Hip Hop လောကတစ်ခုမှာ ပရိတ်သတ်တွေ အားပေး ချစ်ခင်မှုအပြည့်နဲ့ နာမည်ကြီးပြီး နေရာရခဲ့တဲ့ အဆိုတော် လွှမ်းပိုင်နဲ့ Bobby Soxer တို့ကတော့ ယခုအချိန်ထိ အောင်မြင်မှု များစွာကို ရရှိပိုင်ဆိုင်ထားသူတွေပဲ ဖြစ်ပါတယ်။ အဆိုတော် လွှမ်းပိုင်ကတော့ သီချင်းတွေ သီဆိုတဲ့အပြင် သရုပ်ဆောင်ဘက်ကိုပါ ကူးပြောင်း လာခဲ့ကာ သရုပ်ဆောင် ပီပြင်မှုတွေကြောင့် ပရိတ်သတ် အားပေးရတဲ့ နေရာ တစ်ခုမှာ ရှိနေတာပဲ ဖြစ်ပါတယ်။
အဆိုတော် Bobby Soxer ကတော့ သူမနှစ်သက်တဲ့ သီချင်းတွေ ကိုပဲ သီဆိုနေကာ ပရိတ်သတ်တွေရဲ့ အချစ်ကို ရယူထားသူပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ဘက် ကိုတော့ သူမကိုယ်တိုင်ကလည်း စိတ်မဝင်စားတာကြောင့် မလုပ်ဖြစ်တာဖြစ်ပြီး သူမချစ်ရတဲ့ လွမ်းပိုင်ကိုတော့ အမြဲတမ်း အနောက်ကနေ Support ပေးနေပါတယ် လို့ ပြောပြခဲ့ဖူးပါတယ်။ သူတို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်းကတော့ ၁၀နှစ်နီးပါး ရှိသွားခဲ့ပြီဖြစ်ပြီး ယခုအချိန်ထိ တစ်ယောက်အပေါ် တစ်ယောက် နားလည်ကာ ချစ်ကြသူတွေမို့ ပရိတ်သတ်တွေက အားကျနေရတာပဲ ဖြစ်ပါတယ်။
ခေတ်လူငယ်တစ်ယောက်ပီပီ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးသာ နေထိုင်တတ်တဲ့ Bobby Soxer ဟာ သူမရဲ့ လူငယ်ဘဝမှာ တက်တူးတစ်ခု ကိုလည်း ထိုးခဲ့ပြီပဲဖြစ်ပါတယ်။ Bobby Soxer က သူမရဲ့ ရင်ဘတ်အပေါ်မှာ အသည်းပုံတက်တူးသေးသေးလေးထိုးခဲ့တဲ့ ပုံရိပ်တွေကို သူမရဲ့ ပရိသတ်တွေဆီ အင်စတာဂရမ်စာမျက်နှာကနေတဆင့် ပြသလာခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။ Bobby Soxer ကတော့ သူမဘဝရဲ့ ပထမဦးဆုံးတက်တူးကို အသက် (၂၉) နှစ်အရွယ်ရောက်မှ ထိုးဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ ဒီခေတ်လူငယ်နီးပါးတိုင်းမှာ တက်တူးတစ်ခုစီ အနည်းဆုံးရှိတာမို့ ပရိသတ်ကြီး ကလည်း Bobby Soxer ကို ချစ်တဲ့မျက်စိလေးနဲ့ ကြည့်ပေးကြပါလို့ တောင်းဆိုပါရစေနော်။
Source: Bobby Soxer’s fb
zawgyi
Hip Hop ေလာကတစ္ခုမွာ ပရိတ္သတ္ေတြ အားေပး ခ်စ္ခင္မႈအျပည့္နဲ႔ နာမည္ႀကီးၿပီး ေနရာရခဲ့တဲ့ အဆိုေတာ္ လႊမ္းပိုင္နဲ႔ Bobby Soxer တို႔ကေတာ့ ယခုအခ်ိန္ထိ ေအာင္ျမင္မႈ မ်ားစြာကို ရရွိပိုင္ဆိုင္ထားသူေတြပဲ ျဖစ္ပါတယ္။ အဆိုေတာ္ လႊမ္းပိုင္ကေတာ့ သီခ်င္းေတြ သီဆိုတဲ့အျပင္ သ႐ုပ္ေဆာင္ဘက္ကိုပါ ကူးေျပာင္း လာခဲ့ကာ သ႐ုပ္ေဆာင္ ပီျပင္မႈေတြေၾကာင့္ ပရိတ္သတ္ အားေပးရတဲ့ ေနရာတစ္ခုမွာ ရွိေနတာပဲ ျဖစ္ပါတယ္။
အဆိုေတာ္ Bobby Soxer ကေတာ့ သူမႏွစ္သက္တဲ့ သီခ်င္းေတြ ကိုပဲ သီဆိုေနကာ ပရိတ္သတ္ေတြရဲ႕ အခ်စ္ကို ရယူထားသူပဲ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ဘက္ ကိုေတာ့ သူမကိုယ္တိုင္ကလည္း စိတ္မဝင္စားတာေၾကာင့္ မလုပ္ျဖစ္တာျဖစ္ၿပီး သူမခ်စ္ရတဲ့ လြမ္းပိုင္ကိုေတာ့ အၿမဲတမ္း အေနာက္ကေန Support ေပးေနပါတယ္ လို႔ ေျပာျပခဲ့ဖူးပါတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕ ခ်စ္သူသက္တမ္းကေတာ့ ၁၀ႏွစ္နီးပါး ရွိသြားခဲ့ၿပီျဖစ္ၿပီး ယခုအခ်ိန္ထိ တစ္ေယာက္အေပၚ တစ္ေယာက္ နားလည္ကာ ခ်စ္ၾကသူေတြမို႔ ပရိတ္သတ္ေတြက အားက်ေနရတာပဲ ျဖစ္ပါတယ္။
ေခတ္လူငယ္တစ္ေယာက္ပီပီ လြတ္လြတ္လပ္လပ္ေပါ့ေပါ့ပါးပါးသာ ေနထိုင္တတ္တဲ့ Bobby Soxer ဟာ သူမရဲ႕ လူငယ္ဘဝမွာ တက္တူးတစ္ခု ကိုလည္း ထိုးခဲ့ၿပီပဲျဖစ္ပါတယ္။ Bobby Soxer က သူမရဲ႕ ရင္ဘတ္အေပၚမွာ အသည္းပုံတက္တူးေသးေသးေလးထိုးခဲ့တဲ့ ပုံရိပ္ေတြကို သူမရဲ႕ ပရိသတ္ေတြဆီ အင္စတာဂရမ္စာမ်က္ႏွာကေနတဆင့္ ျပသလာခဲ့တာကို အခုလိုမ်ိဳးပဲ ေတြ႕ရပါတယ္။ Bobby Soxer ကေတာ့ သူမဘဝရဲ႕ ပထမဦးဆုံးတက္တူးကို အသက္ (၂၉) ႏွစ္အ႐ြယ္ေရာက္မွ ထိုးျဖစ္ခဲ့တာပဲျဖစ္ပါတယ္။ ဒီေခတ္လူငယ္နီးပါးတိုင္းမွာ တက္တူးတစ္ခုစီ အနည္းဆုံးရွိတာမို႔ ပရိသတ္ႀကီး ကလည္း Bobby Soxer ကို ခ်စ္တဲ့မ်က္စိေလးနဲ႔ ၾကည့္ေပးၾကပါလို႔ ေတာင္းဆိုပါရေစေနာ္။
Source: Bobby Soxer’s fb