သဃၤန္းကြၽန္းက ဒီမနက္ ပိုးေတြ႕ ၇၃ေယာက္လုံး Music Zone ကျဖစ္ေန

ဒီေန႔မနက္ သဃၤန္းကြၽန္းၿမိဳ႕နယ္မွာ ပိုးေတြ႕လူနာသစ္ ၇၃ေယာက္ ေတြ႕ခဲ့ၿပီး ဒီလူနာေတြဟာ Music Zone ကျဖစ္ေၾကာင္း သဃၤန္းကြၽန္းၿမိဳ႕နယ္က်န္းမာေရးဦးစီးမႉး ေဒါက္တာေစာေအာင္ေ႐ႊျဖဴက ဒီဗြီဘီကိုေျပာပါတယ္။လူနာနံပါတ္ ၇၄၁ နဲ႔ဆက္စပ္ၿပီး၊Music Zoneမွာဘဲ ကြာရတင္းထားရာ ကေန ဓာတ္ခြဲနမူနာယူစစ္ေဆးရာက ေရာဂါပိုးေတြ႕ရွိတာျဖစ္ေၾကာင္း ဆိုပါတယ္။

“အကုန္လုံး Music Zone ကပါ။ ဆက္စပ္ၿပီးကူးခံရတာပါ။”ဟု သူကေျပာပါတယ္။ Music Zone ဟာ သဃၤန္းကြၽန္းၿမိဳ႕နယ္ သုမဂၤလာလမ္းမွာ ဖြင့္လွစ္ထားၿပီး၊ စားေသာက္ဆိုင္၊ စင္တင္ေတးဂီတနဲ႔ KTV ပါတြဲၿပီး ဖြင့္လွစ္ထားတာျဖစ္ပါတယ္။

လူေနထူထပ္တဲ့ ရန္ကုန္ မွာေတာ့ ပိုးေတြ႕လူနာအေရအတြက္ ဟာ စက္တင္ဘာလ ၉ ရက္ မနက္ပိုင္းအထိ စုစုေပါင္း အတည္ျပဳလူနာအေရအတြက္ဟာ ၉၇၁ ေယာက္အထိရွိသြားပါၿပီ။

unicode

ဒီနေ့မနက် သင်္ဃန်းကျွန်းမြို့နယ်မှာ ပိုးတွေ့လူနာသစ် ၇၃ယောက် တွေ့ခဲ့ပြီး ဒီလူနာတွေဟာ Music Zone ကဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာစောအောင်ရွှေဖြူက ဒီဗွီဘီကိုပြောပါတယ်။လူနာနံပါတ် ၇၄၁ နဲ့ဆက်စပ်ပြီး၊Music Zoneမှာဘဲ ကွာရတင်းထားရာ ကနေ ဓာတ်ခွဲနမူနာယူစစ်ဆေးရာက ရောဂါပိုးတွေ့ရှိတာဖြစ်ကြောင်း ဆိုပါတယ်။

“အကုန်လုံး Music Zone ကပါ။ ဆက်စပ်ပြီးကူးခံရတာပါ။”ဟု သူကပြောပါတယ်။ Music Zone ဟာ သင်္ဃန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်းမှာ ဖွင့်လှစ်ထားပြီး၊ စားသောက်ဆိုင်၊ စင်တင်တေးဂီတနဲ့ KTV ပါတွဲပြီး ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

လူနေထူထပ်တဲ့ ရန်ကုန် မှာတော့ ပိုးတွေ့လူနာအရေအတွက် ဟာ စက်တင်ဘာလ ၉ ရက် မနက်ပိုင်းအထိ စုစုပေါင်း အတည်ပြုလူနာအရေအတွက်ဟာ ၉၇၁ ယောက်အထိရှိသွားပါပြီ။

Add a Comment

Your email address will not be published. Required fields are marked *

5 × five =