လူစိတ် ဝင်စားအောင် တမင်ဖွ တဲ့ Program Script မျိုး ထင် တယ် ဆိုပြီး သုံးသပ်ပြလိုက် တဲ့ သရုပ်ဆောင် စည်သူမောင်







unicode

ယခု သ တင်းသည် Shwe Yaung Myanmar မှ ရေးသားထားသော သတင်း ဖြစ်သည်။

ရုပ်ရှင်မင်းသားတစ်ယောက်ဖြစ်တဲ့ စည်သူမောင်ကတော့ အခုချိန်ထိလည်း အနုပညာအလုပ်တွေလုပ်ကိုင်လျှက်ရှိပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကို ရရှိနေဆဲပါနော်။စည်သူမောင်က မိဘအပေါ်မှာလည်း သိတတ်လိမ္မာတာကြောင့် မကျန်းမာတဲ့မိခင်ကို ဘေးနားကနေ သေချာဂရုစိုက်ပေးနေတာဖြစ်ပါတယ်။အခုချိန်ထိလည်း ခန့်ညားနုပျိုနေဆဲဖြစ်တဲ့ စည်သူမောင်ကတော့ နှုတ်ခမ်းနီမလေးတွေဝိုင်းဝိုင်းလည်နေရလောက်အောင် ချောမောတာဖြစ်ပါတယ်နော်။

ပရိသတ် အားပေးမှုအများဆုံးရရှိနေတဲ့ The Voice Myanmar (Season 3) ရဲ့ Blind Audition မှာ ပြိုင်ပွဲဝင် တစ်ဦးဝင်ရောက်ယှဉ်ပြိုင်တဲ့ သီချင်းတစ်ပုဒ်ရဲ့ မူရင်းအဆိုရှင်ကိုမေ့ထားပြီး နောက်မှပြန်ဆိုထားသူ အဆိုတော်ကိုသာ နာမည်တပ်လိုက်တဲ့အတွက် လူပြောများခဲ့ တာပါ ဒီကိစ္စနဲ့ ပတ်သတ်ပြီး စည်သူမောင်က သူ့ရဲ့အမြင်ကို အခုလိုပြောလာခဲ့ပါတယ်

ကိုRကြီးနဲ့က ဟိုးအရင် ထဲက ခင်လည်းခင်တယ် လေးလဲ လေးစားရတယ်…အနုပညာသမားအချင်းချင်းကတော့ မသိပဲပြောမယ်လို့ မထင်ပါဘူး..တွေးမိတာတစ်ခုက Program Script ကြောင့်များလားပေါ့၊ ဘာပဲ ဖြစ်ဖြစ် ကိုအာဇာနည် ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ ဖြစ်သွားမယ် မထင်ပါဘူး လို့ စည်သူမောင်ကပြောလာခဲ့တာပါ

“တမျိုးတော့ခံစားရတာပေါ့နော် ကိုယ်လုပ်တဲ့ အနုပညာပေါ်မှာ ကျော်သွားသလို ခံစားရတာပေါ့ ဒါပေမယ့် ဇာနည်ကနေတတ်ပါတယ် အေးအေးဆေးဆေးပဲ သူ့ကိုတော့တကယ် appreciate လုပ်တယ် တခြားသူတွေကိုလည်းဝေဖန်တာတော့မဟုတ်ပါဘူး ” လို့စည်သူမောင်ကဆိုလာခဲ့တာပါ ပရိသတ်ကြီးရေ

ဒါကတော့ စည်သူမောင်က အငြင်းပွားမှုတွေဖြစ်ခဲ့တဲ့ The Voice Myanmar ရဲ့ blind audition အပေါ် သုံးသပ်ပြခဲ့တာပဲဖြစ်ပါတယ်နော်

Add a Comment

Your email address will not be published. Required fields are marked *

three × 5 =