ဇနီးဖြစ်သူ ရဲ့ လုပ်ကြံခြင်း ကို ခံခဲ့ရတဲ့ ဦးမော့စ် နဲ့ တူတဲ့ လူရွှင်တော် ကိုတော့ပ်

ဇနီးဖြစ်သူ ရဲ့ လုပ်ကြံခြင်း ကို ခံခဲ့ရတဲ့ ဦးမော့စ် နဲ့ တူတဲ့ လူရွှင်တော် ကိုတော့ပ်

ဦးမော့စ်နဲ့တူတဲ့ ဟာသလူရွှင်တော် ကိုတော့ပ် အား အိပ်ပျော် နေစဉ် ဇနီးဖြစ်သူ မဝင်းအေးမှ ပွက်ပွက်ဆူနေတဲ့ ရေနွေးပူဖြင့် ရက်စက်စွာ လောင်းချပြီး ၁၀ရက်ကျော် ဆေးမကုပေးပဲထားရာ ပတ်ဝန်းကျင်မှ.သိရှိ သွားသော အနုပညာ ညီကိုမောင်နှမများ မှ 25.5.2020 monday 9.00 မှ ညောင်လေးပင်ပြည့်သူဆေးရုံးသို့ တင်ပေးခဲ့ပါသည် ဆေးကုဖို့လည်း အခက်ခဲဖြစ်နေတယ်လို့ သိရတယ်ဟာသလူရွှင်တော်ကိုတော့ပ်အား ဇနီးဖြစ်သူကရေနွေးပွက်ပွက်ဆူဖြင့် လောင်း၍ ယခု အခါ ရန်ကုန် ဆေးရုံကြီးတွင်ဆေးကုသမှု ခံယူနေရကြောင်း ဦးထွန်းနေဦးဖွဲ့စည်း သော မြန်မာ့စိတ်ရင်းအဖွဲ့က သိရသည်။

“ဖြစ်နေတာက ၁ဝ ရက်လောက် ရှိပြီလို့ သိရတယ်။ကျွန်တော်တို့က ဒီနေ့မှ သိတာကြောင့် သိသိချင်း သူနေတဲ့ ညောင်လေးပင်ဆေးရုံကနေ ရန်ကုန်ဆေးရုံကြီးကို တင်ပေးလိုက်တယ်။ ဆန်နှစ်ပြည်ချက် တဲ့အိုး နဲ့လောင်းတာလို့ သိရတယ်ခင်ဗျ၊ ကျွန်တော်တို့သူ့ကိုတွေ့တဲ့အခါ အနာက ပိုးဝင်နေတာမျိုး ဖြစ်နေတယ်။ ဒဏ်ရာတွေ ကတော့ လည်ပင်းတွေ၊မျက်နှာတွေ၊ကျောကုန်းတွေမှာ ရှိနေတာ တွေ့ရပါ တယ်။

လိုအပ်တာတွေကို မနက်ဖြန်မှာ သွားရောက်ကူညီထောက်ပံ့ သွားအုံးမှာ ဖြစ်ပါတယ်။အမှုနဲ့ပတ် သက်ပြီး သူရဲ့အမျိုးသမီး ကိုလည်းအရေးယူထားတယ်လို့ သိရပါတယ်ခင်ဗျ”ဟု မြန်မာ့စိတ်ရင်းအဖွဲ့ ၏ဒုဥက္ကဌ ကိုမိုးမာန်က ပြောသည်။

Credit Pyi Myanmar