ချစ်သူသက်တမ်း(၁)နှစ်ပြည့်တဲ့နေ့လေးမှာ ချစ်သူလေးဆီမှ တန်ဖိုးကြီးလက်ဝတ်ရတနာတွေလက်ဆောင်ရရှိခဲ့တဲ့ “ထက်ထက်ထွန်း”

Posted on

ပရိတ်သတ်ကြီးရေ….Miss Universe Myanmar 2016 ဆုရှင် ထက်ထက်ထွန်းကတော့ မော်ဒယ်လ် သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲမှာ ရပ်တည်နေသူတစ်ယောက်ပဲဖြစ်တဲ့အပြင် ရုပ်ရှင်ဇာတ်ကား ပေါင်းများစွာကိုရိုက်ကူးထားတဲ့အပြင် အစီအစဉ်တင်ဆက်သူတဟ်ယောက်အဖြစ်လည်း အနုပညာလမ်းကြောင်းပေါ်မြှအောင်မြင်စွာနဲ့လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်နော်..။ထက်ထက်ထွန်းက မော်ဒယ်လ်တစ်ယောက်အပြင် စီးပွားရေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်နေတာဖြစ်ပြီး သူမရဲ့ချစ်သူ နဲ့အတူတူ Lwin Moe & Htet Htet Htun ဆိုပြီး ဖုန်းဆိုင်ကြီးကိုလည်း ဖွင့်လှစ်ထားသူတစ်ယောက်ပဲဖြစ်ပါတယ်။

အဲ့ဒါကြောင့်ပဲ ထက်ထက်ထွန်းဟာ နောက်ပိုင်းမှာ အနုပညာအလုပ်တွေထက် စီးပွားရေးအလုပ်တွေကို ပိုမိုအချိန်ပေးလုပ်ကိုင်ဖြစ်နေလျက်ရှိတာပဲဖြစ်ပါတယ်။ဒီကနေ့ ဇူလိုင်လ (၃၀) ရက်နေ့ကတော့ ထက်ထက်ထွန်းတို့ ချစ်သူနှစ်ယောက်ရဲ့ ချစ်သူသက်တမ်း (၁) နှစ်ပြည့်နေ့လေးပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ချစ်သူသက်တမ်း(၁)နှစ်ပြည့်တဲ့နေ့လေးမှာ ထက်ထက်ထွန်း ရဲ့ ချစ်သူကိုလွင်မိုးက ပုလဲနဲ့စိန် စီခြယ်ထားတဲ့ လော့ကတ်လေးနဲ့ လက်စွပ်လေးကို Anniversary အမှတ်တရအဖြစ် လက်ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်နော်။

ထက်ထက်ထွန်းတို့ ချစ်သူနှစ်ယောက်ကတော့ သာမာန်သမီးရည်းစားတွေလိုမဟုတ်ပဲ စီးပွားလည်း အတူတူရှာရင်း ဘဝတိုးတက်ရေးကို ကြိုးစားရှာဖွေနေတဲ့ စုံတွဲလေးပဲဖြစ်ပါတယ်။ ထက်ထက်ထွန်းတို့ ချစ်သူနှစ်ယောက် ချစ်သူသက်တမ်း (၁) နှစ်ပြည့်မှသည် နောက်နှစ်တွေများစွာတိုင် အခုလိုပဲ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။မဂ်လာသတင်းလေးကိုလည်း အမြန်ဆုံးကြားရပါစေလို့ထပ်မံပြီးဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Source: Lwin Moe’s fb

zzawgyi




Source: Lwin Moe’s fb