ကိုဗစ် အလွန်တွင် အလုပ် အကိုင် ဖန်တီးရေး ကို အထူးအလေးပေးမည် ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ကိုဗစ် အလွန်တွင် အလုပ် အကိုင် ဖန်တီးရေး ကို အထူးအလေးပေးမည် ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

စီမံချက်များ တွင် အလုပ်အကိုင် ဖန်တီးရေး ကို အထူးအလေးပေး မည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူသို့ သတင်းစကားပါးသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် မေလ ၂၆ ရက်တွင် ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ တစ်ဆင့် အသိပေး ခဲ့ခြင်းဖြစ်ပြီး စီးပွားရေးလိုအပ်ချက်ကြောင့် ပြည်သူများ တိုင်းတစ်ပါး သို့သွားရသည့် အခြေအနေများကိုလည်းပြောင်းလဲလိုကြောင်း ထည့်သွင်းရေးသားခဲ့သည်။‘‘အရာရာတိုင်းမှာလိုပဲ ရည်ရွယ်ချက်တွေ အောင်မြင်ဖို့ ပြည်သူရဲ့ ပူးပေါင်း အားပေးမှုဟာ အဓိကပါ။ ပြည်တွင်း အလုပ်အကိုင်တွေ အတွက် ရမယ့်ဝင်ငွေက ချက်ချင်းတော့ ပြည်ပ မှာ ရနိုင်တာကို မမီတာဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ကိုယ့်ရပ်ကိုယ့်ရွာ၊ ကိုယ့်နိုင်ငံမှာနေရတဲ့ သုခအကျိုးအမြတ်တွေရဲ့တန်ဖိုးလည်း ရှိပါသေးတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

မကြာသေးမီက ဘန်ကောက်မြို့ မှ ဆေးကုသ၍ ပြန်လည်ရောက်ရှိလာသူ မန္တလေးတိုင်း ဝန်ကြီးချုပ်၊ အာဏာရပါတီ၏ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်ကလည်း ဝန်ကြီး ချုပ်တာဝန်များ ပြန်လည်ထမ်းဆောင်ချိန်တွင် အလုပ်အကိုင် ဖန်တီးပေးရေးကို ဦးစားပေး လုပ်ဆောင်မည်ဟု ပြောကြား ထားသည် မြန်မာနိုင်ငံ၌ ကိုဗစ်အတည်ပြုလူနာ စတင်တွေ့ရှိခဲ့သည့် မတ်လ ၂၃ရက် ရက်အချိန်မှ စတင်ကာ စီးပွားရေးလုပ်ငန်း အများစုတုံ့ ဆိုင်းခြင်း၊ ရပ်နားခြင်းတို့ဖြစ်ပေါ်ခဲ့သဖြင့် အလုပ်လက်မဲ့သိန်းနှင့်ချီ၍ ဖြစ်ပေါ်ခဲ့သည်။ပြည်ပ မှ မြန်မာနိုင်ငံသား အများအပြား ပြန်လာနေချိန်တွင် ၎င်းတို့အတွက် ကျန်းမာရေး၊ ခရီး သွားလာရေး အစီအစဉ်များ ချမှတ်ဆောင်ရွက်ရသည်မှာ တာဝန်ကြီးမားသော်လည်း အခက်အခဲကြုံရချိန်တွင် အမိမြေကို အားကိုးစိတ်ဖြင့် ပြန်လာကြသည့်အပေါ် ကျေနပ် ဂုဏ်ယူ မိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရေးသားထားသည်။

‘‘အချို့အင်အားကြီးနိုင်ငံ များရဲ့ ပြည်သူတွေဟာ နိုင်ငံခြား ရပ်ခြားရောက်တုန်း ပြဿနာ တစ်ခုခုဖြစ်ရင် ‘ကျုပ်တို့က ဘယ်နိုင်ငံ သား’ဆိုပြီး မိမိတို့နိုင်ငံရဲ့ အင်အား အရှိန်ကို ယူကြပါတယ်။ ကျွန်မကတော့ ဘယ်သူ့ကိုမှ ကျောချင်တဲ့ စိတ်နဲ့မဟုတ်ဘဲ ဘယ်လိုအခြေအနေမှာ မဆို ဒို့နိုင်ငံက ဒို့ကိုပစ်ထားမှာမဟုတ် ဘူးဆိုတဲ့ စိတ်လုံခြုံမှုမျိုး ကျွန်မတို့ ပြည်သူတွေမှာ ရှိစေချင်ပါတယ်’’ ဟု ၎င်းက ဆိုသည်။ အစိုးရအဖွဲ့၏ လုပ်ဆောင် မှုများသည် အနာဂတ်အတွက် ရင်းနှီးမှုများ ဖြစ်စေလိုကြောင်း ယမန်နေ့တွင် ထပ်မံရေး သားခဲ့ပြီး မည်သည့် အခြေအနေတွင်ဖြစ်စေ အဆိုးဘက်ကို ရောက် သွားမည် လား၊ အကောင်းဘက်ကို ရောက် သွားမည်လားဆိုသည်မှာ ကာယ ကံရှင်များ အပေါ် များစွာမူတည် ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။ နိုင်ငံ၏ ပြန်လည် ထူထောင်ရေးကာလဟုဆိုနိုင်သည့် လက်ရှိအချိန်တွင် တစ်ထောင့် တစ်နေရာမှ ပါဝင်နိုင်သည့်အခွင့်အရေး၏ တန်ဖိုးသည်လည်း ကြီးမား ကြောင်းနှင့် အနာဂတ်မျိုးဆက်များ အတွက် ရုပ်ပိုင်း၊ စိတ်ပိုင်း ဆိုင်ရာ အမွေအနှစ်များစုဆောင်း ရေးတွင် ပါဝင်ကြစေ လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြည် သူများကို တိုက်တွန်း ထားသည်။

crd : panpyoelat