





unicode

ရင့်ကျက်တဲ့ မမတော့ မဟုတ်ပေမယ့် ချစ်တတ် တဲ့ ကလေးမလေးပါ လို့ ဆိုလာ တဲ့ မင်းသမီးချောလေး ခန့်

ပရိသတ်ကြီးရေ……တက်သစ်စ သရုပ်ဆောင် တစ်ယောက်ဖြစ်ပေမယ့် အနုပညာအရည်အချင်း ပြည့်ဝတာကြောင့် ပရိသတ်အားပေးမှုကို အချိန်ခဏလေးအတွင်း ရရှိထားတဲ့ သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ခန့်ပဲဖြစ်ပါတယ်။ သူမဟာ Mrtv-4ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ အချစ်ဖွဲ့လေညင်းဇာတ်လမ်းတွဲလေးမှာ အတွင်းရေးမှူးမလေး ရှေးရေစက်အနေနဲ့ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး အောင်မြင်မှုရရှိလာတာဖြစ်ပါတယ်နော်။

ချစ်စရာအပြုံးချိုချိုလေးတွေအပြင် သိမ်မွေ့ငြင်သာတဲ့ အပြုအမူ လေးတွေပိုင်ဆိုင်ထားတဲ့ ခန့်ကို ပရိသတ်တွေက အချစ်ပိုပြီးရင်းပိုနေကြတာပါ….။ သူမဟာ အခုဆိုရင်လည်း အနုပညာလှုပ်ရှားမှုတွေကိုဆက်တိုက်ဆိုသလို လုပ်ဆောင်နေတာဖြစ်ပြီး အားလပ်ချိန်လေးတွေမှာလည်း tik tokဗီဒီယိုလေးတွေ ရိုက်လေ့ ရှိပါတယ်နော်။

မကြာသေးမီကတော့ ခန့်ဟာသူမရဲ့ Facebookစာမျက်နှာမှာ “ရင့်ကျက် တဲ့ မမတော့မဟုတ်ဘူး ချစ်တတ်တဲ့ ကလေးမ” ဆိုတဲ့ captionလေးနဲ့ သူမရဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။ ခန့်ဟာ ကလေးလေးတစ်ယောက်လို ဒန်းလေးစီးရင်း အသည်းယားစရာပို့စ်လေးတွေပေးနေတာပါနော်။ ကဲ……ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source-Khant’s Facebook page

Photo credit-Khant’s Facebook page

Add a Comment

Your email address will not be published. Required fields are marked *

14 + seven =