ရယ်သောသူ အသက်ရှည် ၏ ဆိုတဲ့ စကားလေး နဲ့ TheVoiceMyanmar က အဖြစ်အပျက်လေးကို ရှင်းပြလာတဲ့ Rဇာနည်





unicode

ယခု သတင်းသည် Shwe Yaung Myanmar မှ ရေးသား ထားသော သတင်း ဖြစ်သည်။

အဆိုတော်Rဇာနည်တို့ဇနီးမောင်နှံနှစ်ယောက်ကတော့ အရမ်း ချစ်စရာကောင်းတဲ့ကလေးလေးတွေကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်စရာမိသားစု ဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။ သားလေးနှစ်ယောက်နဲ့သမီးငယ်လေးတို့က ရုပ်ချင်းလေးတွေဆင်ကြပြီး ချစ်မွှေးပါတဲ့ ကလေးလေးတွေဖြစ်လို့ အခုအရွယ်ကတည်းက လူချစ်လူခင်ပေါများနေကြတာဖြစ်ပါတယ်။

R ဇာနည်ကတော့ The Voice Myanmar ပြိုင်ပွဲ မှာ Coach တစ်ဦးအဖြစ်ပါဝင်ဆောင်ရွက်နေတာဖြစ်ပြီး ပြိုင်ပွဲဝင်ရဲခန့် ရဲ့ သီဆိုခဲ့တဲ့ သီချင်းနဲ့ ပတ်သတ်ကာ အငြင်းပွားခဲ့ကြတာပါ ဒီလို ပရိသတ်တွေကြားအငြင်းပွားနေမှုကို R ဇာနည်က ” ဒီသီချင်းက ကျွန်တော်အရင်ဆုံး စဆိုတာပါ မမီးမီးခဲနဲ့ ရုပ်ရှင်သီချင်းလေးပေါ့ ဒါရိုက်တာကြည်ဖြူသျှင်လည်းတင်ထားပါတယ် ပြီးမှ ဘိုဘိုနဲ့ ရတနာဦးပြန်ဆိုတာပါ ကျွန်တော်ကတော့ ပထမဆုံး ဆိုတဲ့သူပါ ” လို့ရှင်းပြလာခဲ့တာဖြစ်ပါတယ်

ကိုရဲခန့်က သူ့ကို Coach အဖြစ်ရွေးချယ်လိုက်ချိန်မှာ ဟက်ဟက်ပက်ပက် ရယ်မောဖြစ်ခဲ့တာကိုလည်း R ဇာနည်က “ရယ်သောသူ အသက်ရှည်၏ ဆိုတဲ့စကားလေးအတိုင်းပါပဲ ကျွန်တော်က အဲ့ဒီလိုပဲနေတတ်လိုပါ အားလုံးကိုလည်း ကျွန်တော့လိုပဲ ရယ်ရယ်မောမောပဲ နေစေချင်ပါတယ် ” လို့ပြောသွားခဲ့တာပါ ပရိသတ်ကြီးရေ R ဇာနည်ကတော့ The Voice Myanmar ကအဖြစ်အပျက်လေး အကြောင်း သေချာရှင်းပြသွားခဲ့တာပဲဖြစ်ပါတယ်နော် အားလုံးပဲအဆုံးထိ ဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ကြောင်းပြောလိုက်ပါရစေ

Add a Comment

Your email address will not be published. Required fields are marked *

6 + eleven =