သူမလို မိန်းမ အတွက် ငွေကြေးဥစ္စာ ထက် ချစ်ခြင်းမေတ္တာ အစစ်မှန်ပဲလိုအပ်တယ်ဆို တဲ့ပိုပို





unicode

ချစ်ပရိသတ်ကြီးရေ ပိုပိုကတော့ သီချင်းဆိုကောင်းသလို ရုပ်ရည်လေးကလည်း ချောမော လှပတာကြောင့် ဝန်းရံအားပေးသူတွေ များပြားနေတာပဲ ဖြစ်ပါတယ်။ ပိုပိုက တေးသီချင်းပေါင်းမြောက်များစွာကို သီဆိုခဲ့ပြီး သူမကိုယ်တိုင်လည်း သီချင်းတွေ ရေးစပ်လေ့ရှိတာ ဖြစ်ပါတယ်။ ပိုပိုက လက်ရှိမှာလည်း ပရိသတ်တွေအတွက် ရသမျိုးစုံပေးနိုင်မယ့် သီချင်းအသစ်တွေကို ဆက်တိုက်ဆိုသလို ဖန်တီးနေတာလည်း ဖြစ်ပါတယ်။

ပိုပိုက လူငယ်ဆန်ဆန် လွတ်လပ်ပေါ့ပါးစွာ နေထိုင်တတ်သူလေးဖြစ်ပြီး ခေတ်မှီလှပတဲ့ ဖက်ရှင် လေးတွေကို ဝတ်စားဆင်ယင်လေ့ရှိတာ လည်းတွေ့ရပါတယ်။လတ်တလောမှာတော့ ဖက်ရှင်အမိုက်စားလေးနဲ့ ဆွဲဆောင်မှုရှိရှိလှရက်လွန်းနေတဲ့ ပုံလေးတွေနဲ့အတူ “ကျမလိုမိန်းမ တစ်ယောက်အတွက် ကတော့ ငွေကြေးဥစ္စာတွေထက် ချစ်ခြင်းမေတ္တာ စစ်စစ်သာ လိုအပ်သည် ဉာဏ်ပညာနဲ့ အားကိုးချင်စရာ ဖေးမညှာတာမှုကတော့ အစစ် တောင်းပါရစေ “ဆိုတဲ့စာလေးကို ဖော်ပြထားတာတွေ့ရပါတယ်။

ပိုပိုရဲ့ လူငယ်ဆန်ဆန် အမြဲလိုလိုဖက်ရှင်အဆန်းလေးတွေနဲ့ ချစ်စရာ ကောင်းနေတဲ့ ဟန်ပန်အမူအရာလေးတွေကလည်း ပရိသတ်တွေကို အချစ်ပိုစေခဲ့တာလည်း ဖြစ်ပါတယ်။ချစ်ပရိသတ်ကြီးလည်း သူမရဲ့ ပုံရိပ်လေးတွေနဲ့ ခံစားချက်စာလေးကို ကြည့်ရှုနိုင်စေရန် ဖော်ပြပေးလိုက်ပါတယ်။ ပိုပိုလည်း ဒီထက်မက အောင်မြင်မှုတွေရရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source :Po Po Facebook Page

Add a Comment

Your email address will not be published. Required fields are marked *

8 + two =