့နံပတ် 789ပါ အတွေ့အကြုံလေး ရအောင်ပါ ကျွန်မ online Shopping လုပ်ပါတယ် ပုံမှန်ဆို Deilအပ်နေကြပါ 23ရက်နေ့မှာ ကိုယ်တိုင် ပစ္စည်းအချို့ လိုက်ပို့ပါတယ် လှိုင်သာယာနဲ့ ရွှေပြည်သာကိုပါ သွားတဲ့တစ်လျှောက်လုံးလည်း Mask ကိုမချွတ်ပါဘူး လက်သန့်ဆေးနဲ့လည်းခဏခဏဆေးပါတယ်။ ညနေအိမ်ပြန်ရောက်တော့ လူကစနှုံးလာတယ် နေလို့ မသာတော့ဘူး လည်ချောင်းထဲ နာသလို့ဖြစ်လာတယ်. 24ရက်နေ့မနက်ကျတော့ဖျားတယ် ညနေကျတော့ဆေးခန်းသွားပြပါတယ် ဆရာမက သွေးတိုးတယ်ပဲပြောပြီး ဆေးကဒ်တွေပေးတယ် တစ်ခုခုဆိုတိုင်ပင်စရာက တိုင်ပင်နေကြ အမတစ်ယောက်ရှိပါတယ်။
အခုစာကိုလည်း သူရေးထားတဲ့ ပိုစ်တစ်ခုကိုဖြတ်ပြီး ရေးထားတာပါ အမကဆေးခန်းပေးတဲ့ဆေးတွေမသောက်ဖို့ပြောပြပါတယ်.အမပြောတဲ့ဆေးကိုပဲပြောင်းသောက်တော့25ရက်နေ့မှာ.အဖျားကျတယ်.(Live လွှင့်စျေးရောင်းလိုက်ပါသေးတယ် ) 26ရက်နေ့ကျတော့ ရေမိုးချိုးခေါင်းလျော်တယ် လူကမလန်းသေးဘူး အဖျားသာကျသွားတာ 27ရက်မှာ ပါးစပ်အရသာပျက်တာကိုသတိထားမိတယ်။ အနံ့ကိုသတိမထားမိသေးဘူး 28ရက်နေ့ မှတ်မှတ်ရရ ချဉ်ပေါင်ဟင်းချက်တဲ့နေ့ ပုံမှန်ဆို မျှင်ငပိဆိုတာ အနံ့တော်တော်ပြင်းတာပါ အဲ့တော့မှ အနံ့မရတာကို သတိထားမိတာပါ အမှန်ဆို 26ထဲက အနံ့ကမရတော့တာ (ရေချိုးချိန်ဆပ်ပြာအနံ့မရတာကိုသတိမထားမိလိုက်လို့) အိမ်ကလူတွေကို ပြောပြတယ်ဆေးခန်းပြဖို့ ဆေးရုံပြဖို့ပဲပြောတယ်။
မဟုတ်ဘူး ငါမသက်ာဘူး စာတွေမှာလည်း ကိုဗစ်ရောဂါကိုပြနေတယ်လို့ပြောပါတယ် ဒါလည်းနင့်စိတ်ကအဲ့လိုကြီးတွေးနေတာကို လိုက်မတွေးနဲ့တဲ့.နောက်ဆုံးသိလိုက်တာက ကျွန်မအိမ်မှာဆက်နေရင်အားလုံး အခက်ပိုတွေ့ကုန်မှာ.သူတို့ကိုတိုင်ပင်လို့မရတော့ဘူးဆိုတာသိလို့ တိုင်ပင်နေကြအမကိုပဲတိုင်ပင်ပြီး လုပ်သင့်တာကိုလုပ်ပါတယ်။ အမပေးတဲ့ဖုန်းနံပတ်တွေဆက်ပြီး ကိုယ်ဖြစ်နေတာကို ပြောပြပါတယ်(ည8:00လောက်ဆိုတော့ ချက်ခြင်းလာမခေါ်ပါဘူး)မနက် 8:30/9:00လောက်ကျ သက်ဆိုင်ရာတွေတစ်ဆင့်ပြီးတစ်ဆင့်ဖုန်းဆက်မေးတယ်.အိမ်ကိုလာမခေါ်ဖို့ပြောပေမယ့် မရပါဘူး.(ရောဂါရှိနေရင် အခြားသူတွေကူးမှာဆိုးလို့ပါ) ရပ်ကွက်လူကြီးနဲ့ဆက်သွယ်ပြီး အိမ်ကိုလာပြောပါတယ် သူတို့လာခေါ်ပါမယ်ဆိုပြီး
1:00လောက်မှာလာခေါ်ပါတယ် ဒီလိုပဲပတ်ဝန်းကျင်ကဓာက်ပုံတွေရိုက်ဖို့ Liveလွှင့်ဖို့လုပ်တယ် ကျွန်မစိတ်ထဲသိမ်ငယ်သွားပေမယ့် ကျွန်မကိုယ့်အထုတ်ကိုယ်ဆွဲပြီး ရဲရဲဝင်ဝင့်ပဲ အော်ပြောပါတယ် ဓာက်ပုံရိုက်ခွင့်မပြုဘူး Liveလွှင့်ခွင့်မပြုဘူး လက်ခံကြပါတယ် (ရပ်ကွက်လူကြီးက အစမောင်းထုတ်ပေးပါတယ်) မဂ်လာဒုံ ပုလဲဆေးရုံမှာ 2ရက်နေရပါတယ် (ရက်မမှတ်မိ)။ နောက်တော့ ည 8:00နာရီမှာ ဆရာမတွေ ဖုန်းဆက်တယ်. P+တဲ့ စသိသိခြင်း ဟန်မဆောင်နိုင်ဆရာမနဲ့ဖူန်းပြောရင်းငိုမိပါတယ် ဆရာမရဲ့အားပေးစကားကြောင့် စိတ်ကိုငြိမ်အောင် အရင်လုပ်ပြီးမှ.အသိပေးသင့်သူတွေကိုပေးပါတယ်ညတွင်းချင်းပဲဆေးရုံပြောင်းပေးပါတယ် အဲ့ဒီအထိအားငယ်စိတ်က ရှိတုန်းပါပဲ ကြောက်လည်းကြောက်ခဲ့တယ်။
ဝေဘာဂီရောက်တော့ ဆရာမတွေရဲ့နွေးထွေးမူတွေကိုထပ်ရတဲ့အခါ သိပ်မကြောက်တော့ပါဘူး.Fbပေါ်ကသူငယ်ချင်းတွေရဲ့ အားပေးမူတွေဆုတောင်း မေတ္တာ တွေကြောင့် ယခု 7.9.2020မှာ အနံ့ကို သိသိသာသာ ရပါပြီများမကြာခင် ကျွန်မဆေးရုံဆင်းခွင့်ရတော့မယ်လို့ယုံကြည်ပါတယ်။ အားလုံးကိုပြောချင်တာမကြောက်ကြပါနဲ့အားမငယ်ပါနဲ့ ပဲပြောချင်ပါတယ် ကိုယ်ခံအားရှိအောင်နေရင် ပြန်ပြီးကျန်းမာလာမှာပါ.ကိုယ့်စိတ်ကိုယ် မသက်ာရင်စစ်ဆေးမူ အမြန်ခံယူပါ ကိုယ့်ကြောင့်အခြားသူတွေမထိခိုက်မနစ်နာပါစေနဲ့ တိုင်ပင်နေကြ အမရေးထားတဲ့စာကို ကောက်ချက်ချ၍ပြန်ရေးသားထားခြင်းဖြစ်ပါတယ်။
Credit
Add a Comment
Your email address will not be published. Required fields are marked *
sixteen − nine =