အိမ္ကေခြးေလးေတြ ကို ႏိုင္းဝမ္း နဲ႔ ယုန္ေလး ဆိုၿပီး နာမည္ေပးထားတဲ့ ပိုးၾကာျဖဴခင္ေၾကာင့္ ေရေတာင္သီးတယ္ ဆိုတဲ့ ႏိုင္းဝမ္း

ကိုယ္ခ်စ္တဲ့တိရိစာၦန္ေလးေတြ ကို အျမတ္တႏိုးအေန နဲ႔ နာမည္ေလးေတြေပး တတ္ၾကတာ သဘာဝပါပဲ။ ပိုးၾကာျဖဴခင္ရဲ႕ အိမ္ကေခြးေလးေတြ ကိုေတာ့ သူမတို႔မိသားစု ခ်စ္စႏိုး နာမည္ေလးေတြေပး ခဲ့ပါေသးတယ္။ မိသားစု ရဲ႕ေပ်ာ္စရာအခ်ိန္ေလးေတြကို Live လႊင့္ခဲ့တဲ့ ပိုးၾကာျဖဴခင္ ရဲ႕ ဗီဒီယိုကို ႏိုင္းဝမ္းကဝင္ၾကည့္ခဲ့ၿပီးေနာက္ အိမ္ကေခြးေလးတစ္ေကာင္ရဲ႕ နာမည္က သူ႔ရဲ႕အႏုပညာနာမည္ နဲ႔ တူေနတာေၾကာင့္ ေရေတာင္သီးတယ္ဆိုၿပီး စေနာက္ခဲ့ပါေသးတယ္။

ဒီဗီဒီယိုေလးကို ႏိုင္းဝမ္းက ျပန္တင္တဲ့ အခ်ိန္မွာေတာ့ ယုန္ေလးက သူငယ္ခ်င္း အခ်င္းခ်င္း ဝင္ေရာက္စေနာက္ခဲ့တာေၾကာင့္ အျပန္အလွန္ စေနာက္ေနတဲ့အခ်ိန္မွာပဲ ပိုးၾကာျဖဴခင္က သူမ တို႔ အိမ္မွာ ယုန္ေလး ဆိုတဲ့နာမည္နဲ႔ ေနာက္ထပ္ေခြးေလးတစ္ေကာင္ ရွိေသးေၾကာင္းနဲ႔ ဒီနာမည္ေလးေတြကို မိခင္ကိုယ္တိုင္ ေပးတာျဖစ္ေၾကာင္း ထပ္မံေျပာဆိုလိုက္တဲ့ အခ်ိန္မွာေတာ့ အားလုံးရယ္ေမာခဲ့ၾက ပါတယ္။

ေခြးေလးရဲ႕ နာမည္က ႏိုင္းႏိုင္းျဖစ္တာေၾကာင့္ သူ႔ရဲ႕မ်ိဳးဆက္ေလးေတြကို ႏိုင္းဝမ္း နဲ႔ ႏိုင္းတူး ဆိုၿပီးေပးထားခဲ့တယ္လို႔ ပိုးၾကာျဖဴခင္က ဆိုပါတယ္။ ဒီဗီဒီယိုေလးကိုလည္း ” မင္းသမီး ပိုးၾကာျဖဴခင္ Live ေလးဝင္ၾကည့္မိပါတယ္ ေသာက္ေနတဲ့ေရေတာင္ သီးတြားတယ္ ဘယ္လို ေဒေတာင္လားဟ ” ဆိုၿပီး ႏိုင္ဝမ္းက ေဝမွ်ခဲ့ပါတယ္။ ပရိသတ္ႀကီးေရာ ဒီလိုရယ္ ခ်င္စရာ တိုက္ဆိုင္မႈေတြ ႀကဳံခဲ့ဖူးေသးလား။

Happy – Cele Zone
Photo – Kyaw Zin Latt

unicode

ကိုယ်ချစ်တဲ့တိရိစ္ဆာန်လေးတွေ ကို အမြတ်တနိုးအနေ နဲ့ နာမည်လေးတွေပေး တတ်ကြတာ သဘာဝပါပဲ။ ပိုးကြာဖြူခင်ရဲ့ အိမ်ကခွေးလေးတွေ ကိုတော့ သူမတို့မိသားစု ချစ်စနိုး နာမည်လေးတွေပေး ခဲ့ပါသေးတယ်။ မိသားစု ရဲ့ပျော်စရာအချိန်လေးတွေကို Live လွှင့်ခဲ့တဲ့ ပိုးကြာဖြူခင် ရဲ့ ဗီဒီယိုကို နိုင်းဝမ်းကဝင်ကြည့်ခဲ့ပြီးနောက် အိမ်ကခွေးလေးတစ်ကောင်ရဲ့ နာမည်က သူ့ရဲ့အနုပညာနာမည် နဲ့ တူနေတာကြောင့် ရေတောင်သီးတယ်ဆိုပြီး စနောက်ခဲ့ပါသေးတယ်။

ဒီဗီဒီယိုလေးကို နိုင်းဝမ်းက ပြန်တင်တဲ့ အချိန်မှာတော့ ယုန်လေးက သူငယ်ချင်း အချင်းချင်း ဝင်ရောက်စနောက်ခဲ့တာကြောင့် အပြန်အလှန် စနောက်နေတဲ့အချိန်မှာပဲ ပိုးကြာဖြူခင်က သူမ တို့ အိမ်မှာ ယုန်လေး ဆိုတဲ့နာမည်နဲ့ နောက်ထပ်ခွေးလေးတစ်ကောင် ရှိသေးကြောင်းနဲ့ ဒီနာမည်လေးတွေကို မိခင်ကိုယ်တိုင် ပေးတာဖြစ်ကြောင်း ထပ်မံပြောဆိုလိုက်တဲ့ အချိန်မှာတော့ အားလုံးရယ်မောခဲ့ကြ ပါတယ်။

ခွေးလေးရဲ့ နာမည်က နိုင်းနိုင်းဖြစ်တာကြောင့် သူ့ရဲ့မျိုးဆက်လေးတွေကို နိုင်းဝမ်း နဲ့ နိုင်းတူး ဆိုပြီးပေးထားခဲ့တယ်လို့ ပိုးကြာဖြူခင်က ဆိုပါတယ်။ ဒီဗီဒီယိုလေးကိုလည်း ” မင်းသမီး ပိုးကြာဖြူခင် Live လေးဝင်ကြည့်မိပါတယ် သောက်နေတဲ့ရေတောင် သီးတွားတယ်ဘယ်လို ဒေတောင်လားဟ ” ဆိုပြီး နိုင်ဝမ်းက ဝေမျှခဲ့ပါတယ်။ ပရိသတ်ကြီးရော ဒီလိုရယ် ချင်စရာ တိုက်ဆိုင်မှုတွေ ကြုံခဲ့ဖူးသေးလား။

Happy – Cele Zone
Photo – Kyaw Zin Latt

Add a Comment

Your email address will not be published. Required fields are marked *

four × 1 =