(၁၂)ဘီး ကားႏွစ္စီးကို ေရာင္းထုတ္လိုက္ ရတဲ့ အေျခအေနေတြကို ေရာက္သြားတဲ့ အေၾကာင္း ေျပာျပလာတဲ့ ဖိုးခ်စ္

ဖိုးခ်စ္ဟာ ျမန္မာ့ဇာတ္သဘင္ ေလာကမွာ ပရိသတ္အားေပးမႈ အခိုင္အမာရရွိထားသူတစ္ဦး နယ္ပရိသတ္မ်ားရဲ႕ တခဲနက္အားေပးျခင္းကို ခံရတဲ့ မင္းသားဦးျဖစ္ပါတယ္။ဇာတ္သဘင္ေလာကမွာလည္း နာမည္ႀကီးသလိုသူရွင္သန္ရာ ဇာတ္သဘင္နဲ႔ပတ္သက္ၿပီး အက်ိဳးျပဳလုပ္ငန္းေတြ ေဆာင္႐ြက္ေပးေနသူ တစ္ဦးျဖစ္ၿပီး လက္ရွိအခ်ိန္မွာ ျမန္မာ့ဇာတ္သဘင္ရဲ႕ ဥကၠဌအျဖစ္လည္း တာဝန္ယူေဆာင္႐ြက္ေနသူ ျဖစ္ပါတယ္။

ဖိုးခ်စ္ကေတာ့ ကိုဗစ္ ၁၉ ကာလမွာ သူ႔အေန နဲ႔ ေဖ်ာ္ေျဖမႈေတြရပ္နားထားရတဲ့အတြက္ အခက္အခဲေတြရွိတဲ့အေၾကာင္းေျပာျပ လာခဲ့တာပါမေန႔ကပဲ က်ေနာ့္ (၁၂) ဘီးကားႏွစ္စီးကို ေရာင္းလိုက္ရၿပီ။က်ေနာ့္ လုပ္ေဖာ္ ကိုင္ဖက္ေတြကို စြန႔္လြတ္ လိုက္ရၿပီ။က်ေနာ္ မႈိင္ေနမယ့္ အစား ေပ်ာ္ေအာင္ ႀကိဳးစားေနပါတယ္။ ဗိုလ္ႀကီး လည္း ေသနတ္ မွန္ ရင္ ေသတာပါပဲ။ COVID-19 စျဖစ္တုန္းက လူးလိမ့္ၿပီး ဘာလုပ္ရမွန္း မသိဘူး။ဒုတိယလႈိင္းမွာ ကာကြယ္ရမယ့္ နည္းလမ္းေတြ ပိုသိလာတယ္။စိတ္ခံစားမႈက ေနသာေပမယ့္ ဝမ္းေရးက မေနသာပါဘူး” လို႔ ဆိုလာခဲ့တာပါ

ဆက္လက္ၿပီး ဖိုးခ်စ္က”ဒီကား ၂ စီးက ကြၽန္ေတာ့ လုပ္ေဖာ္ကိုင္ဖက္ ပါပဲ နံပါတ္ကအစ ကြၽန္ေတာ္ေသခ်ာေလးေ႐ြးဝယ္ထားတာ ျပန္ေရာင္းေတာ့လည္း လုေတာင္ဝယ္ၾကတယ္ စိတ္မေကာင္းေပမယ့္ ဒါမွပဲ ကြၽန္ေတာ့ သဘင္ပညာသည္ေတြကို ေထာက္ပံ့ေပးႏိုင္မွာမို႔လိုပါ”လို႔ ေျပာသြား ခဲ့တာပါ ပရိသတ္ႀကီးေရဖိုးခ်စ္ ကေတာ့ အခုလက္ရွိ အေျခအေနကို ျဖတ္ေက်ာ္ႏိုင္ေအာင္ Online ကေနတဆင့္ ေဖ်ာ္ေျဖမႈေတြျပဳလုပ္သြားမယ္လို႔လည္း ေျပာၾကားသြားပါေသးတယ္ပရိသတ္ႀကီးေရ အားလုံးပဲ ဖိုးခ်စ္အတြက္ အားေပးစကားေလး ေျပာခဲ့ၾကပါအုန္းေနာ္

Credit ShweYaungLan

unicode

ဖိုးချစ်ဟာ မြန်မာ့ဇာတ်သဘင် လောကမှာ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူတစ်ဦး နယ်ပရိသတ်များရဲ့ တခဲနက်အားပေးခြင်းကို ခံရတဲ့ မင်းသားဦးဖြစ်ပါတယ်။ဇာတ်သဘင်လောကမှာလည်း နာမည်ကြီးသလိုသူရှင်သန်ရာ ဇာတ်သဘင်နဲ့ပတ်သက်ပြီး အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်ပေးနေသူ တစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာ မြန်မာ့ဇာတ်သဘင်ရဲ့ ဥက္ကဌအဖြစ်လည်း တာဝန်ယူဆောင်ရွက်နေသူ ဖြစ်ပါတယ်။

ဖိုးချစ်ကတော့ ကိုဗစ် ၁၉ ကာလမှာ သူ့အနေ နဲ့ ဖျော်ဖြေမှုတွေရပ်နားထားရတဲ့အတွက် အခက်အခဲတွေရှိတဲ့အကြောင်းပြောပြ လာခဲ့တာပါမနေ့ကပဲ ကျနော့် (၁၂) ဘီးကားနှစ်စီးကို ရောင်းလိုက်ရပြီ။ကျနော့် လုပ်ဖော် ကိုင်ဖက်တွေကို စွန့်လွတ် လိုက်ရပြီ။ကျနော် မှိုင်နေမယ့် အစား ပျော်အောင် ကြိုးစားနေပါတယ်။ ဗိုလ်ကြီး လည်း သေနတ် မှန် ရင် သေတာပါပဲ။ COVID-19 စဖြစ်တုန်းက လူးလိမ့်ပြီး ဘာလုပ်ရမှန်း မသိဘူး။ဒုတိယလှိုင်းမှာ ကာကွယ်ရမယ့် နည်းလမ်းတွေ ပိုသိလာတယ်။စိတ်ခံစားမှုက နေသာပေမယ့် ဝမ်းရေးက မနေသာပါဘူး” လို့ ဆိုလာခဲ့တာပါ

ဆက်လက်ပြီး ဖိုးချစ်က”ဒီကား ၂ စီးက ကျွန်တော့ လုပ်ဖော်ကိုင်ဖက် ပါပဲ နံပါတ်ကအစ ကျွန်တော်သေချာလေးရွေးဝယ်ထားတာ ပြန်ရောင်းတော့လည်း လုတောင်ဝယ်ကြတယ် စိတ်မကောင်းပေမယ့် ဒါမှပဲ ကျွန်တော့ သဘင်ပညာသည်တွေကို ထောက်ပံ့ပေးနိုင်မှာမို့လိုပါ”လို့ ပြောသွား ခဲ့တာပါ ပရိသတ်ကြီးရေဖိုးချစ် ကတော့ အခုလက်ရှိ အခြေအနေကို ဖြတ်ကျော်နိုင်အောင် Online ကနေတဆင့် ဖျော်ဖြေမှုတွေပြုလုပ်သွားမယ်လို့လည်း ပြောကြားသွားပါသေးတယ်ပရိသတ်ကြီးရေ အားလုံးပဲ ဖိုးချစ်အတွက် အားပေးစကားလေး ပြောခဲ့ကြပါအုန်းနော်

Credit ShweYaungLan

Add a Comment

Your email address will not be published. Required fields are marked *

two × 2 =