အင်းဝ စစ်ကိုင်း တံတား ပေါ်က အမွှာ ညီအမ နှစ်ဦး ရဲ့ CCTV မှတ်တမ်းများ ပုံရိပ်များ တွေ့ရှိ

အင်းဝ စစ်ကိုင်း တံတား ပေါ်က အမွှာ ညီအမ နှစ်ဦး ရဲ့ CCTV မှတ်တမ်းများ ပုံရိပ်များ တွေ့ရှိ

“စစ်ကိုင်း တံတားခေါ် အင်းဝ တံတားကြီးပေါ်မှ ဧရာဝတီ မြစ်အတွင်း ခုန်ချ အဆုံးစီရင်သွားသည်ဟု ယူဆရသူ.အမွှာညီအစ်မနှစ်ဦး မပျောက်ဆုံး မီ ဧရာဝတီ တံတားကြီးပေါ် ဆိုင်ကယ်နှင့်ဖြတ်သန်းပုံ မှတ်တမ်းတွေ့ရစဉ်”

ယခုအခါ covid 19 ကူးစက်မြန်ရောဂါ လှုပ်ခတ်မှုနှင့် အတူ မေလ ၂၄ ရက်နေ့က စစ်ကိုင်းတံတားခေါ် အင်းဝတံတားကြီးပေါ် တံတား၏အလယ်ဗဟိုတည့်တည့်တွင် လူတစ်ဦးတစ်ယောက်မျှ မတွေ့ရှိဘဲ ဆိုင်ကယ်တစ်စီးရပ်ထားသည်ကို စစ်ကိုင်းဘက်ခြမ်း တံတားလုံခြုံရေး ရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များ မွန်းလွဲ ၁ နာရီခန့် လှည့်ကင်းဆောင်ရွက်စဉ်တွေ့ရှိသည့် အတွက် ရဲတပ်ဖွဲ့နှင့် မြို့နေလူထုအကြား လှုပ်ခတ်သွားခဲ့ရသည်။

ပုံတွင် ဆိုင်ကယ် တစ်စီးဖြင့် အမျိုးသမီးနှစ်ဦး ဧရာဝတီ တံတားပေါ် ဖြတ်သန်းနေစဉ် ဤပုံအရတွေ့ရှိ ထားသော်လည်း ယခုအခါ နှစ်ဦးစလုံး အသက်ဆုံးပါး သွားနိုင်သည်ဟု ယူဆပါတယ်။

အမျိုးသမီးတစ်ဦး ၏ ရုပ်အလောင်း ကိုမူ မေလ ၂၆ ရက်နေ့ မနက် ၁၀နာရီခန့်က စစ်ကိုင်းမြို့အနီး ကရက်ကျွန်းနား မှ ဧရာဝတီမြစ်ထဲက ရေလုပ်သား တစ်ဦး တွေ့ရှိထားသည့်အတွက် စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ သတင်းပေးအကြောင်းကြားခဲ့သည်ဟု သိရပါသည်။နောက်ထပ် တစ်ဦးကိုတော့ ရှာဖွေနေဆဲ ဖြစ်သည်။၎င်း အမွှာညီအစ်မနှစ်ဦး ၏ ထူးခြားသောဘဝဖြစ်စဉ်နှင့် နှစ်ကိုယ် တစ်စိတ် ထားရှိပုံအသေးစိပ်ကိုတော့ သူမတို့၏ မိသားစုနှင့် တွေ့ဆုံမေးမြန်းပြီးမှသာလျင် ဆက်လက်ရေး သားဖော်ပြပါတော့မည်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

14 − 3 =