လူနာ အမှတ် (၁၀၂၁) ပြောပြတဲ့ ဖောင်ကြီးဆေးရုံ လက်ရှိ အခြေအနေ

ကျမ မအိအိကို(ခ) မအိမ့်မူး သည် ၃ရက်နေ့မနက် ၈နာရီတွင် Positive အတည်ပြုကြေငြာခံလိုက်ရပါတယ်။ ကျမ ဒီလိုဝန်ခံလိုက်လို့ ကျမရောဂါသက်သာလာလို့ ကျမကို မည်သူမျှ အဖက်မလုပ်ချင်လဲ ရပါတယ် ကျမ တခြားအလုပ်တွေ လုပ်စားမရလဲ ကိစ္စမရှိပါ ကျမက မြန်မာနိုင်ငံသူ တယောက်ဖြစ်လို့ မြန်မာပြည်မှာဆွဲခေါ်တာထက်တွန်းချတာတွေ အများအပြား ကျမ သိထားပါတယ် ကျမအနေနဲ့ တခြားလူတွေ ကျမလို မဖြစ်စေဖို့ ဖြစ်လာခဲ့ရင် ကြောက်စရာမလိုဘဲ ရင်ဆ်ုင်နိုင်အောင် ကျမတင်ပြချင်ပါသည် ကျမသည် ၈လပိုင်း ထဲမှာ သွားလာခဲ့တာက

၁-Nail art သင်တန်း ၂- သူငယ်ချင်းတယောက် ရဲ့မွေးနေ့ ၃-ရပ်ကွက်နားကဈေး ၄- အိမ်နားက လူစည်တဲ့ စတိုးဆိုင် ၅- ကျမသိပ်ချစ်တဲ့လူပေါင်းစုံနဲ့ထိတွေ့ရတဲ့ ကျမ ရဲ့ အလုပ် အလှပြင်ဆိုင်ပေါ့ပြောချင်တာက ဒီ အချက်တွေထဲမှာ ကျမ ရောဂါကူးစက်ရခြင်း တရားခံက ဒီ၅ချက်ထဲကပါပဲ

ရောဂါက ပျံ့နှံ့နေ လို့ မည်သူ့ဆီကပါလို့ အတတ်မသိရပါဘူး လူပေါင်းစုံ အလွှာပေါင်းစုံ ကူးစက်နေတဲ့ ဒီရောဂါဟာရန်ကုန် (လိုင်းကားပေါ်ကအစ ကုမ္မဏီ သူဌေး ခရိုနီတွေ ကအဆုံး ကူးစက်ပျံ့နံ့နေတာမို့ ငါ့ဆီမှာတော့ မရှိလောက်ဘူးမထငိကြပါနဲ့)

နောက်တခု ကိုယ်ဖျားနာ နေမကောင်း ဖြစ်လာတာပဲဖြစ်ဖြစ် မဖြစ်တာပဲဖြစ်ဖြစ် လူနာနဲ့ထိတွေ့ထားရင် အစစ်ခံဖို့မကြောကိကြပါနဲ့ ဖြစ်သွားရင်လဲ ပိုက်ဆံတပြားမှ မကုန်ပဲ ပျောက်ကင်းအောင် နိုင်ငံတော်အကြီးအကဲ များမှ စီစဉ်ပေးထားပီး ဆရာဝန်ဆရာမ သုနာပြုများမှ အထူးဂရုစိုက် ကုသပေးနေပါတယ်(ရောဂါ လက္ခဏာနဲ့ပါတ်သတ်တဲ့အချက်များ)

ကူးစက်ခံရပီး ကိုယ်ခံအားနည်းလျှင် ၅ရက် အတွင်း ရောဂါလက္ခဏာပြတတ်ပါသည် ၁ -(ခေါင်းအုံခေါင်းကိုက် ) ၂-(အဖျားငွေ့ငွေ့လေး ဖျားခြင်း) ၃- (အနံ့အသက်မရတော့ခြင်း) ၄- (ချောင်းလေးနည်းနည်းဆိုးခြင်း) ၅- (လည်ပင်းနည်းနည်းနာခြင်း) စသည့်လက္ခဏာ များဖြစ်တတ်ပါသည်။

တယောက်နဲ့တယောက်ဖြစ်တာ မတူညီကြပါ ကျမကတော​ ရောဂါပိုးတွေ့ရှိပီးဖောင်ကြီးဆေးရုံရောက်ရှိလာမှ ချောင်းဆိုးခြင်းဖြစ်သည်။ တချို့မှာ လက္ခဏာ လုံးဝမပြပါ ပိုးတွေ့လူနာထိတွေ့မှူနဲစစ်ဆေးရာ မှာ ပိုးတွေရှိနေခြင်းဖြစ်တယ် ဖောင်ကြီးဆေးရုံရောက်ရှိလာသူ အများအပြား ထဲမှာ တယောက်နဲ့တယောက်ဖြစ်ပုံ မတူညီကြပါ ထို့ကြောင့်ကို့ပါတ်ဝန်းကျင် အားနည်းသူတွေကို ကို့ကြောင့် ရောဂါမကူးပါစေနှင့် ထိတွေ့မှူရှိထားလျှင် Q ဝင်ပီးစစ်ဆေးကြပါလို့တိုက်တွန်းပါတယ်

ကျမနဲ့အဲ့၅ချက်ထဲထိတွေ့ခဲ့သူများကိုလဲ ကျမကတောင်းပန်ပါတယ် ဘာ့အတွက်ကြောင့်လဲ ဆိုတော့ သူတို့ဆီကကူးတာလား မည်သူမည်ဝါဆိုတာ ကျမကိုယ်တိုင် အတိအကျမသိခြင်းကြောငိ့ Home Q လေးနေပီး တခုခုဆို ဖျားနာကုဆေးခန်း ကိုဖုန်း ဆက်ပီး အစစ်ခံကြပါရန် တိုက်တွန်းလိုက်ပါတယ်

အခု ကျမတို့ဟာ ဖောင်ကြီး မှာ ပျော်ရွှင်ကျန်းမာပီး အေးအေးချမ်းချမ်းနေရပါတယ် ထမင်းစားချိန်အရံသင့် ဖျားနာလျှင် ဆေးအရံသင့် ရေချိုးခန်း အိမ်သာ အားလုံးက သန့်ပြန့်နေပါတယ် နေရထိုင်ရတာ လုံခြုံပါတယ် တယောက်တခန်းစီ သပ်သပ်ခပ်ခပ်လေးထားပါတယ် အခန်းထဲမှာ ရေမွေးအကောင်းစားဘူး တဘက် အသစ် စောင်ကသစ် ခေါင်းအုံး အသစ် အားလုံးသန့်ပြန့်နေလို့ စိတ်တိုင်းကျတယ် ပျော်ရွှင်နေတယ်ကဲ သူငယ်ချငိးတို့ အိမ့်မူးရဲ့ ညီကိုမောင်နှမတွေ ရောဂါ ကင်းစင်မှ ကိုယ်သိပ်ချစ်ရတဲ့သူတွေကို Safe ဖြစ်အောင် ကိုကိုယ်ကိုSafeဖြစ်မှ ဆုံကြမယ်နော်၊ Bye. I love you all

source : Eaim hmue

Add a Comment

Your email address will not be published. Required fields are marked *

3 + 2 =