အဆိုတော်ချစ်ကောင်းကတော့ တစ်ခေတ်တစ်ခါကနေ ယနေ့အချိန်ထိ ကျော်ကြားနေဆဲအဆိုတော် တစ်ယောက်ပဲ ဖြစ်ပါတယ်။ ချစ်ကောင်းရဲ့ သမီး အိမ့်ချစ်ကလည်း အဖေ့ရဲ့ခြေရာကိုနင်းပြီး အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်နေသူတစ်ယောက်ပဲဖြစ်ပါတယ်။ အိမ့်ချစ်ဟာလည်း အခုဆိုရင် သမီးရှင်မိခင်တစ်ယောက်ဖြစ်လို့နေပြီဖြစ်ပြီး သူမကိုယ်တိုင်လည်း မိဘနေရာကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ အိမ့်ချစ်က သူမရဲ့သီချင်းတွေကို လွမ်းနေကြတဲ့ ပရိသတ်တွေအတွက် ဖေဖေဦးချစ်ကောင်းရဲ့ “စတော်ဘယ်ရီသမီးလေး” သီချင်းကို သမီးလေးအမရာအတွက် ပြန်လည်သီဆို ချပြပါတယ်။ အိမ့်ချစ်က “သမီးလေးအတွက် သီချင်းလေးတစ်ပုဒ်လောက် ဆိုပါလို့ ပြောလာကြတဲ့ပရိသတ်တွေကြောင့် အဖေကကိုယ့်ကိုမွေးတုန်းကအမှတ်တရဆိုခဲ့ဖူးတဲ့ စတော်ဘယ်ရီသမီးလေးဆိုတဲ့ သီချင်းလေးကို သမီးလေး အမရာ အတွက်အမှတ်တရ ပြန်လည် အသက်သွင်းဆန်းသစ်ဖန်တီးခဲ့ပါတယ်” ဆိုပြီး မျှဝေပေးလာပါတယ်။
အိမ့်ချစ်ရဲ့ “စတော်ဘယ်ရီသမီးလေး” သီချင်းလေးကတော့ ခံစားမှုအပြည့်နဲ့ သီဆိုခဲ့တာမို့ သီချင်းလေးက အရမ်းကို နားထောင်ကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း “စတော်ဘယ်ရီသမီးလေး” သီချင်းလေးကို နားဆင်ပြီး ကျေနပ်ကြမယ်ထင်ပါတယ်နော်။
Source: Eint Chit’s fb
zawgyi
Source: Eint Chit’s fb