ရန်ကုန် ဆိုတာ အမြဲနွေးထွေး လျက်ပါ (မန္တလေး လူနာများကို ဝေဘာဂီတွင် ကုပေးမည်)

ရန်ကုန် ဆိုတာ အမြဲနွေးထွေး လျက်ပါ (မန္တလေး လူနာများကို ဝေဘာဂီတွင် ကုပေးမည်)

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်နေ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့တွင် ကိုဗစ် ရောဂါပိုး စစ်ဆေးတွေ့ ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ယနေ့ ည (၈) နာရီတွင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ကိုဗစ်ရောဂါပိုး အတည်ပြု လူနာ သုံးဦးသည် အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သူများ ဖြစ်ပြီး ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်၌ အသွားအလာ ကန့်သတ်ထားရှိစဉ် ရောဂါပိုး ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိရခြင်း ဖြစ်ပါတယ်။

ယင်းလူနာ (၃) ဦးသည် မန္တလေး၊ မဟာအောင်မြေမြို့နယ် မှ ဖြစ်ပြီး အသက်(၃၉)နှစ်အရွယ် အမျိုးသား (Case-204)၊ အသက် (၆၃)နှစ်အရွယ် အမျိုးသမီး(Case-205)နှင့် အသက်(၆၆)နှစ်အရွယ် အမျိုးသား (Case-205)တို့ကို ရန်ကုန်မြို့ ဝေဘာဂီ အထူးကုဆေးရုံ ၌ ထားရှိကုသပေးရန် စီစဉ်ထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ အရ မေ(၂၄)ရက်တွင် အိန္ဒိယနိုင်ငံမှ ပြန်လည်ခေါ်ဆောင်လာပြီး ရန်ကုန်မြို့ ၌ Facility Quarantine (သတ်မှတ်နေရာ၌ အသွားအလာ ကန့်သတ်ထားရှိသူ) (၂၁)ရက်ထားရှိသူ (၁၂၃)ဦး ရှိတယ်လို့ သိရပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးဌာန အနေဖြင့် မေ(၁၉)ရက်က ပထမအသုတ်အဖြစ် အိန္ဒိယနိုင်ငံ၌ အခက်ကြုံနေသည့် မြန်မာနိုင်ငံသား (၉၅)ဦးကို ခေါ်ဆောင်ခဲ့ပြီး ဖြစ်သလို မနက်ဖြန် မေ(၂၇)ရက်တွင်လည်း တတိယအသုတ်အဖြစ် ဂါယာ-ရန်ကုန် ခရီးစဉ်အတိုင်း ကယ်ဆယ်ရေး လေယာဉ်ပြေး ဆွဲလျက် အိန္ဒိယနိုင်ငံ၊ ဂါယာမြို့နှင့် ယင်းမြို့၏ အနီးအနားဒေသများရှိ မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ယနေ့ မေ(၂၆) ရက်၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံ တွင် ကိုဗစ် ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၂၀၆) ဦး ရှိပြီး သေဆုံးသူ (၆)ဦး ရှိပါတယ်။ ရောဂါပိုးကင်းစင်လာသူ (၁၂၄) ဦး ရှိပြီး (၁၁၄) ဦး ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားပါတယ်။

crd :whitesone

Add a Comment

Your email address will not be published. Required fields are marked *

three × 1 =