“က်ီးကန္း” က ေပးတဲ့ “သင္ခန္းစာ”

တစ္ခါက က်ီးကန္း တစ္ေကာင္ရွိတယ္။ သူက သူ႔ကိုယ္သူ “ေလာကမွာ ငါဟာအေပ်ာ္ဆုံးငွက္တစ္ေကာင္ပဲ” ဆိုၿပီး ဘဝကို သာယာေနတယ္။ တစ္ေန႔ သူဗ်ိဳင္းတစ္ေကာင္ကိုေတြ႕တယ္။“သူ႔တစ္ကိုယ္လုံးက ျဖဴေဖြးေနတာပဲ ငါကေတာ့ မည္းနက္ေနတယ္

သူဟာေလာကမွာ အေပ်ာ္ဆုံး ငွက္ျဖစ္လိမ့္မယ္” လို႔ ေတြးမိတယ္။ ဒီလိုနဲ႔ ဗ်ိဳင္းကိုသြားေျပာတယ္ ”ကိုဗ်ိဳင္းရာ ခင္ဗ်ားအေရာင္က ျဖဴေဖြးေနတာပဲ လွလိုက္တာ ဧကႏၲခင္ဗ်ားဟာ ေလာကမွာ အေပ်ာ္ဆုံးငွက္ပဲမလား။” ဒီေတာ့ ဗ်ိဳင္းကျပန္ေျပာတယ္။

“ကြၽန္ေတာ္လည္း အစက ဒီလိုေတြးမိတာ ၾကက္တူေ႐ြး ကိုမေတြ႕ခင္အထိကပဲဗ်ာ ကြၽန္ေတာ္ကသာ အျဖဴေရာင္ တစ္ခုတည္းရွိတာ သူမွာက အေရာင္ ၂မ်ိဳးရွိတယ္ သိပ္လွတယ္ဗ်။” ဒီလိုနဲ႔က်ီးကန္းလည္း ၾကက္တူေ႐ြးဆီသြားတယ္။” ခင္ဗ်ားက

အေရာင္ ၂မ်ိဳးနဲ႔ သိပ္လွတယ္ဗ်ာ ခင္ဗ်ားက ကမာၻေပၚမွာ အေပ်ာ္ဆုံး ငွက္ပဲမလား။” ၾကက္တူေ႐ြးက ”ဟား ကြၽန္ေတာ္က ဘာဟုတ္ေသးလဲဗ်ာ ကြၽန္ေတာ့္မွာ အေရာင္၂မ်ိဳးပဲရွိတာ ေဒါင္းမွာ အေရာင္ေတြ အမ်ားႀကီးနဲ႔ဗ် ခင္ဗ်ားသူ႔ကို သြားေမးပါလား”လို႔

ေျဖလိုက္တယ္။ ဒီလိုနဲ႔ က်ီးကန္းလည္း ေဒါင္းကိုလိုက္ရွာရင္း တိရစာၦန္႐ုံ တစ္ခုထဲမွာ လူေတြအမ်ားႀကီး ဝိုင္းၾကည့္ေနတဲ့ ေဒါင္းကိုေတြ႕လိုက္တယ္ “အားပါး လွလိုက္တာ သူကေသခ်ာေပါက္ အေပ်ာ္ဆုံးငွက္ပဲ”လို႔ ေတြးလိုက္တယ္။ ဒီလိုနဲ႔ တိရစာၦန္႐ုံ

ပိတ္ခ်ိန္ထိေစာင့္ေနၿပီး ညေနလူရွင္းေတာ့ ေဒါင္းဆီ သြားေျပာတယ္။”ကိုေဒါင္း ခင္ဗ်ားဒီေလာက္လွတာ ခင္ဗ်ားက ေလာကမွာ အေပ်ာ္ဆုံးငွက္ပဲဗ်ာ။ လူေတြက ခင္ဗ်ားရဲ႕ အလွကို ဒီလိုတကူးတက လာၾကည့္တယ္ က်ဳပ္ကိုျမင္ရင္ျဖင့္ေတာ့

ေမာင္းလႊတ္တာပဲဗ်ိဳ႕ တစ္ခါတစ္ေလ ခဲနဲ႔ေတာင္ေပါက္လို႔ မနည္းေရွာင္ရ တယ္ဗ်ာ”လို႔ ေျပာတယ္။ ဒီခ်ိန္မွာ ေဒါင္းက “အင္းဗ်ာ ကြၽန္ေတာ္က အလွဆုံးငွက္ဆိုတာမွန္ပါရဲ႕၊ ဒါေပမယ့္ ကြၽန္ေတာ့ရဲ႕ အလွတရားေၾကာင့္ ကြၽန္ေတာ္ဟာ ေလွာင္အိမ္ထဲခ်ဳပ္ေႏွာင္

ခံထားရတယ္။ ဒီမွာမိတ္ေဆြက်ီး ကြၽန္ေတာ္ တိရိစာၦန္႐ုံတစ္ခုလုံးကို ေသခ်ာစူးစမ္း ၿပီးၿပီ။ ေလွာင္အိမ္ထဲ ထည့္မထားခံရတာဆိုလို႔ က်ီးကန္းပဲရွိတယ္ဗ်။ ကြၽန္ေတာ္တစ္ခါတစ္ေလေတြးမိတယ္။ ေလာကမွာ အေပ်ာ္ဆုံးငွက္ဟာ က်ီးကန္းပဲျဖစ္မယ္လို႔ေပါ့။

လြတ္လြတ္လပ္လပ္ ပ်ံသန္းေနတဲ့ က်ီးကန္းေတြျမင္ရင္ ကြၽန္ေတာ္ အရမ္းအားက် တယ္ဗ်ာ”လို႔ ျပန္ေျပာတယ္။ သင္ခန္းစာ – ကြၽန္ေတာ္တို႔ဟာ တခါတေလ ကြၽန္ေတာ္တို႔ႀကဳံေတြ႕ေနရတဲ့ ဘဝအေျခအေနနဲ႔ ျပႆနာေတြအေပၚမွာ မေက်မနပ္ျဖစ္ၿပီး

သူမ်ားဘဝေတြကို အားက်မိတတ္ၾကတယ္။ တကယ္ေတာ့ ဘယ္လိုဘဝမ်ိဳးျဖစ္ျဖစ္ လူတိုင္းမွာ အခက္အခဲေတြ ရွိေနတတ္ပါတယ္။ ၿပီးျပည့္စုံတယ္ဆိုတာ မရွိပါဘူး။ ကိုယ့္ဘဝကိုကိုယ္ ေက်နပ္ႏိုင္သူသာ ေလာကမွာအေပ်ာ္ဆုံး လူသား ျဖစ္ပါလိမ့္မယ္။

crd

unicode

“ကျီးကန်း” က ပေးတဲ့ “သင်ခန်းစာ”

တစ်ခါက ကျီးကန်း တစ်ကောင်ရှိတယ်။ သူက သူ့ကိုယ်သူ “လောကမှာ ငါဟာအပျော်ဆုံးငှက်တစ်ကောင်ပဲ” ဆိုပြီး ဘဝကို သာယာနေတယ်။ တစ်နေ့ သူဗျိုင်းတစ်ကောင်ကိုတွေ့တယ်။“သူ့တစ်ကိုယ်လုံးက ဖြူဖွေးနေတာပဲ ငါကတော့ မည်းနက်နေတယ် သူဟာလောကမှာ အပျော်ဆုံး ငှက်ဖြစ်လိမ့်မယ်” လို့ တွေးမိတယ်။ ဒီလိုနဲ့ ဗျိုင်းကိုသွားပြောတယ် ”ကိုဗျိုင်းရာ ခင်ဗျားအရောင်က ဖြူဖွေးနေတာပဲ လှလိုက်တာ ဧကန္တခင်ဗျားဟာ လောကမှာ အပျော်ဆုံးငှက်ပဲမလား။” ဒီတော့ ဗျိုင်းကပြန်ပြောတယ်။

“ကျွန်တော်လည်း အစက ဒီလိုတွေးမိတာ ကြက်တူရွေး ကိုမတွေ့ခင်အထိကပဲဗျာ ကျွန်တော်ကသာ အဖြူရောင် တစ်ခုတည်းရှိတာ သူမှာက အရောင် ၂မျိုးရှိတယ် သိပ်လှတယ်ဗျ။” ဒီလိုနဲ့ကျီးကန်းလည်း ကြက်တူရွေးဆီသွားတယ်။” ခင်ဗျားက အရောင် ၂မျိုးနဲ့ သိပ်လှတယ်ဗျာ ခင်ဗျားက ကမ္ဘာပေါ်မှာ အပျော်ဆုံး ငှက်ပဲမလား။” ကြက်တူရွေးက ”ဟား ကျွန်တော်က ဘာဟုတ်သေးလဲဗျာ ကျွန်တော့်မှာ အရောင်၂မျိုးပဲရှိတာ ဒေါင်းမှာ အရောင်တွေ အများကြီးနဲ့ဗျ ခင်ဗျားသူ့ကို သွားမေးပါလား”လို့

ဖြေလိုက်တယ်။ ဒီလိုနဲ့ ကျီးကန်းလည်း ဒေါင်းကိုလိုက်ရှာရင်း တိရစ္ဆာန်ရုံ တစ်ခုထဲမှာ လူတွေအများကြီး ဝိုင်းကြည့်နေတဲ့ ဒေါင်းကိုတွေ့လိုက်တယ် “အားပါး လှလိုက်တာ သူကသေချာပေါက် အပျော်ဆုံးငှက်ပဲ”လို့ တွေးလိုက်တယ်။ ဒီလိုနဲ့ တိရစ္ဆာန်ရုံ ပိတ်ချိန်ထိစောင့်နေပြီး ညနေလူရှင်းတော့ ဒေါင်းဆီ သွားပြောတယ်။”ကိုဒေါင်း ခင်ဗျားဒီလောက်လှတာ ခင်ဗျားက လောကမှာ အပျော်ဆုံးငှက်ပဲဗျာ။ လူတွေက ခင်ဗျားရဲ့ အလှကို ဒီလိုတကူးတက လာကြည့်တယ် ကျုပ်ကိုမြင်ရင်ဖြင့်တော့

မောင်းလွှတ်တာပဲဗျို့ တစ်ခါတစ်လေ ခဲနဲ့တောင်ပေါက်လို့ မနည်းရှောင်ရ တယ်ဗျာ”လို့ ပြောတယ်။ ဒီချိန်မှာ ဒေါင်းက “အင်းဗျာ ကျွန်တော်က အလှဆုံးငှက်ဆိုတာမှန်ပါရဲ့၊ ဒါပေမယ့် ကျွန်တော့ရဲ့ အလှတရားကြောင့် ကျွန်တော်ဟာ လှောင်အိမ်ထဲချုပ်နှောင် ခံထားရတယ်။ ဒီမှာမိတ်ဆွေကျီး ကျွန်တော် တိရိစ္ဆာန်ရုံတစ်ခုလုံးကို သေချာစူးစမ်း ပြီးပြီ။ လှောင်အိမ်ထဲ ထည့်မထားခံရတာဆိုလို့ ကျီးကန်းပဲရှိတယ်ဗျ။ ကျွန်တော်တစ်ခါတစ်လေတွေးမိတယ်။ လောကမှာ အပျော်ဆုံးငှက်ဟာ ကျီးကန်းပဲဖြစ်မယ်လို့ပေါ့။

လွတ်လွတ်လပ်လပ် ပျံသန်းနေတဲ့ ကျီးကန်းတွေမြင်ရင် ကျွန်တော် အရမ်းအားကျ တယ်ဗျာ”လို့ ပြန်ပြောတယ်။ သင်ခန်းစာ – ကျွန်တော်တို့ဟာ တခါတလေ ကျွန်တော်တို့ကြုံတွေ့နေရတဲ့ ဘဝအခြေအနေနဲ့ ပြဿနာတွေအပေါ်မှာ မကျေမနပ်ဖြစ်ပြီး သူများဘဝတွေကို အားကျမိတတ်ကြတယ်။ တကယ်တော့ ဘယ်လိုဘဝမျိုးဖြစ်ဖြစ် လူတိုင်းမှာ အခက်အခဲတွေ ရှိနေတတ်ပါတယ်။ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ ကိုယ့်ဘဝကိုကိုယ် ကျေနပ်နိုင်သူသာ လောကမှာအပျော်ဆုံး လူသား ဖြစ်ပါလိမ့်မယ်။

crd

Add a Comment

Your email address will not be published. Required fields are marked *

nineteen − 4 =