ဒီအဖြစ်အပျက်က အပြင်မှာ တကယ်ဖြစ် သွား ခဲ့တာပါ …။

ဒီအဖြစ်အပျက်က အပြင်မှာ တကယ်ဖြစ် သွား ခဲ့တာပါ …။

မိသားစု အတွက်အများကြီး ဒုက္ခခံစွန့်လွှတ်ပေး ခဲ့တဲ့ ဖခင်တစ်ယောက် ရဲ့ နောက်ဆုံး မီးစာကုန်ရေခမ်းတဲ့ အချိန်လေးပေါ့…

သားနှစ်ယောက်မွေး ထားခဲ့တယ်….ဇနီးသည်ကွယ်လွန်ခဲ့ပြီး အသက်အရွယ်အိုမင်းမစွမ်း ဖခင်ကြီးဟာ….လေဖြတ်ပြီး ကိုယ်မှာအရေပြားရောဂါ စွဲကပ်ခဲ့တယ်….

တစ်နေ့အိမ်မှာသား တစ်ယောက် ရဲ့ မင်္ဂလာဧည့်ခံပွဲဖြစ်တော့ ဖခင် လူမမာကြီးကို ပွဲထုတ်ရမှာရှက်လို့ဆိုပြီး… အခန်းတစ်ခန်းထဲမှာ ချောင်ပိတ်ပြီးသော့ခတ် ထားကြတယ်….

အလုပ်သမားကို စောင့်ကြည့်ဖို့ တာဝန်ပေးပြီး သော့ကိုပါအပ်ခဲ့တယ်…မင်္ဂလာပွဲပြီးတော့ ဟန်းနီးမွန်းခရီးနှစ်လ၊သုံးလထွက်မယ်ဆိုပြီး ဖခင်ကိုအလုပ်သမား လက်ထဲမှာ စွန့်ပစ်ခဲ့တယ်….

တစ်ရက်အလုပ်သမားက ဖခင်လူမမာ အတွက် လိုအပ်တာ’တွေဝယ်ခြမ်းဖို့ အိမ်တံခါးသောခတ်ပြီး ထွက်ခဲ့တယ်…

မထင်မှတ်ပဲ ရုတ်တရက်လမ်းမှာ မတော်တဆမှုတစ်ခုကြောင့် အလုပ်သမားဟာ သေဆုံး သွားခဲ့ရတယ်….အိမ်တံခါးခတ်ခဲ့တော့ သော့ဟာလည်းသူ့ဆီမှာ….

သုံးလကြာတော့…သားသမီးတွေ ခရီးကပြန်ရောက်လာတာပေါ့….အိမ်ရောက်တော့ တံခါးကသော့ခတ် လျက်သား…ပတ်ဝန်းကျင်ကို‌ အလုပ်သမားနဲ့ပတ်သတ်ပြီးမေးမြန်းတော့ ဘာသတင်းမှမရ….

နောက်ဆုံး အိမ်တံခါး ကိုချိုးဖျက်ပြီး အထဲဝင်ပြီး ဖခင်အခန်းကို ဖွင့်လိုက်တဲ့အခါမှာ ပုံပါအတိုင်းအနံ့သက်ဆိုးတွေနဲ့ ပုတ်ပွပြီး ….

အရိုးပေါ်အရေတင်မြင် မကောင်းအောင်ဖြစ်နေတဲ့ မွေ့ယာပေါ်က ဖခင်ကြီးရဲ့ အသက်မဲ့ခန္ဓာကိုယ်ကြီးကို မြင်လိုက်ကြရတယ်…..😔

သားသမီးတွေအတွက် ပညာရေး၊စီးပွားရေး အလုံးစုံကို ဘဝနဲ့ရင်းပြီးကြိုးပမ်းပေးခဲ့တဲ့….ဖခင်ကြီးရဲ့ အသက်ဝိဉာဉ် ပြည်ဖုံးကားချတဲ့အချိန်ကအင်မတန်ကိုအထီးကျန်ခဲ့တယ်…

်ကူမဲ့သူကယ်မဲ့သူမရှိပဲလောကကြီးကနှုတ်ဆက် ခဲ့ရတယ်…..နာမကျန်းဖြစ်နေတဲ့ မိဘတွေကို တန်ဖိုးထားကြစေလိုရန် ပညာပေးပိုစ့်လေးတစ်ခုအနေနဲ့…

India media တစ်ခုကဖြစ်ရပ်မှန်အကြောင်းလေးကို ဘာသာပြန်တင်ဆက်လိုက်ပါတယ်….

မိဘကိုတန်ဖိုးထားတတ်ကြပါစေ…..။#credit

Add a Comment

Your email address will not be published. Required fields are marked *

five − 2 =