unicode
နိုင်ငံခြားသူလေး တစ်ယောက်လို အလန်းစားကကွက်တွေ နဲ့ အိမ်မှာနေရင်း ကပြခဲ့တဲ့ ဖြူဖြူထွေး ရဲ့ ဗီဒီယို
အမြဲတမ်း ပြုံးနေတတ်ပြီး ပျော်ပျော်နေတတ်တဲ့ ဖြူဖြူထွေးက သူမရဲ့ ရိုးသားပွင့်လင်းတဲ့ ဟန်ပန်အမူအယာ လေးကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေးကလည်း တစ်နေ့တစ်ခြား ကြီးမားလာတဲ့ သူမရဲ့အောင်မြင်မှုအပေါ်ကို ထောင်လွှားမောက်မာခြင်းမရှိပဲ အရင်က ပုံစံလေးအတိိုင်းပဲ ချစ်စရာကောင်းစွာနဲ့ နေနေတာပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် လည်း ပရိသတ်တွေကြားမှာ ဖြူဖြူထွေးရယ်လို့ ကောင်းသတင်းမွှေးနေရတာပဲ ဖြစ်ပါတယ်။
Tik Tok ဗီဒီယိုလေးတွေကြောင့်လည်း နာမည်ကြီး လာရတဲ့ ဖြူဖြူထွေးက လက်ရှိမှာတော့ ကြော်ငြာတွေကို လက်မလည်အောင် ရိုက်ကူးနေရတာမို့ ပရိသတ်တွေအတွက် အရင်လို ဗီဒီယိုတွေအများကြီး တင်မပေးနိုင်တော့တာကို တွေ့ရပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ ဖြူဖြူထွေးက နိုင်ငံခြားသူလေး တစ်ယောက်လို အလန်းစားကကွက်တွေနဲ့ အိမ်မှာနေရင်းကပြခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။
ဖြူဖြူထွေးရဲ့ အက စွမ်းရည်တွေကတော့ အရင်က ထက်တောင် အများကြီးတိုးတက်လာသေးတယ်နော်။ ပရိသတ်ကြီးလည်း ဖြူဖြူထွေးရဲ့ အမိုက်စားကကွက်တွေနဲ့ ဗီဒီယိုလေးကို သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Phyu Phyu Htwe’s fb
Bilie – Cele Connections
Add a Comment
Your email address will not be published. Required fields are marked *
one × 2 =