





crd : panpyoelat

unicode

အမေ ထမင်းမချက် ရတာ ( ၂) ရက်ရှိ ပါပြီ သားတို့ ရယ်တဲ့

ဒီနေ့ ဖုန်းဆက်ပီး အကူအညီတောင်း လာတဲ့ Call များပေါင်းများစွာထဲက အမေအိုရဲ့စကားသံတွေက ရင်ထဲကိုတော်တော် ထိမှန်စေခဲ့တယ်။ထမင်းမချက်ရတာ (၂) ရက်ရှိပြီဆိုလို့ စိတ်ထဲအတော်မကောင်းခဲ့ဘူး။ ဖုန်းဝင်တာနဲ့ ချက်ချင်းပဲ အဖွဲ့ကအမတစ်ယောက်ကား အကူအညီနဲ့ စားနပ်ရိက္ခာထုပ် တင်ပြီး လှိုင်သာယာ ဘက် ထွက်ခဲ့ကြတယ်။ ပုံမှန်ဆို ဒီနေ့ဖုန်းအဝင်စာရင်းက နောက်ရက်မှ ကျွန်တော်တို့ကူကြတာလေ

အဖွားဆီရောက်တယ်ဆိုရင်ပဲ ယိုင်နဲ့နဲ့ အိမ်လေးမှာ တစ်ယောက် တည်းနေတာတဲ့နေမကောင်းဖြစ်နေတာလည်း ကြာပါပြီ။ မနက်ဖြန် ဆေးခန်းပြဖို့ ရက်ချိန်းလည်းပြည့်ပြီမို့ ပိုက်ဆံ လိုက်ချေးတာ ဘယ်မှာမှချေးလို့မရပါဘူး သားတို့ရယ်တဲ့

အရင်ကဆို ဘုရားကျောင်း တက်ရင် ထောက်ပံ့ကြေးလေးရတော့ အတော်အဆင်ပြေ ပါတယ်။ အခု ဘုရားကျောင်းတွေလည်းပိတ်ထားရတော့ အမေကြီး ဒုက္ခရောက်နေ လို့ အခုလို လာကူညီပေးကြတာ ကျေးဇူးတင်ပါတယ် သားတို့ရယ်ဆိုပြီး မျက်ရည်တွေဝဲပြီး ပြောရှာတယ်။

ကျွန်တော်တို့ရဲ့ ပုံမှန်ကူနေကြ လိုရင်ခေါ်ပါစားနပ် ရိက္ခာထုပ်လေးအပြင် ပါလာတဲ့ ပိုက်ဆံထဲက (၃) သောင်းကျပ် ကို ဆေးကုသစားရိတ် အဖြစ်ကူခဲ့ပါသေးတယ်။ ဒီနေ့ပြုရတဲ့ ဒါနကုသိုလ်အစုစုကြောင့် သက်ရှိအယောက် စီတိုင်း နေဝင်ဆည်းဆာတွေ လှပဖို့ တောင်းဆုပြုပါရစေ။

Add a Comment

Your email address will not be published. Required fields are marked *

1 × five =