Covid-19ေရာဂါ နဲ႔ ပတ္သက္ၿပီး ျပည္သူေတြ အတြက္သတင္းေကာင္းေလး တစ္ခုကိုေျပာျပလာတဲ့ ထူးအယ္လင္း

ျပည္သူခ်စ္အဆိုေတာ္တစ္ေယာက္ျဖစ္တဲ့ ထူးအယ္လင္း ကေတာ့ Covid-19ေရာဂါနဲ႔ပတ္သက္ၿပီးျပည္သူေတြအားလုံးစိတ္ခ်မ္းသာေစမည့္သတင္းေလးတစ္ပုဒ္ကို သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေနယခုလိုပဲေျပာျပထားခဲ့ပါတယ္။”ဒီေန႔ေတာ့ျမန္မာႏိုင္ငံအတြက္ မဂၤလာရွိတဲ့သတင္းပါ။ Corona Virus ပိုးဟာ လူမွာ လကၡဏာစတင္ျပသတဲ့အခ်ိန္ကေန ၁၁ ရက္ၾကာပီးတဲ့ေနာက္မွာတျခားလူတဦးကိုကူးစက္မႈလုံးဝမရွိႏိုင္ေတာ့ဘူးဆိုတာကို ႏိုင္ငံတကာပညာရွင္ေတြက အတည္ျပဳခဲ့ၾကတာပါပဲ။ သေဘာကေတာ့၁၁ ရက္ ေက်ာ္သြားခ်ိန္မွာ ပိုးစစ္ရင္ပိုးေတြ႕ႏိုင္ေသးေပမယ့္ အဲဒီပိုးဟာ တျခားလူကိုမကူးစက္ႏိုင္ေတာ့ပါဘူး။ ဒါေၾကာင့္ Q ဝင္ရမယ့္ရက္ကို ၁၄ ရက္ျပန္လည္ေလွ်ာ့ခ်ႏိုင္ခဲ့ပီျဖစ္ပါတယ္။ လက္ရွိျပည့္ညႇပ္ေနတဲ့ Q စင္တာေတြအေတာ္ေခ်ာင္သြားမွာျဖစ္သလို ေနာက္ထပ္ဝင္လာမယ့္သူေတြအတြက္လဲ အဆင္ေျပသြားပါမယ္။

ေျမျပင္ကပရဟိတသမားေတြနဲ႔ ေထြအုပ္ေတြအမတ္ေတြ က်န္းမာေရးဝန္ထမ္းေတြအေတာ္အဆင္ေျပသြားပါပီ။ေနာက္ထပ္အေရးႀကီးအခ်က္ကေတာ့ ပိုးေတြ႕လို႔ ေဆး႐ုံတက္ကုသေနရတဲ့လူနာေတြဟာ အရင္ကဆို Swab test ၂ခါ Negative ျဖစ္မွ ေဆး႐ုံက ေပးဆင္းပီးအိမ္မွာ ၇ ရက္ဆက္ Q ခိုင္းရပါတယ္။ အခုေတာ့ အဲဒီလိုမလိုေတာ့ပါဘူး။ ေရာဂါလကၡဏာျပသည့္ေန႔မွ၁၀ ရက္၊လကၡဏာေပ်ာက္ကင္းပီး ၄ ရက္ဆိုရင္ေဆး႐ုံကေပးဆင္းလို႔ရပါပီ။ သို႔ေပမယ့္ေဆး႐ုံမွာေတာ့ ၁၄ ရက္ေတာ့အနည္းဆုံးေနရမွာျဖစ္ပါတယ္။အကယ္လို႔လကၡဏာ မျပပဲပိုးေတြ႕တဲ့ Silent Carrier ဆိုရင္ေတာ့ ပိုးေတြ႕ပီး ၁၄ ရက္ေနရင္ အိမ္ျပန္လို႔ရပါပီ။ အရင္ကလို Negative ၂ ခါ မထြက္မခ်င္းအႀကိမ္ႀကိမ္ ႏွာေခါင္းကိုထိုးပီးတို႔ဖတ္နမူနာရယူဖို႔ မလိုေတာ့သလို က်န္းမာေရးဘက္ကလဲ Negative ၂ ခါ မရမခ်င္းေဆး႐ုံ မွာလနဲ႔ခ်ီပီး ကုသဖို႔မလိုေတာ့ပါဘူး။

လူနာဘက္ေကာဓာတ္ခြဲရတဲ့ဘက္ကေကာ က်န္းမာေရးဝန္ထမ္းေတြ ဘက္ကေကာ အလြန္ကိုသက္သာရာရေစမယ့္ေျပာင္းလဲမႈႀကီးေတြပါ။ ဒီအခ်က္ေတြဟာလက္ရွိ ထိန္းခ်ဳပ္ေနရတဲ့ေရာဂါျပန႔္ပြားမႈကို တားဆီးရာမွာအသာစီးရသြားေစမယ့္အခ်က္ေတြမို႔ ျပည္သူေတြအတြက္ အလြန္ဝမ္းေျမာက္ရမယ့္အေနအထားပါပဲ”ဆိုၿပီး ေဖာ္ျပထားခဲ့တာျဖစ္ပါတယ္။ဒါ့အျပင္Covid-19ေရာဂါရဲ႕ကူးစက္မႈဟာပိုမိုျမင့္တက္ေနတာေၾကာင့္ မေပါ့ဆၾကဖို႔လည္း” ဂ႐ုေတာ့စိုက္ၾကအုံးေနာ္မေပါ့သင့္ဘူး ကူးစက္မႈကတကယ္ဆယ္စျမန္တယ္ ။သို႔ေပမယ့္ ကူးစက္မႈျမန္ေလ ေရာဂါအေျခအေနေလ်ာ့ေလ လို႔ေတာ့ နားဗဟုသုတအေနနဲ႔ၾကားခဲ့ဘူးပါတယ္။ ေသတယ္ဆိုတာကေပါ့ဆလို႔ပါ ။ ဒါေၾကာင့္မခံစားခ်င္ရင္ မေပါ့ဆတာေတာ့အေကာင္းဆုံးပါပဲေရာင္းရင္းတို႔”ဆိုၿပီးေျပာျပထားခဲ့ပါေသးတယ္။

Source:Htoo El Lynn

unicode

ပြည်သူချစ်အဆိုတော်တစ်ယောက်ဖြစ်တဲ့ ထူးအယ်လင်း ကတော့ Covid-19ရောဂါနဲ့ပတ်သက်ပြီးပြည်သူတွေအားလုံးစိတ်ချမ်းသာစေမည့်သတင်းလေးတစ်ပုဒ်ကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေယခုလိုပဲပြောပြထားခဲ့ပါတယ်။”ဒီနေ့တော့မြန်မာနိုင်ငံအတွက် မင်္ဂလာရှိတဲ့သတင်းပါ။ Corona Virus ပိုးဟာ လူမှာ လက္ခဏာစတင်ပြသတဲ့အချိန်ကနေ ၁၁ ရက်ကြာပီးတဲ့နောက်မှာတခြားလူတဦးကိုကူးစက်မှုလုံးဝမရှိနိုင်တော့ဘူးဆိုတာကို နိုင်ငံတကာပညာရှင်တွေက အတည်ပြုခဲ့ကြတာပါပဲ။ သဘောကတော့၁၁ ရက် ကျော်သွားချိန်မှာ ပိုးစစ်ရင်ပိုးတွေ့နိုင်သေးပေမယ့် အဲဒီပိုးဟာ တခြားလူကိုမကူးစက်နိုင်တော့ပါဘူး။ ဒါကြောင့် Q ဝင်ရမယ့်ရက်ကို ၁၄ ရက်ပြန်လည်လျှော့ချနိုင်ခဲ့ပီဖြစ်ပါတယ်။ လက်ရှိပြည့်ညှပ်နေတဲ့ Q စင်တာတွေအတော်ချောင်သွားမှာဖြစ်သလို နောက်ထပ်ဝင်လာမယ့်သူတွေအတွက်လဲ အဆင်ပြေသွားပါမယ်။

မြေပြင်ကပရဟိတသမားတွေနဲ့ ထွေအုပ်တွေအမတ်တွေ ကျန်းမာရေးဝန်ထမ်းတွေအတော်အဆင်ပြေသွားပါပီ။နောက်ထပ်အရေးကြီးအချက်ကတော့ ပိုးတွေ့လို့ ဆေးရုံတက်ကုသနေရတဲ့လူနာတွေဟာ အရင်ကဆို Swab test ၂ခါ Negative ဖြစ်မှ ဆေးရုံက ပေးဆင်းပီးအိမ်မှာ ၇ ရက်ဆက် Q ခိုင်းရပါတယ်။ အခုတော့ အဲဒီလိုမလိုတော့ပါဘူး။ ရောဂါလက္ခဏာပြသည့်နေ့မှ၁၀ ရက်၊လက္ခဏာပျောက်ကင်းပီး ၄ ရက်ဆိုရင်ဆေးရုံကပေးဆင်းလို့ရပါပီ။ သို့ပေမယ့်ဆေးရုံမှာတော့ ၁၄ ရက်တော့အနည်းဆုံးနေရမှာဖြစ်ပါတယ်။အကယ်လို့လက္ခဏာ မပြပဲပိုးတွေ့တဲ့ Silent Carrier ဆိုရင်တော့ ပိုးတွေ့ပီး ၁၄ ရက်နေရင် အိမ်ပြန်လို့ရပါပီ။ အရင်ကလို Negative ၂ ခါ မထွက်မချင်းအကြိမ်ကြိမ် နှာခေါင်းကိုထိုးပီးတို့ဖတ်နမူနာရယူဖို့ မလိုတော့သလို ကျန်းမာရေးဘက်ကလဲ Negative ၂ ခါ မရမချင်းဆေးရုံ မှာလနဲ့ချီပီး ကုသဖို့မလိုတော့ပါဘူး။

လူနာဘက်ကောဓာတ်ခွဲရတဲ့ဘက်ကကော ကျန်းမာရေးဝန်ထမ်းတွေ ဘက်ကကော အလွန်ကိုသက်သာရာရစေမယ့်ပြောင်းလဲမှုကြီးတွေပါ။ ဒီအချက်တွေဟာလက်ရှိ ထိန်းချုပ်နေရတဲ့ရောဂါပြန့်ပွားမှုကို တားဆီးရာမှာအသာစီးရသွားစေမယ့်အချက်တွေမို့ ပြည်သူတွေအတွက် အလွန်ဝမ်းမြောက်ရမယ့်အနေအထားပါပဲ”ဆိုပြီး ဖော်ပြထားခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်Covid-19ရောဂါရဲ့ကူးစက်မှုဟာပိုမိုမြင့်တက်နေတာကြောင့် မပေါ့ဆကြဖို့လည်း” ဂရုတော့စိုက်ကြအုံးနော်မပေါ့သင့်ဘူး ကူးစက်မှုကတကယ်ဆယ်စမြန်တယ် ။သို့ပေမယ့် ကူးစက်မှုမြန်လေ ရောဂါအခြေအနေလျော့လေ လို့တော့ နားဗဟုသုတအနေနဲ့ကြားခဲ့ဘူးပါတယ်။ သေတယ်ဆိုတာကပေါ့ဆလို့ပါ ။ ဒါကြောင့်မခံစားချင်ရင် မပေါ့ဆတာတော့အကောင်းဆုံးပါပဲရောင်းရင်းတို့”ဆိုပြီးပြောပြထားခဲ့ပါသေးတယ်။

Source:Htoo El Lynn

Add a Comment

Your email address will not be published. Required fields are marked *

13 + fifteen =